.

.

.

May 30, 2008

မပြောဘဲနဲ့  ၀ါးလုံးကွဲ ပိတ်ထိုးချင်သည့် စကားလုံးများ (တပ်မတော်အတွင်းမှ ဖြစ်ရပ်မှန်)

အင်း……ဒီစကားကိုကြားလိုက်တော့ရင်ထဲမှာစိတ်ကသိကအောက်ဖြစ်သွားတဲ့အပြင်ဒေါသစိတ်လေပါနိုးကြားလာ တော့တယ်။ တစ်နေ့ကျွန်တော်တို့လေတပ်စခန်းဌာနချုပ်ဆီကိုတပ်ချုပ်ကြီး လာမယ်လို့သတင်းရတယ်။ဒါနဲ့ကျွန်တော်တို့  ရဲဘော်တွေ ကလည်း အသင့်ပြင်အနေအထား ……မရှိမဲ့ရှိမဲ့တိုက်လေယာဉ်တွေကိုထုတ်ထား မကောင်းရင် လည်း အားချင်းပြင်ကြတာပေါ့။ ပြီးတော့စခန်းမှူး ကလည်းမင်း တို့ ကောင်တွေတပ်ချုပ်ကြီးလာရင်သွားဖြီးပြ အဲမှားလို့  သွားကြိုကြ ရိုရိုသေသေဆက်ဆံကြစတဲ့မိန့်ခွန်းတွေကိုအရေးကြီး ခွင်ကျယ်ပြောနေပြန်သေးတယ်။ ဒါနဲ့  ကျွန်တော် တို့  လည်းလုပ်စရာရှိတာလုပ်ရင်းတပ်ချုပ်လာမဲ့နေ့အတွက်အသင့်ပြင်ထားရတာပေါ့။ အဲတပ်ချုပ်လာမဲ့ ရက်ရောက်ပြီးကျွန်တော်တို့မှာရှိတဲ့လေသူရဲတွေဝန်ထမ်းတွေ လေတပ် အင်ဂျင်နီယာ တွေကလေယာဉ်ကွင်းမှာ အရင်စောင့်ကြိုကြတယ်။တပ်ချုပ်ကြီးကလေယာဉ်နဲ့  မလာဘူးရဟတ်ယာဉ်နဲ့လာတာ။အဲဒီရဟတ်ယာဉ်ထဲကနေ တပ်ချုပ်ကြီးက ဘုတ်အိဘုတ်အိနဲ့  ဆင်းလာပြီးကျွန်တော်တို့ရဲ့စခန်းမှူး။လေသူရဲတွေနဲ့ဝန်ထမ်းတွေကို နှုတ်ဆက်တယ်။ ပြီးတော့လေယာဉ်ရုံဆီသွားပြီး အဲဒီနောက်လေယာဉ်တွေကိုကြည့်ရင်းနဲ့ကျွန်တော်တို့  ကို ပြောလိုက်တာက "မင်းတို့  ကောင်တွေဒီပစ္စည်းတွေဟာမင်းတို့ အသက်ထက်အဖိုးတန်တယ်ကွ။ အဲဒီတော့ မင်းတို့  အသက်ထက်ဒီပစ္စည်းတွေကိုတန်ဖိုးထားရမယ် " တဲ့ကျွန်တော်တို့  ရင်ထဲမှာ 'ဒိန်း' ကနဲဆိုပြီး ဒေါသစိတ်များ ထွက်လာတယ်ဗျ……တော်တော်ကောင်းတဲ့လူချေးပါလား။ အဲဒီနောက်တပ်ချုပ်ကြီးကရဟတ်ယာဉ်တွေပြင်နေတဲ့ စက်ရုံဆီသွားပြီးရဟတ်ယာဉ်အစုတ် တွေကိုကြည့်ကာ "ဒီရဟတ်ယာဉ်တွေကိုနိုင်ငံခြားကနေ၀င်လာတဲ့ပစ္စည်းတွေ နဲ့  အစားထိုးပြင်ပြီး စမ်းမောင်းကြည့်ကြ တီတွင်ကြံဆအောင်ပွဲရတာပေါ့" ဆိုပြီးပြောပြန်တယ်ဗျာ။ကျွန်တော်တို့  စိတ်ထဲမှာတော့ "မင်းကိုယ်တိုင် လာစမ်းမောင်း ကြည့်ပါလားကွ။ဒါလုပ်ရတာအသက်ကို စွန့်  ပြီး လုပ်ရတာ။ကလေး ကစားစရာလိုစမ်းပြီးလုပ်ရတာမဟုတ်ဘူး။ဒီအရာမအောင်မြင်ရင် တစ်ခါ တည်းသင်္ချိုင်းဂုံးဆီမီးသဂြိုလ်စရာမလိုဘဲ ရဟတ်ယာဉ်နဲ့ တခါတည်းအပြီးသတ် အချောကိုင်ပြီးသာ ဖြစ်သွားမယ် "လို့  စိတ်ထဲကနေ မြည်းတွန်းတီးတောက် နေမိပါတော့တယ်ခင်ဗျား....

No comments: