ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မေလ ၁၉ ရက်နေ့က ဆန္ဒခံယူပွဲ ရလဒ်အား ဆန့်ကျင်ကန့်ကွက်သော ဆန္ဒပြ ပွဲတရပ် ပေါ်ပေါက်ခဲ့သည်။
ဆန္ဒပြပွဲအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များနှင့် အမျိုးသမီး အဇွဲ့ဝင်များက စီစဉ်ပြုလုပ်ခြင်း ဖြစ်ပြီး အင်အား ၂၀၀ ခန့် ပါဝင်ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒပြသူများသည် “နိုး” အမှတ်တံဆိပ်ပါ ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့် တီရှပ်များအား ၀တ်ဆင်ပြီး ဦးဥတ္တမ လမ်းမှ ကိုင်းရှည် ဘုန်းတော်ကြီးကျောင်းထိ ရေချမ်းအိုးများကို ကိုယ်စီရွက်ပီး ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
တောင်ကုတ်မြို့နယ်တွင် ပြည်သူ အများစုက ဆန့်ကျင်ကန့်ကွက်မဲပေးခဲ့ကြသော
ထိုကဲ့သို့ လိမ်ညာထုတ်ပြန်ခြင်းကို မကျေနပ်သဖြင့် ယခုကဲ့သို့ မြို့သူ မြို့သား များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များက ဆန့်ကျင်ကန့်ကွက်သဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့ခံ တဦးက ပြောသည်။
ဆန္ဒပြပွဲအား တောင်ကုတ်မြို့နယ် ရဲစခန်းမှူး ၀င်အောင်နီ ဦးဆောင်သော ရဲသား ၄၀ ခန့်မှ လာရောက်ဟန့်တားခဲ့သော်လည်း နောက်မဆုတ်ဘဲ ဆန္ဒပြသူများမှ ဘုန်းတော်ကြီးကျောင်း အရောက် ချိတက်ပြီး အစီအစဉ်အား အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဘုန်းတော်ကြီးကျောင်းတွင် ပါလာသော ရေချမ်းအိုးများဖြင့် ဘုရားများအား ရေသပ္ပာယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
.
.
.
.
.
May 28, 2008
တောင်ကုတ်မြို့တွင် ဆန္ဒခံယူပွဲ ရလဒ်အပေါ် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment