.

.

.

July 10, 2011

စစ်တပ်မှ အမြောက်ကြီးတွေနဲ့ ကေအိုင်အေကို ပစ်ခတ်အသုံးပြုနေပြီ

အိန္ဒိယနိုင်ငံလုပ် ၁၀၅ မမ များ

စစ်တပ်ရဲ့ ထုံးစံအတိုင်း တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်လို့မနိုင်ပါက အမြောက်ကြီးများကို ဖိနှိပ်လိုသော စိတ်ထားဖြင့် စတင် အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က စစ်ဖက်နီးစပ်သူများရဲ့ သုံးသပ်ချက် တင်ပြထားခဲ့တဲ့အတိုင်း အမြောက်ကြီးများနဲ့ လက်နက်ကြီးများကို မကြာမီအသုံးပြုဖွယ် ရှိလာနိုင်လို့ဆိုပါတယ်။ မကြာသေးမီ ကလေးကမှ ဝင်လာတဲ့ ဂျိန်ဖေါ့ကဆာ(jinghpawkasa) သတင်းဌာနရဲ့ သတင်း ပေးပို့လာချက်အရ ဒီနေ့ ကေအိုင်အို/ ကေအိုင်အေ ဌာနချုပ်ဟောင်းဖြစ်ခဲ့တဲ့ ပါဂျောင်(Pajau) တောင်တန်းကြောကြီးမှာ အမြောက်သံများ ဆူညံနေကြောင်း သိရပါတယ်။ အဲဒီ ပါဂျောင်(Pajau) တောင်တန်းကြောကြီးရှိ နာဖေါ့(Nahpaw) တောင်ကုန်းမှာ အခြေချနေတဲ့ စစ်တပ် (ခလရ) (၃၁၈/ ၃၂၁) တို့ ဝိုင်းရံထားသော အမြောက်တပ်ဖွဲ့ကနေ ကေအိုင်အေ ဌာနချုပ် လုံခြုံရေးတပ် အခြေပြုရာ၊ ပဒန်(Padang)ကုန်းကို အမြောက်ကြီးနှင့် (၆)ကြိမ်ပစ်ခတ်နေကြောင်း၊ အမြောက်ဆန် (၄)လုံးဟာ တရုတ် ဘက်ခြမ်းသို့ ရောက်သွားကြောင်း ဂျိန်ဖေါ့ကဆာ(jinghpawkasa) သတင်းဌာနမှ သတင်းပေးပို့လာပါတယ်။ အဲဒီလို ပစ်ခတ်တာဟာ ပစ်မှတ်ရှာ အမြောက် မှတ်ပုံတင်ခြင်း ဖြစ်နိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။

ဒီနေ့မှာဘဲ K.I.A ဗဟိုဌာနချုပ် လိုင်ဇာ သို့သွားတဲ့ လမ်းကြောင်းရှိ ဒေါ့ဖုန်ယန် ကျေးရွာတဝိုက် ကေအိုင်အေ ရဲဘော်များနှင့် စစ်တပ် (ခလရ) (၂၁) တို့ ဆက်လက် တိုက်ပွဲဖြစ်ပွားသေးကြောင်း၊ စစ်တပ်ဘက်မှ ရဲဘော်(၅)ယောက် ကျကြောင်း ဂျိန်ဖေါ့ကဆာ(jinghpawkasa) သတင်းဌာနမှ ဆက်လက် သတင်းပေးပို့လာပါတယ်။

စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ စစ်ဖက်နီးစပ်သူများက ထပ်မံပေးပို့ရာမှာ စစ်အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်များကို စစ်နည်းဗျူဟာ သင်ခန်းစာများအား သင်ယူထားလျက်နဲ့ လက်နက်ငယ်ခြင်း နိုင်အောင် တိုက်နိုင်စွမ်းမရှိကြောင်း၊ အကျအဆုံး များလာပါက ရှုံးမဲမဲပြီး အမြောက်ကြီးများ သုံးလာကြောင်း၊ အဲဒီ အမြောက်ကြီးတွေကတော့ တောင်ပေါ်ပစ် အမြောက်ကြီးများနဲ့ စိန်ပြောင်းကြီးများ ဖြစ်ကြောင်း၊ (၂၅ ပေါင်ဒါ၊ ၇၆ မမ၊ ၁၀၅ မမ၊ ၁၀၆ မမ နဲ့ ၁၂၀ မမ) စတဲ့ အမြောက်ကြီးများနဲ့ စိန်ပြောင်းကြီးများကို သုံးတတ်ကြောင်း၊ ဓါတုလက်နက်များနှင့် လေကြောင်း ပစ်ကူများကိုလည်း နိုင်ငံတကာမှ ကန့်ကွက်မှုလေသံ မထွက်မခြင်း နိုင်ထက်စီးနင်း သုံးတတ်ကြောင်း သတင်း ပေးပို့လာပါတယ်။

No comments: