ဒီသတင်းတွေကြားရတော့ ဘယ်မှာလည်း ဘ၀လုံခြုံရေးဆိုတာ။
နအဖက ပြည်သူတွေ ဘ၀လုံခြုံရေးကို လုံးဝ မကာကွယ်ပေးနိုင်ပါလား။
မုန်တိုင်းဘေးဒဏ် ကျရောက်ခဲ့တဲ့နေရာဒေသတွေကို သွားရောက်ကူညီခဲ့တဲ့ ဆရာဝန်တစ်ယောက် ပြောပြလာတာ ကြားရတယ်။
မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ မိန်းကလေးတွေရဲ့  လုံခြုံရေး၊ လိင်ကိစ္စနဲ့  ပတ်သက်တဲ့ လုံခြုံရေးဟာ အတော်လေး စိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့  ကြားရပါတယ်။
မုန်တိုင်းတိုက်ပြီးစက ရေထဲမှာ ဒုက္ခရောက်လာတဲ့ မိန်းကလေးအချို့ ဟာ ဆယ်ယူသလိုနဲ့  ကုန်းပေါ်ဆွဲတင်ပြီး မုဒိန်းကျင့်ခံရပြီးတဲ့နောက် သတ်ပစ်ခံရကာ ရေထဲ မျှောပစ်တာမျိုးတွေ ခံခဲ့ရတာတွေ ရှိတယ်လို့ ကြားခဲ့ရကြောင်း သူကပြောပါတယ်။
ဒီထက်ပို တိကျတဲ့ သတင်းကတော့ ကယ်ဆယ်ရေးကလိုလို၊ ကြံ့ ဖွတ်ကလိုလို ဟန်ဆောင်ထားသူ တစ်ယောက်ဟာ မိန်းကလေးတစ်ယောက် (အသက်မပြည့်သေးတဲ့ ကလေးလေး) နဲ့  သူမရဲ့  မောင်ငယ်လေးတို့ ကို ဒုက္ခသည်စခန်းကို ပို့  ပေးမယ်ဆိုပြီး ခေါ်လာပြီးနောက်၊ တစ်နေရာကို ခေါ်သွားပြီး၊ မိန်းကလေးကို အဓမ္မကျင့်ပြီးနောက် တွေ့ ရာနေရာ တစ်နေရာကို ပို့ ပစ်ခဲ့တယ်လို့  ဆိုပါတယ်။ သိပ်မကြာခင်အချိန်မှာ ကောင်မလေးက ဆေးခန်းတစ်ခုကို သူ့ နည်းသူ့ ဟန်နဲ့  ရောက်လာပြီး အဲဒီက ဆရာဝန်ကို ဒီအဖြစ်ကိုပြောပြတော့ ဆရာဝန်က နောက်ကျမှ ရောက်လာတဲ့အတွက် သူဘာမှမတတ်နိုင်ကြောင်း စိတ်မကောင်းစွာနဲ့  ပြောပါသတဲ့။ (တကယ်က အခုခေတ်မှာ ကာမစပ်ယှက်ခံရပြီးနောက် (၇၂) နာရီအတွင်းမှာ ကိုယ်ဝန်မရအောင် သောက်လို့ ရတဲ့ ဆေးရှိတယ်လို့  ဆိုပါတယ်)။ အဲဒါ တကယ့်ကယ်ဆယ်ရေးစခန်းကို ရောက်လို့ အဲဒီကသူတို့ ဆရာဝန်တွေက သိရတဲ့ အချိန်မှာ ခုနစ်ရက်လောက် ကြာသွားပြီ။ ဘာမှလုပ်လို့  တကယ်မရတော့ဘူးလို့ ကြားရပါတယ်။
နအဖအနေနဲ့ လည်း ကိုယ်ကိုတိုင်လည်း မုန်တိုင်းဘေးဒုက္ခဘေးခံစားနေရတဲ့သူတွေကို ထိထိရောက်ရောက် လက်တွေ့  မှာလည်း မကာကွယ်ပေးနိုင်ဖူး၊ ကယ်လည်း မကယ်တင်ပေးနိုင်ဖူး၊ လုံလောက်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေလည်း မရှိဖူး၊ တတ်ကျွမ်းတဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအတတ်ပညာတွေလည်း မကျွမ်းကျင်ဖူးဆိုရင် နိုင်ငံတကာက အသိပညာရှင်တွေ အတတ်ပညာရှင်တွေနဲ့  ပြည်တွင်းက ကျွမ်းကျင်သူများနဲ့  လွတ်လွတ်လပ်လပ်တွဲဖက်ပေးပြီး ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေဘ၀ကို မိမိတို့ အာဏာမက်မောတည်မြဲရေးထက် ပိုပြီး အလေးပေးသင့်ပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့ ဒီလို လူမသိ သူမသိ ဆိုးရွားလှတဲ့ အဖြစ်အပျက်တွေ ပြည်သူတွေမှာ ခံစားကြုံတွေ့ ရနေဦးမှာ မလွဲပါဘဲ။
ပြည်သူတစ်ဦးချင်းစီတိုင်း ဘ၀လုံခြုံမှုပေးနိုင်တဲ့ စစ်မှန်တဲ့ အုပ်ချူပ်သူ ပြည်သူ့  အစိုးရလက်အောက်မှာ ဘ၀ရှင်သန် ဘေးရန်ကင်းခွင့် မနှေးအမြန် ပေါ်ပေါက်ပါစေလို့  ဆုတောင်းပေးလျက်ပါ။
အမေရိကန်ထောက်ပံ့ရေးလေယာဉ် အခေါက်တရာမြောက် မြန်မာပြည်သို့ ပို့ဆောင်ပြီး
ပြီးခဲ့တဲ့ အပတ်ကုန်မှာ မြန်မာနိုင်ငံကို အခေါက် ၁၀၀ မြောက် အဖြစ် ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ယူ ပျံသန်းပေးခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း ၁၃၄၀၀၀ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ပါတယ်။မန်မာနိုင်ငံကို မက်ထရစ် တန်ပေါင်း ၈၉၇ တန် အကူအညီ ပစ္စည်းတွေ အမေရိကန် က ပို့ခဲ့ပြီးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က မနေ့က ဆိုပါတယ်။
ဒါပေမဲ့၊ အမေရိကန် ရေတပ်သဘောင်္ ၄ စင်းကတော့ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာ ရပ်စောင့်နေရပြီး၊ ကမ်းကပ်ခွင့် မရသေးပါဘူးလို့ သူက ဆက်ပြောပါတယ်။
တနင်္ဂနွေနေ့မှာတော့ အမေရိကန်ကာကွယ်ရေး ၀န်ကြီး ရောဘတ် ဂိတ် (Robert Gates) က မြန်မာစစ်အစိုးရ ဟာ ရာဇ၀တ် ကြောင်းသင့်တဲ့ လျစ်လျူပြုမှု ကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နိုင်ငံခြား အကူအညီအပေါ် ကန့်သတ်ထားတာတွေ ကို ဖယ်ရှားမပစ်ခဲ့ရင်၊ လူတွေ ပို သေကြလိမ့်မယ်လို့ သူ က ပြောပါတယ်။ ရေတပ်သဘောင်္တွေကို ပြန်ခေါ်ဖို့ မကြာမီ ဆုံးဖြတ်မယ် လို့ ဆိုပါတယ်။
မုန်တိုင်းဘေးအန္တရယ် တုံ့ပြန်ခဲ့ပုံ နဲ့ ပတ်သက်ပြီး စစ်အစိုးရကတော့ လုပ်ဆောင်ချက်တွေ ကို တနင်္ဂနွေနေ့ က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။
မေလ ၃ ရက်နေ့ မှာ ကျခဲ့တဲ့ မုန်တိုင်းဘေးအန္တရာယ်ကို အာဏာပိုင်တွေ က ချက်ချင်း တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး၊ နိုင်ငံခြား အကူအညီတွေကို ဘယ်လို သတ်မှတ်ချက် မထားဘဲ ကြိုဆိုခဲ့ပါတယ်လို့ စစ်အစိုးရ ရဲ့ ဒု ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်အေးမြင့် က ဆိုပါတယ်။
စစ်အစိုးရဟာ မုန်တိုင်းကျပြီး ရက်သတ္တပတ် အတော်ကြာမှ နိုင်ငံခြား အကူအညီကို အကန့်အသတ် နဲ့ လက်ခံခဲ့ပါတယ်။ လူပေါင်း ၂ သန်း ကျော်ဟာ အစားအစာ၊ ရေ။ နဲ့ အမိုးအကာ တွေ လိုအပ်နေခဲ့ပါတယ်။
မုန်တိုင်းကျပြီးကတည်း က ပိတ်ထားခဲ့တဲ့ ကျောင်းတွေ ကို တနင်္လနေ့ မှာ စဖွင့်ပါတယ်။ ဒါပေမဲ့ လေဘေးသင့် ဒေသတချို့ က ကျောင်းတွေ ကို ဖွင့်ဖို့ နောက်တစ်လ ရွှေ့ထားပါတယ်။ မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ ဒေသတွေမှာ ကျောင်း ၈၀ % ကနေ ၉၀ အထိ ပျက်စီးသွားခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ UNICEF က ဆိုပါတယ်။
.
.
.
.
.
June 3, 2008
နအဖလက်အောက်ပြည်သူတွေရဲ့ဘ၀လုံခြုံရေး
ဘယ်ကဏ္ဍကလည်းဆိုတော့....
အကြားအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment