.

.

.

May 14, 2008

ဒုက္ခသည်တွေကို ဗန်းပြပြီး တေဇ အမြတ်ထုတ်တော့မယ်

လေးဘေးဒဏ်ခံနေရတဲ့ မြန်မာဒုက္ခသည်တွေကို ဗန်းပြပြီး တေဇက အမေရိကန် အစိုးရဆီက ဒေါ်လာ ၃ သန်း လိမ်ပြီး တောင်းလိုက်တယ်လို့ အခုဝင်လာတဲ့သတင်းတွေအရ သိရပါတယ်။

စစ်အစိုးရက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဒေးဒရဲ နဲ့ ဗိုလ်ကလေးမြို့နယ်တွေက စာသင်ကျောင်း၊ အစိုးရအဆောက်အဦးတွေနဲ့ လူနေအိမ်တွေကို ၎င်းတို့ရဲ့ စီးပွားရေးဝိသမလောဘသား၊ လက်မရွံ့ နောက်လိုက် တေဇပိုင် ထူးကုမ္ပဏီ ကို စာချုပ်ချုပ်ပြီး လုပ်ကိုင်ခွင့်ပေးထားပြီးပြီလို့ ခိုင်လုံနဲ့ သတင်းရပ်ကွက်က သိရပါတယ်။

စစ်ဗိုလ်ချုပ်တွေရဲ့ အကြံကတော့ ဒီလိုပါ။ တေဇကုမ္ပဏီကို မုန်းတိုင်းဒဏ်ခံနေရတဲ့ မြို့နယ်တွေမှာ ဆောက်လုပ်ရေးလုပ် ငန်းတွေလုပ်စေပြီး မြောက်ပြဆန်းတောင်းမယ့်အလုပ်မျိုးကို လုပ်မလို့ပါ။ စစ်အစိုးရက မုန်တိုင်းဒဏ်ကြောင်းပျက်စီးသွားတဲ့ နေရာတွေမှာ ပြုပြင်ရေးတွေလုပ်နေပါတယ် လို့ ဗန်းပြပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ ကုလသမဂ္ဂဆီက ပိုက်ဆံကို သူတောင်းစားလို တစ်မျိုး၊ လိမ်ပြီးတော့တစ်ဖုံ နည်းမျိုးစုံ နဲ့ ကလိမ်ကကျစ်ဥာဏ်သုံးပြီးတောင်းဦးမှာပါ။

ပြည်သူတွေ စားရမဲ့၊ သောက်ရမဲ့ဖြစ်နေချိန်မှာ ဒင်းတို့မို့လို့ စောက်ရှက်မရှိ၊ ဗြောင်လိမ်၊ ဗြောင်စားရဲတယ်။ ဒုက္ခသည်အတွက် အသက်ဆက်ရမယ် ထမင်းတလုပ်ကို ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ လုပြီးစားရဲတယ်။

အိမ်မွေတဲ့ ခွေးကမှာ ကျွေးထားရင် အမြီးနှံ့ဖော်၊ ဟောင်ဖော်ရသေးတယ်။ ပြည်သူကမွေး၊ ပြည်သူကကျွေးထားပြီးတော့ ပြည်သူကို စော်ကားတဲ့ ဒင်းတို့ စစ်ဗိုလ်ချုပ်၊ ယောက်ျားရင့်မာ ကြီးတွေဟာ ပြည်သူအပေါ် ခွေးလောက်တောင် သစ္စာမရှိ တော့ဘူး။ ခင်ဗျားတို့ ရှက်ပြီးသေတတ်တယ်ဆိုရင် သေလို့ရတယ်။

No comments: