.

.

.

May 24, 2008

ကယ်ဆယ်ရေးလုပ်သားအားလုံးကို လက်ခံရန် နအဖသဘောတူပြီဟု ဘန်ကီမွန်းပြော

ဆိုင်ကလုန်းမုန်တိုင်းဘေးမှ လွတ်မြောက်ကျန်ရစ်သူများကို ကယ်ဆယ်ရန်အတွက် နိုင်ငံတကာမှ ကယ်ဆယ်ရေးလုပ်သားအားလုံးကို ၀င်ခွင့်ပြုရန် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသည်။

ယနေ့နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် (၂) နာရီကျော်ကြာ တွေ့ဆုံဆွေးနွေး ပြီးနောက် ဘန်ကီမွန်းက ပြောကြားလိုက်ခြင်းဖြစ်ကြောင်း ဧဂျင်စီသတင်းများတွင် ဖော်ပြသည်။



“ဘယ်နိုင်ငံသား ကယ်ဆယ်ရေးသမားအားလုံးကိုမဆို ၀င်ခွင့်ပြုဖို့ သူ သဘောတူလိုက်ပါပြီ”ဟု ဘန်ကီမွန်းက သတင်းထောက်များကို ပြောသည်။ သို့သော် ကယ်ဆယ်ရေးဝန်ထမ်းများအား မည်ကဲ့သို့ လက်ခံမည်ဆိုသည်ကိုမူ အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရန်ကုန်လေဆိပ်ကိုလည်း အထောက်ကူပစ္စည်းများ ဖြန့်ဖြူးရေးအတွက် နိုင်ငံတကာဗဟိုဌာနအဖြစ် အသုံးပြုရန် သဘောတူခဲ့ကြောင်းလည်း ဘန်ကီမွန်းက ပြောသည်။

လွန်ခဲ့သည့် သုံးပတ်ခန့်က မြန်မာနိုင်ငံသို့ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဘန်ကီမွန်းက ဖုန်းဖြင့်ဆက်သွယ်ပြောဆိုသည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငြင်းဆန်ခဲ့ပြီး နောက်ဆုံး
အချိန်အထိ နိုင်ငံတကာမှ ကယ်ဆယ်ရေးလုပ်သားများ မြန်မာနိုင်ငံတွင်း ၀င်ခွင့်ပြုရေးကိုလည်းငြင်းဆန်ခဲ့သည်။

No comments: