ရှေ့တန်းတနေရာမှ K.I.A စစ်သည်များ
K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာ အနီးတွင် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) နှင့် စစ်တပ်တို့အကြား စက်တင်ဘာလ (၉) ရက် ၂၀၁၁ မနက်အာရုဏ်တက် ၅း ၀၀ နာရီ မှ ၆း ၀၀ နာရီ အထိ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ (၃) ဦး ဒဏ်ရာရရှိကြောင်း ၊၎င်းကျေးရွာနှင့် နီးစပ်သူ ကသတင်းပေးပို့လာပါတယ်။
အလားတူ K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၈) နှင့် စစ်တပ် တို့ အကြား စက်တင်ဘာလ (၉) ရက် ၂၀၁၁ ညနေပိုင်း ၆း ၀၀ ဝန်းကျင်တွင် ကချင်ပြည်နယ် နမ်ဆန်ယာန် ကျေးရွာအနီးရှိ ခါလာ ( Hkala )၊ ဒွမ်ဘန်တောင် ( Dumbang ) တွင် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရှိရပါတယ်။ အဲ့ဒီဧရိယာအတွင်းမှာပင် K.I.A တပ်မဟာ (၅) အဖွဲ့နှင့် စစ်တပ်ဘက်မှ အမှတ် (၁၄၁) ခြေမြန်တပ်ရင်း တို့အကြား ရှဒန်ပါ (Shadan Pa )၊ ခအူ ( Hka-u )နှင့် ဂျာအိန်ယာန် (Ja-ing Yang) အကြားရှိ နမ်ဖါ (Nam Hpa) ကျေးရွာအနီးတွင် ညနေပိုင်း ၅း ၃၀ နာရီ မှ ၇း ၁၅ နာရီ အထိ တိုက်ပွဲပြင်းထန်နေ ကြောင်းသိရှိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေရဲ့ နှစ်ဖက်စလုံးမှထိခိုက်ဒဏ်ရာရ ကျဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။
တဆက်တည်းမှာပင် K.I.A တပ်ရင်း (၁၇) (၂) နှင့် စစ်တပ်ဘက်မှ အမှတ် (၁၄၁)ခြေမြန်တပ်ရင်း တို့ အကြား K.I.A တပ်မဟာ (၄) နယ်မြေဖြစ်တဲ့ မုန်ယာ (Mung Ya) ကျေးရွာအရှေ့ဘက် လွယ်ဂျော် တောင် ( Loi Jaw ) တွင် စက်တင်ဘာလ (၉) ရက် ၂၀၁၁ မနက်ပိုင်း ၉း ၀၀ ဝန်းကျင်းမှာ တကြိမ် ၊ နေ့လည်ပိုင်း ၁း ၀၀ နာရီ မှာ တစ်ကြိမ်၊ ညနေပိုင် ၃း ၀၀ ကနေ ၅း ၀၀ နာရီ အထိ တစ်ကြိမ် ဆက်တိုက် သုံးကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် K.I.A ဘက်မှ စစ်သား (၁) ထိခိုက် ဒဏ်ရာရရှိကြောင်း နှင့် စစ်တပ်ဘက်မှ သေကျေမှုနှင့် ထိခိုက်ဒဏ်ရာရမှုကို မသိရသေးကြောင်း တိုက်ပွဲနှင့် နီးစပ်သူများမှ သတင်းရရှိပါတယ်။









0 ယောက်က ဒီလို ထင်တယ်။:
Post a Comment