.

.

.

May 21, 2008

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ငွေကြေးမကူညီနိုင်

တရုတ်နိုင်ငံမှ ငလျင်ဒုက္ခသည်များကို ကူညီရန်အသင့်ရှိကြောင်း ကမ္ဘာ့ဘဏ်က ချက်ချင်း ကတိ ပြုသော်လည်း မုန်တိုင်းဒဏ် ခံရသည့် မြန်မာနိုင်ငံအတွက် ငွေကြေးအကူအညီပေးမည် မဟုတ်ကြောင်း ကမ္ဘာ့ဘဏ် အရာရှိတဦးက ပြောသည်။ ကြွေးကျန်သည့် နိုင်ငံများကို အကူအညီ မပေးရေးကိစ္စမှာ ကမ္ဘာ့ဘဏ်၏ ပေါ်လစီဖြစ်ပြီး မြန်မာနိုင်ငံသည် ၁၉၉၈ ခုမှစပြီး ကြွေးဆပ်ရန် ပျက်ကွက်ခဲ့သည်။ ထို့ကြောင့် မြန်မာမုန်တိုင်း ဒုက္ခသည်များအတွက် ကမ္ဘာ့ဘဏ်က ကူညီရန် မဖြစ်နိုင်ကြောင်း ကမ္ဘာ့ဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး Juan Jose Daboub က ပြောသည်။ ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် စာရင်းအရ မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်ပကြွေးမှာ ၂၀၀၆ ခုနှစ်တွင် ဒေါ်လာသန်းပေါင်း (၆,၈၀၀) ရှိပြီး စုစုပေါင်း ရေတိုပြည်ပကြွေးမှာ ဒေါ်လာသန်း (၁,၆၀၀) ရှိသည်။

No comments: