.

.

.

May 24, 2008

စစ်အစိုးရခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးမှာ တရားစွဲတော့မယ်

တကယ်လို့ မြန်မာစစ်အစိုးရဟာ ဆိုက်ကလုံးမုန်တိုင်းဒဏ်ခံဒေသတွေကို အကူအညီပေးတာ တွေကို ပိတ်ပင်နေမယ်ဆိုရင် သည် ဟိတ် (The Hauge) နိုင်ငံတကာ တရားရုံးမှာ မစစ်ဆေးမီ မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်းဆီးရလိမ့်မယ်လို့ ဥရောပ ပါလီမန်က ဒီကနေ့ မေ ၂၄ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်အနီးမှာ ရှိတဲ့ စထရတ်စ်ဘာ့ဂ် (Strasbourg) မြို့မှာ ပြုလုပ်တဲ့ ဥရောပပါလီမန် အမတ်များအစည်းအဝေးမှာ အဲဒီ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၅၂၄ မဲ၊ ကန့်ကွက်မဲ မဲ၊ ကြားနေမဲ ၁၃ မဲနဲ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ သူတို့ကတကယ်လို့ မြန်မာအာဏာပိုင်တွေဟာ အကူအညီပေးမှုတွေ မုန်တိုင်းသင့်ဒေသတွေဆီ မရောက်နိုင်အောင် ပိတ်ပင်နေမယ်ဆိုရင်လူသားဖြစ်တည်မှုဆိုင်ရာ ရာဇ၀တ်မှု (Crimes against Humanity) ကျူးလွန်သူတွေ ဖြစ်လို့ နိုင်ငံတကာ ရာဇ၀တ်မှု တရားရုံး(International Criminal Court) ကို တင်သွင်း တရားစွဲရမယ်။" လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။



ဥရောပ ပါလီမန်အမတ်တွေအနေနဲ့ ဥရောပနိုင်ငံတွေကို တိုက်တွန်းပြီး ကုလ လုံခြုံရေးကောင်စီက စုံစမ်း စစ်ဆေးရေး၊ အရေးယူအပြစ်ပေးရေးတွေ လုပ်ဖို့ ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဥရောပ ပါလီမန် အမတ်တွေက မြန်မာစစ်အစိုးရအနေနဲ့ လက်သင့်မခံနိုင်လောက်အောင် နှေးကွေးတဲ့ လုပ်ဆောင်ချက်တွေနဲ့ သုဿန်တစပြင်လို ဖြစ်နေတဲ့ လူသားဆိုင်ရာကပ်ဆိုးကြီးကို တုံ့ ပြန်နေကြောင်း၊အဲဒါဟာ သူတို့ရဲ့နိုင်ငံသားတွေ ဘေးဒုက္ခက လွတ်မြောက်လာမှာကို သူတို့အခွင့်အာဏာ တွေနဲ့ ပိတ်ပင်တားဆီးနေတာ ဖြစ်ကြောင်း" မြန်မာစစ်အစိုးရကို ပြင်းပြင်း ထန်ထန် ဝေဖန် ပြောကြားလိုက်ပါတယ်။ဥရောပပါလီမန်ရဲ့ ပြောကြားချက်ဟာ ဆိုက်ကလုံး ဘေးသင့် ဒေသတွေမှာ စစ်အစိုးရ ဆန္ဒခံယူပွဲ မပြုလုပ်ခင်တရက်အလို ထွက်ပေါ်လာတာ
ဖြစ်ပါတယ်။

ဆိုက်ကလုံးမုန်တိုင်းသင့် ပြည်သူ သန်းခွဲဟာ ငတ်မွတ် ခေါင်းပါးနေပြီး သီတင်းသုံးပတ်တိုင် ခိုကိုးရာမဲ့ ဖြစ်နေချိန်မှာမြန်မာစစ်အစိုးရဟာ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဧရာဝတီတိုင်းကကျေးရွာမဲ့ စားစရာမဲ့ ၀တ်စရာမဲ့ ပြည်သူတွေ ဘယ်လို မဲပေးကြရမလဲဆိုတာကတော့ အခုထိ ရေရေရာရာ မသိရသေးပါဘူး။

မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံတကာက ကယ်ဆယ်ရေးလုပ်သားမျာုး ၀င်ခွင့်ပြုရေးကို သဘောတူလိုက်ပေမဲ့ မြန်မာ့ပင်လယ်ပြင်မှာ ကယ်ဆယ်ရေး လုပ်ပေးဖို့ စောင့်နေတဲ့ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံက သင်္ဘောတွေကိုတော့ မြန်မာစစ်အစိုးရက သဘော မတူသေးပါဘူး။ အခုတပတ်အတွင်း အာစီယံနိုင်ငံများက ဦးဆောင်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ သဘောတူခဲ့ပေမယ့်လည်း လုပ်ငန်းတွေ အကောင်အထည် မပေါ် သေးပါဘူး။

ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို မေ ၂၂ ရက်နေ့က ရောက်ခဲ့ပြီး ၂၃ ရက်နေ့မှာ ဗိုလ်သန်းရွှေနဲ့ တွေ့ခဲ့ပါတယ်။မုန်တိုင်း ကယ်ဆယ်ရေးအထွက် မြန်မာစစ်အစိုးရက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တောင်းခံထားပြီး အလှူရှင်များရဲ့ အစည်းအဝေးကို မေ ၂၅ ရက်နေ့ကျရင် ရန်ကုန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးကို ဘန်ကီမွန်းလည်း တက်ရောက်ပါလိမ့်မယ်။

မြန်မာစစ်အစိုးရအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်ဆွဲနေချိန် မြစ် ချောင်းများမှာ မျောပါနေတဲ့ ရုပ်အလောင်းတွေဟာတဖြည်းဖြည်း နံစော် ဆွေးမြေ့လာနေပြီ ဖြစ်ပါတယ်။ ဒုက္ခသည်တွေဟာ ကြုံတဲ့နေရာတွေမှာ ဖြစ်သလို နေထိုင်နေရပြီး အလှူရှင်တွေကလာရောက် ပေးကမ်းမယ့် အစားအသောက်တွေကိုပဲ စောင့်မျှော်နေကြရပါတယ်။ မြန်မာစစ်အစိုးရကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုသူတို့ နိုင်နိုင်နင်းနင်း လုပ်နိုင်တယ်လို့ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

မိမိနိုင်ငံသားတွေ အသက်ရှင်ကျန်နိုင်ရေးထက် အာဏာတည်မြဲရေးကို ဦးစားပေးတဲ့ မြန်မာ အာဏာပိုင်တွေရဲ့ လူသားချင်းစာနာမှု ပြဿနာပေါ် ကိုင်တွယ်တုံ့ပြန်တာ နှေးကွေးတဲ့အတွက် လက်မခံနိုင်ဘူးလို့ဥရောပပါလီမန် အမတ်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။နာဂစ် ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်သွားပြီး သီတင်းသုံးပတ်အကြာထိ လူ နှစ်သန်း ငတ်မွတ်နေပြီး အိုးအိမ်မဲ့နေတာတောင် ဖွဲစည်းပုံအခြေခံဥပဒေသစ်ကို ဒုက္ခရောက်နေတဲ့ ဒီလူတွေကို စစ်အစိုးရက အတည်ပြုခိုင်းမဲ့ စနေနေ့မတိုင်ခင် ခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

အတုအယောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပေးတဲ့ န္ဒခံယူပွဲကို ရှေ့ဆက်ဆောင်ရွက်တဲ့ လွဲမှားတဲ့ စစ်အစိုးရရဲ့ ဦးစားပေးမှုကို ဥရောပပါလီမန်က ရှုတ်ချပါတယ်။ သဘာဝဘေးဒုက္ခ အန္တရာယ်ကနေ လူလုပ်တဲ့ ဘေးဒုက္ခ အန္တရာယ် အဖြစ်ပြောင်းသွားတဲ့ အခြေအနေမှာ လူသန်းနဲ့ချီ ဒုက္ခခံစားနေရတာကို မျက်ကွယ်ပြုပြီး လုပ်လို့ရရှိတဲ့ ကျိုးကြောင်းမဆီလျော်တဲ့ ဆန္ဒခံယူပွဲ ရလဒ်ကိုလည်း ဥရောပပါလီမန်က ပယ်ချလိုက်ပါတယ်။

No comments: