.

.

.

July 1, 2008

ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံးတွင် ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုး ကြံ့ဖွံ့ ရုံးအတွင်း ယနေ့ ၀၆:၃၀ချိန် တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း အဆောက်အဦး အောက်ထပ် အုတ်နံရံပြိုကျပျက်ဆီး သွားပြီး အောက်ထပ်ရုံးခန်း အတွင်းရှိ စားပွဲ ၃ လုံး ကုလားထိုင် ၇ လုံး ဘီဒို ၂ လုံး တီဗွီ ၁ လုံး တံခါးမကြီး တစ်ချပ် ပြတင်းပေါက် ၄ပေါက်တွဲ ၂ ချပ် ၊ အပေါ်ကြမ်းခင်း ကွာကျ သွားကြောင်းနှင့် လူထိခိုက်မှု မရှိကြောင်း သိရှိ ရပါတယ်။

ပေါက်ကွဲမှုသည် ယနေ့ နံနက်ပိုင်း လင်းအာရုံ စောစော ကြီးပိုင်း မိုးရွာအားကောင်းနေ စဉ် အစောင့် ကိုစန်းဝင်း သည် က ရုံးရှေ့ စိုက်ခင်းတွင် စိုက်ပျိုးရေးလုပ်ကိုင်နေပြီး မောမောနှင့် အပေါ်ထပ် တွင် အိပ်ပျော်နေကြောင်း သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာမရှိဘဲ စုံစမ်းစစ်ဆေးနေကြောင်း ကျောက်တံတားမြို့နယ် တာဝန်ကျ ရဲတဦးက ပြောသည်။

ဧပြီ (၂၀) ရက် က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် (၄) နေရာ၊ ဒဂုံမြို့နယ်၊ လမ်းမတော် မြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

No comments: