.

.

.

May 7, 2008

Have you ever seen the spiritual events in your life? Series (1)


လူတိုင်း လူတိုင်းမှာ ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်လေးများ ရှိကြပါတယ်.....

ကျွန်တော်မှာလည်း ဒီလိုအဖြစ်အပျက်လေးတွေကိုကြုံတွေ့ ခဲ့တယ်.....ဒါကြောင့် စာဖတ်သူ

တို ဗဟုသုတ ရဖို့ ရန်အတွက်ကျွန်တော် ရေးဖို့ ဆုံးဖြတ်ခဲ့တယ်.......ဒါပေမဲ့ ဒီစာကိုဖတ်ပြီး

ရင်တော့စာဖတ်သူတိုရဲ့ အမြင်တွေက အများကြီးရှိလိမ့်ပါမယ်။ဒါတကယ်မှ ဟုတ်ရဲ့ လား

……..အကြံအဖန်တမင်တကာလုပ်ကြံဖန်တီးထားတဲ့စာလား……..စသည့်သဘောထား

အမြင်များ ရှိပါလိမ့်မယ်။ ဘယ်လိုဘဲရှိနေပါစေ ကျွန်တော်ကတော့ ဒီအဖြစ်အပျက်လေး

ကျွန်တော်ဘ၀မှာ ဖြစ်ပြီးတဲ့နောက်တကယ်ရှိပါလားဆိုတာ ယုံသွားတယ်။ ကဲ အပြော

မဟုတ် လက်တွေ အနေနဲ သိသွား အောင်စဖတ်လိုက်ကြအောင်……..


အချိန်က ၂၀၀၆ခုနှစ် သြဂုတ်လတွင် ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းအိမ်ကနေ

ကျွန်တော် အိမ်ကိုပြန်ခဲ့တယ်။ အဲဒီနောက် ကျွန်တော် လုပ်နေကြ အလုပ်များကို လုပ်နေ

ရင်းနဲ နာရီထိုးသွားတယ်။ အဲဒီအချိန်ရောက်တော့ ကျွန်တော် ညစာ စားလိုက်ပြီး

ကျွန်တော့်အဖေနဲ စကားပြောဖြစ်တယ်ဗျ။ ပြောရင်းနဲ စကားထဲမှာ မကြေနပ်ချက်လေး

တွေ ပေါ်လာတော့ အဖေက ကျွန်တော့်ကိုစိတ်ဆိုးခဲ့တယ်။ ကျွန်တော်ကတော့ ဘာမှ

ပြန်မပြောဘဲ အချိန်ကြည့်လိုက်တော့ ၁၀ နာရီထိုးပြီးသွားပြီး။ အဲဒီတော့ ကျွန်တော်

အိပ်ရာထဲ ၀င်လိုက်တယ်။ အိပ်ယာထဲ ၀င်ပြီး ကျွန်တော့်နဖူးပေါ်လက်တင်ပြီး စဉ်းစားနေ

တာက ကြိုးတစ်ချောင်းကို တဖက်နဲ့ တဖက် တင်းနေအောင်ဆွဲထားရင် ဒီကြိုးဟာ

မကြာခင် ပြတ်မယ်လို စဉ်းစားမိလိုက်တယ်။အဲဒီလို စဉ်းစားနေရင်းနဲ့ ကျွန်တော့် မွေ့ ယာ

နောက်က ဆိုပြီး အသံကြားလိုက်ရတယ်။ကျွန်တော်လည်းရုတ်တရက်ကြီးဆိုတော့`၀ှန်း

ဘာဖြစ်မှန်းမသိလို သွားကြည့်လိုက်တဲ့အခါ ကြိုးပြတ်နေတာ တွေ့ ရတယ်။အဲဒီ ကြိုးကြီး

က ကြိုးပါးပါးလေးလဲ မဟုတ်ဘူးဗျ။ ကြိုးအဆွေ့ အမြေလား ဆိုတော့လဲမဟုတ်ဘူးဗျ။

ကြိုးရဲ့ အသားက ထူပြီး အဲဒါကို နှစ်ခါပြန် တန်းထားတာ။ ကြိုးတန်းထားတဲ့ အရှည်ကလဲ

၁၅ပေရှိတယ်။ တင်းနေအောင် ဆွဲထားပြီး တန်းထားတာလဲ မဟုတ်ဘူးဗျ။ အဲဒီတော့ ကြိုး

ကမပါးတော့ ကြိုးပေါ် တင်ထားတဲ့ အင်္ကျီတွေကို ကြည့်တော့လည်း ခုလောက်ဘဲ ရှိ

တယ်။ကျွန်တော့်အဖေ လည်း အဲဒါကြားလို့ လားမသိဘူး သူ အခန်းထဲက ထွက်လာပြီး

လာကြည့်လိုက်တယ်။ ပြီးတော့ ကျွန်တော့်အိပ်ယာထဲ ပြန်ဝင်ပြီး ပြန်စဉ်းစားကြည့်တော့

အော်……..တကယ်ဖြစ်နိုင်ပါလားဆိုတာ……..ကောက်ချက်ချမိလိုက်တော့ပါတယ်ခင်ဗျား။


နောက် အဖြစ်အပျက်လေးတခုကိုတော့ အပိုင်း()မှာဆက်လက်ရေးသားတင်ဆက်ပါမည်။

No comments: