.

.

.

May 17, 2008

ဒုက္ခပင်လယ်ဝေနေသူများအပေါ် အမြတ်ထုတ် ယုတ်မာတဲ့နအဖနဲ့ အပေါင်းအပါများ။

နာဂစ်မုန်တိုင်းကြောင့် သေကြ အိုးမဲ့အိမ်မဲ့ဖြစ်ကြ မိသားစုတွေ သေကွဲရှင်ကွဲဖြစ်ကြ စားဖို ဆန်မရှိ၊ သောက်ဖို့ ရေမရှိ၊ နေဖို အိမ်မရှိ၊ ၀တ်ဖို အ၀တ်မရှိနဲ စက္ကန့် နဲအမျှ ဒုက္ခရောက်နေကြတဲ့သူတွေအပေါ်မှာ နအဖဗိုလ်ချူပ်ကြီးတွေက ခေါင်းပုံဖြတ် အမြတ်ထုတ်ဖို လုပ်ကြတာ အင်မတန် ယုတ်မာပက်စက်လွန်းပါတယ

နိုင်ငံတကာက လှူဒါန်းတဲ့ပစ္စည်းတွေ စားနပ်ရိက္ခာတွေကို ကူညီတဲ့သူတွေ မလာပါနဲ့ ၊ လှူတဲ့ပစ္စည်းဘဲ ပေးပါလို့ ပြောရဲကြတာ သူတို့ တွေ ယုတ်မာဖို အစီအစဉ်ကျကျ လုပ်တာဘဲ။ ကူညီတဲ့သူတွေကိုယ်တိုင် လှူဒါန်းခွင့်မရှိတော့ သူတို့ လုပ်ချင်ရာ လုပ်လို့ ရအောင် ကလိမ်ကကျစ်ဥာဏ်များနဲ လုပ်တာ။ အခုဆိုရင် ကမ္ဘာသတင်းတွေထဲမှာတောင် သူတို့ တွေ ဘယ်လိုယုတ်မာလည်းဆိုတာ ဖေါ်ပြလာကြပြီ။ ယိုသူမရှက် မြင်သူရှက်ဆိုသလို ဒီနအဖဗိုလ်ချူပ်တွေ အရှက်မရှိပေမယ့် ကျွန်တော်တို မြန်မာလူမျိုးတွေအတွက် ဘယ်လောက်မျက်နှာပျက်စရာဖြစ်စေသလည်းဆိုတာ သိရှိကြမှာပါ။

ဒီတော့ နအဖနဲ သူတို့ ရဲ ဘက်တော်သားတွေ နိုင်ငံတကာမှာ မုန်တိုင်းကိစ္စကို အကြောင်းပြုပြီး မလိမ့်တပတ်နဲ အလှူငွေတွေကောက်ခံနေတာ ကြည့်ကြစို့ ။









စင်ကာပူမှ
နအဖသူတောင်းစားသံရုံးရဲ့ လုပ်ရပ်။


(
ဓါတ်ပုံများဖြင့် ဖေါ်ပြထားပါတယ်)။

ယနေ့ နေ့ လည် (၂) နာရီခန့် တွင် ကုန်တင်ထရပ်ကားတစ်စီးဟာ ပစ္စည်းအပြည်နဲ စင်ကာပူက မြန်မာသံရုံးထဲကို ၀င်လာပါတယ်။ ဒိကုန်တင်ထရပ်ကားနဲ့ ပါလာတာတွေကတော့ မြန်မာပြည်က မုတ်တိုင်းဘေးဒဏ်သင့်သူတွေကို ကူညီဖို လှူဒါန်းထားတဲ့ပစ္စည်းတွေပါဘဲ။ သိရှိရတဲ့သတင်းအရဆိုရင် Crime Library လို့ ခေါ်တဲ့အဖွဲ့ တစ်ဖွဲ့ ကနေ လှူဒါန်းတာလို သိရပါတယ်။ ဒီကုန်တင်ထရပ်ကားနဲ ပါလာတာ စုစုပေါင်းလှူထားတာရဲ သုံးပုံပုံ တစ်ပုံဘဲရှိသေးတယ်လို သိရပါတယ်။ အခုပါလာတဲ့ပစ္စည်းတွေကတော့ ရေသန် ဗူးတွေများပါတယ်။ မြန်မာသံရုံးအတွင်းမှာ ထားစရာနေရာမလုံလောက်တော့လို နောက်ကျန်နေသေးတဲ့ ပစ္စည်းတွေကို ခဏရပ်ဆိုင်းထားပေးဖို ပြောထားရကြောင်း သိရှိရပါတယ်။

စင်ကာပူ မြန်မာသံရုံးက ဒီလှူဒါန်းတဲ့ပစ္စည်းတွေကို ကြယ်ငါးပွင့်သင်္ဘောနဲ မြန်မာပြည်ကို ပို့ ဖို့  စီစဉ်နေတာလို့ သိရပါတယ်။
ဒီလိုနအဖသံရုံးတွေကနေ မုန်တိုင်းဘေးဒဏ်သင့်သူများကို အကြောင်းပြပြီး နိုင်ငံတကာမှာ အလှူလိုက်ခံနေတာ အင်မတန်စိုးရိမ်ရပါတယ်။ ရလာတဲ့အလှူပစ္စည်းများကို သူတို့ ရဲ့  ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ နအဖဗိုလ်ချူပ်ကြီးတွေနာမည်တံဆိပ်ကပ်ပြီး (ဓါတ်ပုံကြည့်ရန်)၊ ပြည်သူတွေနဲ နိုင်ငံတကာအပေါ်မှာ ၀ါဒဖြန့် ချီရေးတွေလုပ်ဖို့ ၊ နောက် သူတို့ သြဇာခံအောင် စွမ်းအားရှင်တွေ ကြံ့ ဖွတ်တွေ ရဲတွေ မီးသတ်တွေ စစ်သားတွေကို သက်သာချောင်ချိဈေးနဲ ပြန်ရောင်းပေးဖို့ ဖြစ်နေတာကြောင့်ပါ။

ကုလသမဂ္ဂက ပေးပို့ လာတဲ့ အလှူပစ္စည်းတွေ စာနပ်ရိက္ခာတွေကို သူတို့ လက်ခံယူပြီး၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအပေါ်မှာ သူတို့ ဘဲ ကယ်တယ်ရှင်ကြီးတွေ၊ သူတို့ ဘဲ ကျေးဇူးရှင်ကြီးတွေ ပုံစံဖမ်းပြီး ကျက်သရေယုတ်စွာနဲ မျက်နှာပြောင်တိုက်ပြီး ပြောဆိုလုပ်ဆောင်နေရဲ့ ။ နိုင်ငံတကာက ကိုယ်တိုင်ကိုယ်ကျလှူဒါန်းတဲ့ အလှူရှင်တွေတောင် သူတို့ ရဲ့ အမည်တွေကို မဖေါ်ပြဘဲ စိတ်ရင်းစေတနာအပြည့်နဲ လှူခဲ့ကြတယ်။ ဒီလို သူများပေးတဲ့ အလှူပစ္စည်းတွေမှာ ဗိုလ်ချူပ်ကြီး ဘယ်သူမှ လှူဒါန်းပါသည်လို နာမည်တွေကပ်ပြီး အလှူရှင့်လက်ဘက်နဲ့ မျက်နှာလုပ်ဆိုတာလို နာမည်ကောင်းဝင်ယူတာကတော့ သိပ်ကိုပေါ်တင်ကြီးဖြစ်လွန်းတယ်။

နအဖဟာ ဘယ်တုန်းကမှ အခုလို သံရုံးတွေကနေတစ်ဆင့် ဗြောင်ပေါ်တင် အလှူကောက်ခံတာ မရှိဖူးပါဖူး။ ဒီအချိန်ဟာ သူတို့ ရဲ မဲဆန္ဒပေးပွဲနဲ အတုအယောင်ဖွဲ့  စည်းပုံအခြေခံဥပဒေအတည်ဖြစ်ရေးအတွက် အလွန်အရေးကြီးနေတာမို မသိနားမလည်တဲ့ပြည်သူတွေနဲ အလွယ်တကူလှည့်ပတ်လိမ်ညာလို့ ရတဲ့ နိုင်ငံတကာထောက်ပံ့ရေးအဖွဲ့ တွေကို အသုံးချဖို့ လုပ်တာပါ။

အခု မုန်တိုင်းကြောင့်သေဆုံးသူဦးရေများပြားတယ်ဆိုပေမယ့် နိုင်ငံတကာက ကိုးကားဖေါ်ပြနေတဲ့ သေဆုံးသူစာရင်း၊ ပျက်စီးမှုစာရင်းတွေဟာ နအဖဆီကထုတ်ပြန်တဲ့သတင်းတွေကို အခြေခံပြီးပြောနေကြတာတွေ့ ရပါတယ်။ နအဖဟာ မုန်တိုင်းတိုက်ခတ်ခံရမှုအခြေအနေအဖြစ်အပျက်ပေါ်မှာ စောစောကပြောသလို ၀ါဒဖြန့် ချီရေးနဲ ကိုယ်ကျိုးအသုံးချဖို့ ၊ သူရဲ့ လက်ပါးစေတွေကို စည်းရုံးဖို့ များ အကွက်ထွင်ပြီး အမှန်တကယ်ထက် စာရင်းပိုလိမ်ပြပြီး နိုင်ငံတကာအကူအညီတွေကို တောင်းခံနေတာလားဆိုတာ သံသယဖြစ်ရပါတယ်။

အဖြစ်အပျက်တစ်ခုနဲ့ ပြောရရင် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်က ၀န်ထမ်းဆရာဝန်အချို့  ကို မုန်တိုင်းဘေးဒဏ်သင့်တဲ့နေရာတွေကို စွှေတ်ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှဆေးဝါးပစ္စည်း ကုသရေးကိရိယာတန်ဆာပလာတွေ မထည့်ပေးလိုက်ပါဖူး။ အမှန်တကယ်သွားရောက်ကူညီခိုင်းတာ မဟုတ်ဘဲ၊ မုန်တိုင်းဒဏ်ခံရသူများရဲ့ အခြေအနေကို နားထောင်ပြီး မှတ်သားခဲ့ဖို့ နဲ လိုအပ်သော ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူပြီး နအဖခေါင်းဆောင်ကြီးတွေဆီကို သတင်းပြန်ပို့ ဖို့ ဘဲဖြစ်ပါတယ်။ ဒီလိုရရှိလာတဲ့သတင်းများကို စောစောကပြောခဲ့တဲ့ ၀ါဒဖြန့် ချီရေးနဲ နိုင်ငံတကာဆီက အကူအညီ လိမ်ညာတောင်းဖို့  ဘဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ နိုင်ငံတကာမှာ ရှိတဲ လူမှုကူညီရေးအဖွဲ့ တွေ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းအဖွဲ့ တွေကို နအဖရဲ့ ထိန်းချူပ်မှုအောက်မှာ ရှိတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မီးသတ်ဌာန၊ လူမှုဖူလုံရေးအဖွဲ့ ၊ အမျိုးသမီးရေးရာအသင်းတွေနဲ ချိတ်ဆက်ပေးပြီး အလှူပစ္စည်းတွေလက်ခံယူတာပါဘဲ။ နိုင်ငံတကာက လှူဒါန်းဆောင်ရွက်ပေးတဲ့ အသင်းအဖွဲ့ တွေကို ပြန်စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာတော့ (ဥပမာ) မြန်မာနိုင်ငံက ကြက်ခြေနီအသင်းကို အလှူပစ္စည်းတွေပေးပို့ တဲ့အခါမှာ လက်ခံခဲ့ကြောင်း၊ ဒုက္ခရောက်နေသူတွေထံ ဖြန့် ချီဝေငှပေးမှာ ဖြစ်ကြောင်းလောက်ဘဲ သူတို့ သိရှိရကြောင်း ပြောပြပါတယ်။ တစ်ဘက်က မုန်တိုင်းဒဏ်သင့် ပြည်သူတွေဆီကို မရောက်ဘဲ၊ ရန်ကုန်ညောင်ပင်လေးဈေးလို ဈေးမျုးတွေကို ရောက်သွားကြောင်း၊ နအဖဘက်တော်သားတွေကို စည်းရုံးဖို သက်သက်သာသာနဲ မုန်တိုင်းဘေးအကာပစ္စည်းတွေကို ရောင်းချနေကြောင်း သိရတော့ နအဖဟာ အလိမ်အညာတွေနဲ မုန်တိုင်းကိုအကြောင်းပြုပြီး သူတောင်းစားတောင်းသလို နိုင်ငံတကာကို မလိမ့်တပတ်နဲ့ တောင်းနေကြပါလားဆိုတာ သိရပါတယ်။

ဒီအပြင် နအဖဘက်တော်သားတွေ ကိုယ့်ရဲ့ အိပ်ထောင်ထဲထည့် ကိုယ်ကျိုးသုံးဖို့ အတွက် လိုချင်တပ်မက် ငန်းငန်းတက်ပြီး အလှူတွေပေးဖို့ ကို သူတို့ ရဲ နိုင်ငံတကာရောက် ဘက်တော်သားတွေကို ညွုန်ကြားစီစဉ်ခိုင်းတယ်။ ကိုယ်ကျိုးအတွက် တစ်ပြားတစ်ချပ်မှ မယူဘဲ အမှန်တကယ် ကူညီပေးနေကြတဲ့သူတွေနဲ ပုံမှားရိုက်ပြီး နအဖဘက်တော်သားတွေက အယောင်ဆောင် တောင်းခံနေကြလေရဲ့ ။

နအဖဘက်တော်သားတွေရဲ့ ဘလော့မှာရော၊ အယောင်ဆောင်နေသူ နအဖလက်ပါးစေတွေရဲ ကိုယ်ပိုင်ဘလော့တွေမှာရော အရှက်ကင်းမဲ့စွာနဲ ဗြောင်ကျကျ တောင်းခံနေကြတယ်။

သစတြေလျနိုင်ငံမှ ဒေါက်တာစိုးထက်။

ဒေါက်တာစိုးထက်ရဲ့ ဘလော့ http://soehtet.blogspot.com/ ဖြစ်ပါတယ်။

ဒေါက်တာစိုးထက်ဟာ နအဖရဲ့ နေပြည်တော်ကနေ ပညာသင်ကြားဖို့ ဆိုပြီး နိုင်ငံတော်စရိတ်နဲ သြစတြေလျနိုင်ငံကို တရားဝင်စေလွှတ်လိုက်တာဖြစ်ကြောင်း ခိုင်လုံစွာပြောဆိုသူများမှ တစ်ဆင့်သိရှိရပါတယ်။ သူရဲ့ ဘလော့မှာ ဖေါ်ပြထားတဲ့ လိပ်စာဟာ သြစတြေလျနိုင်ငံ မဲဘန်းမြို့  က ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ဒေါက်တာစိုးထက်ဟာ သူရဲ့  ဘလော့မှာ သြစတြေလျရောက် မြန်မာတွေနဲ နိုင်ငံခြားသားတွေ မုန်တိုင်းဘေးဒဏ်ခံရသူများအတွက် လှူလိုလျှင် သူ့ ကို အမြန်ဆက်သွယ်ဖို ပြောဆိုထားပါတယ်။ ဒေါက်တာစိုးထက်ရဲ့ အလှူခံရေးသားထားချက်ကို နအဖရဲ့ ဘလော့တစ်ခုဖြစ်တဲ့ Light of Myanmar ဆိုတဲ့ ဘလော့မှာ ထပ်ပြီးအညွုန်းပြ ဖေါ်ပြထားတာတွေ့ ရပါတယ်။ ဒေါက်တာစိုးထက်ဟာ ဘုန်းကြီးကျောင်းမှာ နေပြီး သူရဲ မိသားစုကို ခေါ်ယူခဲ့ပါတယ်။ သြစတြေလျနိုင်ငံရောက် မြန်မာတွေက သူ့ အကြောင်း သေသေချာချာမသိကြတော့ မျိုးချစ်မြန်မာတစ်ဥိးလိုလိုနဲ စက်တင်ဘာလအတွင်းက ဓါတ်ပုံအချို့ ကို အခြားသူတွေဆီပို့ ပြီး စည်းရုံးတာတွေလုပ်ပေမယ့် အခုအချိန်ကြတော့ နအဖဘက်ကနေ အလှူငွေတွေ ကောက်ပေးနေတာကတော့ သိသာထင်ရှားပါတယ်။



ဒီတော့ကာ နအဖတွေရဲ့  လိမ်ညာစည်းရုံးပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ သံရုံးတွေ သူတို့ ရဲ့  ဘက်တော်သားတွေကတစ်ဆင့် မုန်တိုင်းကို အကြောင်းပြုပြီး အလှူငွေတွေ အလှူပစ္စည်းတွေကောက်ခံနေတာကို နိုင်ငံတကာပြည်သူတွေ အဖွဲ့ အစည်းတွေ မှားပြီး မလှူဖြစ်အောင် ၀ိုင်းဝန်းသတိပေးကြဖို့ လိုနေပါပြီ။ နအဖအတွက် လိုနေတဲ့နိုင်ငံခြားငွေနဲ ပစ္စည်းတွေကို မသိဘဲထောက်ပံ့ပေးနေရတာမျိုး အဖြစ်မခံဖို အခုဖေါ်ပြတဲ့သတင်း ဓါတ်ပုံမှတ်တမ်းတွေကို သက်သေပြုပြီး အားလုံးကနေ အရေးတကြီး တားမြစ်ကြဖို့ လိုပါတယ်။ ဒီလို နအဖနဲ ဘက်တော်သားတွေ (အထူးသဖြင့် နအဖသံရုံးတွေနဲ နိုင်ငံခြားမှာရောက်နေကြတဲ့သူတို့ ဘက်တော်သားတွေ) ရဲ ကလိမ်ကကျစ်လုပ်ရပ်တွေကို ဖေါ်ထုတ်ပြသကြဖို အလွန်အရေးကြီးပါတယ်ဆိုတာ ပြောကြားပါရစေ။


နစ်နေမန်း ဘာလော့ဂ် မှ ကိုးကား တင်ဆက်ပါသည်။

No comments: