.

.

.

July 13, 2008

ဗိုလ်မှူးအောင်လင်းထွဋ်ပေးပို့တဲ့ ဂတိမတည်သော အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း

တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး လှမ်း(၁) ဌာနတွင် စစ်ဦးစီး ဒုတိယတန်း တာဝန်ထမ်းဆောင် ခဲ့ပြီး အမေရိကန်နိုင်ငံ ၀ါရှင်တန်ရှိ မြန်မာသံရုံးတွင် သံရုံးယာယီတာဝန်ခံ (Charge d' Affaires)အဖြစ်မှ နိုင်ငံရေးခိုလှုံသွားခဲ့သူ ဗိုလ်မှူးအောင်လင်းထွဋ်က တိုင်းရင်းသားလူမျိုးစု များအပေါ် ဂတိမတည်ခဲ့သော အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း ဆောင်းပါးပေးပို့လာပါတယ်။ ယခုလို ပေးပို့လာသော ဗိုလ်မှူးအောင်လင်းထွဋ်အား ကျွန်တော်ဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ စည်းလုံးခြင်းရဲ့အင်အား ဘာလော့ဂ်မှာ မှတ်တမ်း တင်အပ်ပါတယ်။









နောင်တတရား ရကြတော့မဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေရဲ့ သတင်းစကား

ဇွန်လဆန်းပိုင်းတွင် မော်လမြိုင်မြို့နယ်ရှိ ပဒိုအောင်ဆန်း ငြိမ်းချမ်းရေး အဖွဲ့နှင့်၊ ကြာအင်းဆိပ်ကြီးမြို့ နယ်နှင့် သံဖြူဇရပ်မြို့ နယ်ရှိ စောသမူဟဲ ကရင်ငြိမ်းချမ်းရေး တပ်ဦးအဖွဲ့ဝင်အချို့ ထံမှ လက်နက်များကို နအဖက သိမ်းယူလိုက်သည်။

ငြိမ်းချမ်းရေး မယူခင်ကတမျိုး၊ ယူတော့ တမျိုး နအဖရဲ့ အချိုး

ဇွန် (၂၉)ရက်က မွန်ပြည် မော်လမြိုင်မြို့ တွင် မွန်ပြည်သစ်ပါတီနှင့် နအဖတို့၏ ငြိမ်းချမ်းရေး (၁၃) နှစ်မြောက် အခမ်းအနားကျင်းပရာ နအဖဘက်မှ ဗိုလ်ကြီး တဦးသာ တက်ရောက်ပြီး မွန်ပြည်သစ်ပါတီ ဘက်မှလည်း အဆင့်နိမ့်အရာရှိများသာ တက်ရောက်ခဲ့ကြသည်။

သတင်းများကို ညွှန့်ပေါင်းသတင်းလွှာမှ ရရှိပါသည်။

No comments: