.

.

.

May 5, 2008

ှဆန္ဒခံယူပွဲ လုပ်တော့မယ်


ဖျက်ဆီးပုံ အခြေခံဥပဒေလား ဖွဲ့ စည်းပုံ အခြေခံဥပဒေလား

မြန်မာနိုင်ငံမှာ အခု ဆန္ဒခံယူပွဲ လုပ်တော့မယ်တဲ့........အဲဒီဆန္ဒခံယူပွဲ က အခုအပေါ်မှာ ပြထားတဲ့ ဖျက်ဆီးပုံအခြေခံဥပဒေ အဲမှားလို့ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ထောက်ခံလား မထောက်ခံဘူးဆိုတဲ့ ပွဲဘဲ ဖြစ်တယ်။ စာဖတ်သူများဒီအပေါ်မှာပြထားတဲ့ပုံကိုကြည့်ပြီးထောက်ပြီး တော့ ခံမလား အဲ ထောက်ခံမလား မထောက်ခံဘူးလားဆိုတာ ကြည့်ရူရင် စဉ်းစားပေးပါဦး
SPDC Constitution (Burmese n englsih version)712kb - Upload a doc

ကဲ စဖတ်သူရဲ့  အခြေအနေတော့ မသိဘူး.....ကျွန်တော်ကတော့ အသေအကြေ ရှုတ်ချ ကန့် ကွက်တယ်ဗျာ...ဒီ ဖျက်ဆီးပုံအခြေခံ ဥပဒေကို ဖတ်ပြီး ပုံဖော်ကြည့်တဲ့အခါ အောက်က ပုံလေးကို ဖော်မိ ပါတယ်...





ဒါကို ကြည့်ရင် နိုင်ငံတော်သမ္မတက ဒုတိယသမ္မတကနေလာတယ်။ အဲဒီ ဒုတိယ

သမ္မတကလည်း တပ်မတော်သားကိုယ်စားလှယ်တွေ ဆီကနေ လာရတယ်။ အဲဒီတော့

စစ်မှန်တဲ့ သမ္မတနိုင်ငံစနစ်ဟာ ပြည်သူတွေကနေ သမ္မတကို ရွေးကောက်တင်မြောက်

ရတာ ဖြစ်ပါတယ်။အခုဒီစနစ်မှာက တပ်မတော်ကလာတဲ့ လူတွေကဘဲ သမ္မတတက်

ဖြစ်ရမဲ့ စနစ်ဖြစ်နေတယ်။


ဒါကြောင့် ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ တစ်ခါတည်း မဲရုံးတွေမှာ

ကန့် ကွက်မဲ ဘဲသွားထည့်ပါလို့  ကျွန်တော့်အနေနဲ့  အလေးအနက် တိုက်တွန်းလို

ပါတယ်။




No comments: