နအဖဟာ ရွေးကောက်ပွဲမှာ ၂၅% ပုံသေရယူထားရုံ အားမရသေးဘဲ လွှတ်တော်တွေမှာ မဲအများစု အနိုင်ရဖို့  အတွက် အနည်းဆုံး ၃၀% ထပ်မံ ရရှိရေး ကြံ့ဖွံ့  ကျောရိုးတစ်ခု ပါတီတစ်ရပ် ထူထောင်ဖို့  ရှိနေပါတယ်။ ကြံ့ဖွံ့  အမာ ခံ ပါတီထဲ သို့  အနားယူသွားတဲ့ ဒုဗိုလ်ချုပ်ကြီးတွေ ထည့်နိုင်သလို အာဏာအရူးဆုံး ဦးအောင်သောင်းဟာလည်း ကြံ့ဖွံ့  မှာ ချယ်လှယ်နေကြောင်း စစ်ဖက်နဲ့  နီးစပ်တဲ့သုံးသပ်သူများက ပြောဆိုနေကြပါတယ်။ ဒါ့အပြင် နအဖနဲ့  အလွမ်းသင့် တဲ့ တစည၊ ပအိုဝ့် ပါတီ အစရှိတဲ့ ပါတီတွေကို အတိုက်အခံပါတီများအား ဖျက်မြင်း အဖြစ် လုပ်ရန် အသုံးချနိုင်ကြောင်း နဲ့  KIA ကဲ့သို့  သဘောထား ပျော့ပြောင်းတဲ့ တိုင်းရင်းသား ပါတီများကိုသာ ရွေးကောက်ပွဲ ၀င်ခွင့်ပြုနိုင်ကြောင်း သုံးသပ်ကြပါတယ်။
.
.
.
.
.
July 4, 2008
Subscribe to:
Post Comments (Atom)


No comments:
Post a Comment