.

.

.

September 13, 2011

နုမ်လန်ကျေးရွာတွင် တိုက်ပွဲဖြစ်

(တပ်ကအသုံးပြုလေ့ရှိတဲ့ ရုရှားလုပ် mi – 17)

မနေ့က စက်တင်ဘာလ (၁၂) နေ့ နံနက် (၁၁) နာရီဝန်းကျင်တွင် ကချင်ပြည်နယ် နုမ်လန်ကျေးရွာမှာ K.I.A ပြည်သူ့တပ်ဖွဲ့ဖြစ်တဲ့ (MHH) နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နီးစပ်သူများမှ သိရှိရပါတယ်။ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို ဆက်လက်စုံစမ်းလျက်ရှိနေပါတယ်။

စက်တင်ဘာလ (၁၁) ရက်နေ့ကလည်း နေ့လည် ၁၂း ၃၀ နာရီဝန်းကျင်တွင် K.I.A ရဲ့ ဌာနချုပ်ဟောင်းဖြစ်တဲ့ ပါဂျောင် နဖော့ ( Pa Jau Na Hpaw) မှာအခြေချထားတဲ့ စစ်တပ်မှ တပ်များကို ရဟတ်ယာဉ် ( Helicoptar ) ဖြင့် ဆန်၊ ဆီ၊ ဆား ၊ စသည့် စစ်ရိက္ခာများကိုပို့ပေးခဲ့ကြောင်း K.I.A နှင့် နီးစပ်သူမှ သတင်းပေးပို့လာပါတယ်။ ဒီလိုစစ်အစိုးရဘက်က ရဟတ်ယာဉ်ဖြင့် စစ်ရိက္ခာတွေ ပို့ပေးရတဲ့ အကြောင်းရင်းကတော့ မြေပြင်တွင် တပ်ရိက္ခာပို့တဲ့အချိန်မှာ K.I.A Sniper တပ်ဖွဲ့များက လမ်းမှာ စစ်နည်းဗျူဟာအရ ခြုံခိုဝင်တိုက်၊ ဖြတ်တောက်လေ့ရှိကြောင်း၊ စစ်တပ်တို့ဟာရိက္ခာများကို ပါဂျောင်နဖော့ တောင်ကနေဆင်းပြီး သွားသယ်ယူရလေ့ရှိကြောင်း၊ ယင်းရိက္ခာသွားသယ်တဲ့လမ်းမှာ K.I.A Sniper တပ်ဖွဲ့က တိုက်ခိုက်လေ့ရှိလို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဇိုင်ဝါး (ဇီး) ကျေးရွာမှာ တိုက်ပွဲဖြစ်

လွန်ခဲ့တဲ့ စက်တင်ဘာလ (၉) ရက် နေ့ကလည်း ကချင်ပြည်နယ် လိုင်ဇာဘက် သွားတဲ့လမ်း နမ်ဆန်ယာန် အနီးမှာရှိတဲ့ ဇိုင်ဝါး (ဇီး) ကျေးရွာမှာ K.I.A တပ်ရင်း (၁၈) နှင့် ကချင်ပြည်သူ့စစ် တို့ပေါင်းပြီး စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ နေ့လည် (၂) နာရီက စတင်ခဲ့ပြီး အချိန်နာရီပေါင်း (၅) နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ကျေးရွာရှိ မျက်မြင် ရွာသားများရဲ့ သတင်းပေးပို့ချက်အရ အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်မှ စစ်သား (၂) ဦးကိုအရှင် ဖမ်းမိခဲ့ကြောင်းဆက်လက် သိရှိရပါတယ်။

0 ယောက်က ဒီလို ထင်တယ်။:

လူကြိုက်များ