.

.

.

May 10, 2008

စစ်ရေးသုံးသပ်ချက်

တရုတ်နိုင်ငံရဲ့ စစ်ရေးဟာအမြဲတမ်းဂရုတစိုက်စောင့်ကြည့်သင့်တဲ့ ကိစ္စတခုပါ။ယနေ့ 

နဝတ/နအဖခေတ်ကြမှ တိုင်းပြည်ရဲ့ ရန်သူကို ထိုင်းနဲ့အမေရိကန်လို့သတ်မှတ်

ခဲ့တာပါ။ အရင်တုန်းကတလျောက် လုံးမဆလခေတ်အထိ Ideologyအရ ဗမာပြည်ရဲ့

အဓိကရန်သူဟာတရုတ်လိုသတ်မှတ်ခဲ့ပါတယ်။စစ်လက်နက်စက်ရုံတွေတည်ဆောက်တဲ့

အခါမှာလဲဧရာဝတီမြစ်ကိုသဘာဝအရံအတားတခုလို သတ်မှတ် ပြီးလက်နက် စက်ရုံ

တွေကို ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှာဘဲ ဆောက်ခဲ့ကြလေ့ရှိပါ၊၊ တရုတ်ပြည်ဟာ

ယနေ့ခေတ်မှာအမေရိကန်၊ ရုရှားနဲ့အပြိုင် အာကာသစစ်ပွဲအတွက် ပြင်ဆင်နေတဲ့

စစ်အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။21ရာစုမှာ ကမ္ဘာကြီးရဲ့ စစ်ရေးအရ hot

ဖြစ်တဲ့region ဟာအာရှပစိဖိတ်ဒေသဖြစ်လာပါပြီ။Bush သမ္မတ ဖြစ်ကာစ

ကစ်ဆင်းဂျားရဲ့ 21ရာစုအတွက်သူရဲ့report တွေမှာ သုံးသပ်ခဲ့တာတွေ

လဲအမှတ်ရမိပါတယ်….စက်မှုတော်လှန်ရေးခေတ်တုန်းကလဲဗမာပြည်ဟာစက်မှုခေတ်လှိုင်း

ကိုမစီးနိင်ခဲ့ပါဘူး။နောက်ဆုံးရလဒ်ကဗမာပြည်ဟာကမ္ဘာနဲ့ရင်ဘောင်မတန်းနိုင်တော့ဘဲ

လွတ်လပ်ရေး ဆုံးရုံးခဲ့ရပါတယ်။ ယနေ့ နည်းပညာတော်လှန်ရေးခေတ်မှာလဲ

နာက်ကျကျန်ခဲ့ရင်တော့ အာရှ region မှာ စစ်ပူလာတဲ့ အခါလွတ်လပ်ရေး

ထပ်ဆုံးရှုံးရအုန်းမှာဖြစ်ပါတယ်။ အခုတောင် ဗမာပြည်ဟာ နဝတ/နအဖခေတ်ကျမှ

အချုပ်အချာ အာဏာမဆုံးရုံးသေးပေမဲ့ တရုတ်အာဏာစက်အောက်ကို

လုံးလုံးကျရောက်နေပါပြီ။ ဗမာပြည် အင်္ဂလိပ်လက်အောက်ကျရောက် ခဲ့ရတဲ့

အားနည်းချက်ကိုသမိုင်း ဆရာတွေက အမျိုးမျိုးသုံးသပ်ရေးသားကြပေမယ့်21ရာစု

မှာသာ ဗမာပြည်တရုတ်အောက် ကျရောက်ခဲ့ရင် နဝတ/နအဖကြောင့် လို့ အသေ

အချာသုံးသပ်နိုင်ပြီဖြစ်ပါတယ်။ငယ်ငယ်ကသမိုင်းမှာကမ္ဘာစစ်ဖြစ်ရတဲ့အကြောင်းတွေကို

သင်ရတဲ့ထဲကအမျိုးသားစိတ်ဓာတ်များ ပြင်းထန်လာခြင်း၊ စစ်လက်နက်များ

အပြိုင်အဆိုင်တပ်ဆင်ခြင်း စတဲ့ အချက် တွေဟာယနေ့တရုတ်ပြည်အခြေအနေနဲ့

တထပ်ထဲ ဖြစ်နေပါပြီ။ တဖက်မှာလဲ ခေတ်သစ်နယ်ချဲ့ တဲ့ပုံစံနဲ့ အာဖရိက၊

ဗမာပြည် စသည်တို့မှာ သြဇာအာဏာ ထူထောင်နေပါပြီ။ ကိုရီးယား စစ်ပွဲ

တုန်းကလဲတရုတ်တပ်မတွေ ပေးပို့ပြီး မြောက်ကိုရီးယားဖက်ကနေ ဝင်ရှူပ်ခဲ့

ပါတယ်။ စစ်အပြီး ဗီယက်နမ်ကိုကျူးကျော်ဖို့ ကြိုးစားခဲ့ ပါတယ်။ တိုက်ရည်

ခိုက်ရည်ဝနေတဲ့ ဗီယက်နမ်က ကောင်းကောင်းသင်ခန်းစာပေးခဲ့ပါတယ်။ India

နဲ့စစ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အီရန်ကို စစ်လက်နက်ထာက်ပံ ပေးနေပါတယ်၊

မီလိုဆီဖစ်ခေတ် တုန်းကလဲနောက်ကွယ်က ရေဒါနည်းပညာနဲ့ဝင်ရှုတ်တဲ့

အတွက်အမေရိကန်က Belgrade က တရုတ်သံရုံးကို rocket နဲ့ ပစ်ပြီး

ပညာပေးခဲ့ပါသေးတယ်။ Middle east မှာလဲ တရုတ်လုပ်ဗုံးတွေ၊ rocket တွေ

ပျံ့ ကြဲနေပါတယ်။တိဘက်ကိုလဲ လုံးလုံးလက်လွက်မဲ့ပုံ မမြင်ပါ။ဆူတန်နဲ့

ဗမာပြည်ကိစ္စတွေမှာ တရုတ်ရဲ့ဝင်ရှုပ်မှု့တွေကြောင့်တရုတ်ဟာ ယနေ့

ကမ္ဘာကြီးရဲ့ ၀ိုင်းကဲ့ရဲ့တာလဲ ခံနေရပါပြီ..ဗမာပြည်တုန်းကလဲ ဗကပကို

စစ်ရေးအကူအညီ ပုံအောခဲ့ပေမဲ့ ဦးနေဝင်း စစ်လက်နက်အကူအညီ

တောင်းတဲ့အခါမှာလဲ၊ ကူညီခဲ့ပြီး ဗမာအချင်းချင်း သတ်ခိုင်းခဲ့ ပါတယ်။

အခုလဲနဝတ/နအဖ အကူအညီနဲ့ Admensea ကို လွမ်းမိုးဖို့

ကြိုးစားနေပါတယ်။ယနေ့ခေတ်နဝတ/နအဖ ပုံစံနဲ့ဆိုရင်တော့

ဗမာပြည်ဟာလဲ အနာဂတ်မှာ အချုပ်အချာအာဏာ ဆုံးရုံးဖို့အကြောင်း

တွေနဲ့ ကြုံရအုန်းမှာပါဘဲ.....


No comments: