.

.

.

May 26, 2008

မြန်မာနိုင်ငံတိုးတက်ဖို့  ဘာတွေလုပ်ဖို့ လိုပြီလဲ

မြန်မာနိုင်ငံဟာ ရှေးအစဉ်အလာအရ မွန်မြတ်ကောင်းမွန်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်ဆိုတာ စာဖတ်သူများ သိရှိထားပြီး ဖြစ်တာကြောင့် အထူးတလည် အကျယ်တပွင့် ရေးသားနေစရာ မလိုတော့ပါ။ ဒါပေမဲ့ ယခုအချိန်မှာ မြန်မာနိုင်ငံဟာ အောက်ကျနောက်ကျရောက်နေပြီး သူများနိုင်ငံတွေရဲ ခြေထောက်အောက် ရောက်နေရတာ ဟာ ဘာကြောင့်ပါလဲ…….နိုင်ငံမှာ သဘာဝသယံဇာတတွေ့ မရှိလို့ လား………နိုင်ငံအတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေဟာ သူများနိုင်ငံက လူတွေထက် စိတ်ဓာတ်၊ အရည်အချင်းတွေအရ မကောင်းလို့ လား……စတဲ့ အကြောင်းပြချက်များစွာရှိကြပါတယ်…….ဒီလိုအကြောင်းပြချက်တွေ ပြန်ကြည့်တော့ မရှိတာ မဟုတ်ဘူးဗျ……အကုန်လုံးက အသင့်ဘဲ…ဒါပေမဲ့ တစ်ခု မရှိဘူးဖြစ်နေတယ်……. အဲဒါဘာလဲ……. စိတ်ဓာတ်ကောင်းမွန်တဲ့ တိုင်းရင်းသားညီအကိုတွေ သဘာဝသယံဇာတတွေကို နိုင်ငံအတွက် အကျိုးဖြစ်ထွန်း အောင် လုပ်ပေးမဲ့သူမရှိဘူးဖြစ်နေတယ်.....ရှင်းရှင်းပြောရရင် နိုင်ငံတိုးတက်အောင် လုပ်ပေးမဲ့




နိုင်ငံ့ခေါင်းဆောင်မရှိဘူးဖြစ်နေတယ်……ရှိတဲ့လူကိုလည်း ဖိနှိပ်ထားတယ်… …အဲဒီဖိနှိပ်ချုပ်ချယ်နေတဲ့ သူက အခုကြားနေကြတဲ့ ဗိုလ်ချုပ်ကြီးတွေဘဲ ဖြစ်တယ်……အဲဒီတော့ ကျွန်တော်တို့  တိုင်းရင်းသားညီအကိုတွေက မြန်မာနိုင်ငံဖွားများ ဖြစ်တာကြောင့် မြန်မာနိုင်ငံ တိုးတက်ကောင်းမွန်အောင် ဒီဗိုလ်ချုပ်တွေကို မဖြစ်မနေ ရှင်းထုတ်ရမဲ့ တာဝန်ရှိလာပါပြီး…… ဘယ်လိုရှင်းထုတ်မလဲ……အေးအေးချမ်းချမ်း ငြိမ်းချမ်းစွာ တောင်းဆိုပြီး တိုက်ထုတ်မလား ……လက်နက်ကိုင်တော်လှန်ပြီး တိုက်ထုတ်မလား……စတဲ့ တိုက်ထုတ်တဲ့ နည်းလမ်းတွေ ရှိပါတယ် ……ဒီနည်းလမ်းမှာ ပထမနည်းလမ်းဖြစ်တဲ့ ငြိမ်းချမ်းစွာ တိုက်ထုတ်တဲ့နည်းကို ယနေ့ ပြန်သုံးသပ် ရရင် အကျိုးထူး ဖြစ်မလာတာကို တွေ့ ရတယ်……ဥပမာ-စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ……အဲဒီလောက် ကြီးကျယ်တဲ့ တော်လှန်ရေးမျိုး တစ်ခါမှ ကျွန်တော် မတွေ့ ခဲ့ပါဘူး……ပြည်သူလူထုနဲ့  ဘုန်းတော်ကြီးများ ဟာ အေးအေးချမ်းချမ်း ငြိမ်းချမ်းစွာ တောင်းဆိုကြသော်လည်း……နောက်ဆုံး ချေမှုန်း နှိပ်ကွပ်ခံလိုက်ရပါတယ် ……အဲဒီတော့…… နောက်တစ်နည်း ……လက်နက်ကိုင် တော်လှန်ရေးကို စဉ်းစားကြည့်တော့လည်း အချိန်တွေ သာကုန်သွားတယ်……တောထဲမှာဘဲ ခေါင်းချသွားခဲ့ရတဲ့ မျိုးချစ်ပုဂ္ဂိုလ် များနေတာကို တွေ့ ရပြန်တယ်……အဲဒီတော့ ကျန်တော်တို့ မှာ နည်းလမ်းမရှိတော့ဘူး……ဗိုလ်ချုပ်တွေဆက်ပြီး ရှိနေဦးမယ်……ဒါဆို ဘယ်လိုလုပ်မလဲ ဒီအတိုင်း ဆက်ပြီးနေလို့ မဖြစ်ဘူး……စဉ်းစားရင်း နောက်ဆုံး စကားပုံတခုလေးကို သွားပြီး သတိရ လိုက်တယ်……အဲဒီစကားပုံက “ငါးကြင်းဆီနဲ့  ငါးကြင်းကြော်” တဲ့……ဒီတော့ ကျွန်တော်တို့ က ဒီအတိုင်း ပြန်လုပ်ရမယ်……ဘယ်လိုလုပ်မလဲ……ဥပမာ ကြည့်ရင် စစ်အစိုးရဟာ ၁၉၅၀ နောက်ပိုင်းကတည်းက တော်လှန်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကို ၁၉၉၂ ခုနှစ်မှာ DKBA တိုးတက်သောကရင်ဗုဒ္ဓဘာသာ အစည်းအရုံး အဖြစ်ခွဲထုတ်လိုက်တယ်……ပြီးတော့ KNU ရဲ့  ဌာနချုပ်စခန်း ဖြစ်တဲ့ မာနယ်ပလောကို တက်သိမ်းတော့ အောင်မြင်သွားတယ်……ဒါဘာဖြစ်လို့ လဲ…… အရင်တုန်းကလည်း ခဏခဏ ဒီစခန်းကို တိုက်နေတာ ဘာဖြစ်လို့  အဲဒီတုန်းက မရတာလဲ ……မာနယ်ပလောက ခံစစ်တွေက မကောင်းလို့ လား၊ လုံခြုံရေး မကောင်းလို့ လား…… မဟုတ်ဘူး ……ကောင်းတယ်……ဒါဆိုဘာဖြစ်လို့ လဲ……ငါးကြင်ဆီနဲ့  ငါးကြင်ပြန်ကြော် ခံလိုက်ရလို့ ဘဲ…… ဒါကို ကြည့် ခြင်းဖြင့် "သူ့  လူကို ကိုယ့်လူ " အဖြစ် စည်းရုံးတဲ့နည်းဖြစ်တယ်……ဒီတော့ ကျွန်တော်တို့ ကလည်း ဒီနည်းကို ပြန်သုံးရမယ်……ဟုတ်ပြီး…… ဒီအတိုင်းလုပ်မယ် ဆိုပါတော့ ……ဒါပေမဲ့ မေးခွန်းလေးတွေ ရှိနေတယ်……ဘာလဲဆိုတော့ "သူတို့ နဲ့  ကျွန်တော်တို့ က ရန်သူတွေ ဖြစ်နေတော့ ဒီလိုမျိုး လုပ်လို့  ရပါ့မလား၊ ဒီလိုလုပ်တော့ သူတို့ တွေက ကျွန်တော်တို့ ဘက် ပါနိုင်လို့ လား……ဒီလိုပါမယ်ဆိုရင် သူတို့  လုံခြုံရေးနဲ့  ယုံကြည်စိတ်ချမှုကို တည်ဆောက်လို့ရပါ့မလား''……စတဲ့ မေးခွန်းလေးတွေ ထွက်လာတယ်……ပထမ မေးခွန်း နှစ်ခုကို အများအားဖြင့် ကျွန်တော်တို့ ဘက်က မေးတဲ့ မေးခွန်းပါ……နောက်ဆုံးမေးခွန်းကတော့ သူတို့ ဘက်က မေးတဲ့မေးခွန်းပါ…… ဒီမေးခွန်းတွေ ကို အပြန်အလှန် ဖြည့်ဆည်းပေးမယ်……“ ငါးကြင်ဆီနဲ့  ငါးကြင်းကြော်”လို မဟာဗျူဟာ ခင်းပြီး ပြည်သူလူထုနဲ့  ပူးပေါင်းလိုက်ရင်……ကျွန်တော် ပြောရဲတယ်……အောင်မြင်မှာ……အသေအချာ ……နည်းနည်းမှ မလွဲစေရဘူး။ ဒီအရာကို သဘောပေါက်နားလည် ပြီးဆိုရင်တော့ မြန်မာပြည်သူများအချိန်ရွေ့ ဆိုင်း မနေတော့ဘဲ အမြန်ဆုံး ဆောင်ရွက်အကောင်အထည်ဖော်ကြပါလို့  ကျွန်တော်မှ အလေးအနက် တိုက်တွန်းလိုပါတယ်ခင်ဗျား...

အချိန်နှင့်ဒီရေသည်လူကိုမစောင့်……လုပ်သင့်လုပ်ထိုက်တာဟူသမျှ အမြန်ဆုံးဆောင်ရွက်အကောင်အထည် ဖော်ကြ

1 comment:

Unknown said...

သဘောတူပါသည် ခင်ဗျား။