.

.

.

December 19, 2008

ရုရှားရောက် မြန်မာတပ်မတော် အရာရှိ KK အား ချေပချက်

စာဖတ်သူများခင်ဗျား

ကိုနစ်နေမန်း ဘာလောဂ်မှ ကူးယူဖော်ပြထားတဲ့ “မြေးတွေ မြစ်တွေပါ အလေးပြုနေကြရသော အခြေအနေ ရောက်ရှိနေပါပြီ” ဆိုတဲ့ ဆောင်းပါးကို ရုရှားရောက် မြန်မာတပ်မတော် အရာရှိ KK မှ ကျွန်တော် ကိုဖိုးတရုတ်ရဲ့  Blog ရှိ Cbox မှာ တုန့်ပြန် ရေးသားထားခဲ့ပါတယ်။ အဆိုပါ တုန့်ပြန်ရေးသားချက်အပေါ် ကျွန်တော့် Blog ရဲ့  ပရိသတ် တစ်ဦး ဖြစ်တဲ့ စစ်ဖက်နဲ့ နီးစပ်သူက ပြန်လည် ချေပချက်ကို ပေးပို့လာရာ ယခုလို ဖော်ပြပေးလိုက် ရပါတယ်။

ရုရှားရောက် မြန်မာတပ်မတော် အရာရှိ KK ရဲ့  တုန့်ပြန်ရေးသားချက်အပေါ် Cbox မှာ ပြန်လည်ရေးသားနိုင်ပေမဲ့ စာဖတ်သူများအနေနဲ့ KK ပြောနေသလို ထင်ယောင်ထင်မှား ဖြစ်သွားမှာ စိုးရိမ်လို့ အကျယ်တ၀င့် ဆောင်းပါး အသွင် ရေးသား ပေးပို့ရခြင်း ဖြစ်ပါတယ်။ KK အနေနဲ့ DSA ကျောင်းဆင်းတုန်းက ညစာစားပွဲမှာ ဗိုလ်သန်းရွှေရဲ့  မြေး ဖိုးလပြည့်က ဗိုလ်သန်းရွှေ ရဲ့ ရှေ့ မှာ လမ်းလျှောက်လာနေလို့ KK တို့ ဗိုလ်လောင်းတသိုက်ဟာ သူ့ကို အလေးပြုသလို ဖြစ်သွားခဲ့တာ မှတ်မိမယ် ထင်ပါတယ်။ မေ့နေတာလား.. မေ့ချင်ယောင် ဆောင်တယ်ဆိုရင် လက်တို့ပြီး သတိပေး လိုက်ပါတယ်။ KK ပြောသလို ဗိုလ်လောင်းတပ်ဖွဲ့က ဗိုလ်ရှုခံ စင်မြင့်ရှိ ဗိုလ်သန်းရွှေကို အလေးပြုရတဲ့ အတွက် သူတို့မိသားစုအား အလေးပြုတာ မဟုတ်တာကိုတော့ အတိုင်းအတာ တစ်ခုထိ လက်ခံပါတယ်။ ချီတက်ကြတဲ့ အခါမှာ ရှေ့ ဆုံးတန်းမှာ ထိုင်နေတဲ့ ဗိုလ်သန်းရွှေရဲ့  မြေးမြစ်တွေကို တိုက်ရိုက် အလေးမပြုရင်တောင်မှ သွယ်ဝိုက် အလေးပြုသလို ဖြစ်နေတာ သိမြင်ဖို့ လိုပါတယ်။ ကိုယ့် လူကြီး မိသားစုကို လေးစားနေရာပေးရတာ လိုတာထက် ပိုပြီး “ဖား” နေကြရတဲ့ သဘောကို မြင်ဖို့ လိုပါတယ်။ အာဏာရှင် လူကြီးများကလည်း အဲဒီလို “ဖား” ခံရတာကို ပီတိဖြာပြီး ကိုယ့်မိသားစုကို ဒူးနေရာ ဒူး၊ တော်နေရာ တော် ထားရမဲ့ ၀တ္တရား ပျက်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေရာ တကွက်ထဲ မဟုတ်ဘဲ ကျောင်းဆင်းပွဲ ညစာစားပွဲတွေအပြင် အခြားနေရာတွေမှာပါ ဖိုးလပြည့်ဆိုတဲ့ “ငတိ” ဟာ ပါလေရာ ငါးပိချက် ကင်မရာရှေ့ မှာ ကားယား ကားယား ကန့်လန့် ပါနေတာကို ပြည်သူလူထုက ရှုတ်ချနေကြပါတယ်။ ဥပမာ - နိုင်ငံတကာ လေဆိပ်မှာ ဗိုလ်မောင်အေးက ဗိုလ်သန်းရွှေကို လာကြိုနေတုန်း ဖိုးလပြည့် ဆိုတဲ့ “ငတိ” ရှေ့ မှာ ကားယားကားယားနဲ့ ပါနေတာကို မြင်ရင် KK ဘယ်လို ဆင်ခြေနဲ့ တုန့်ပြန်မလဲ။ DSA ကျောင်းဆင်းပွဲ ရောက်လာတဲ့ ရွှေညီအမတွေရဲ့  ထမီကို ခေါက်ဖို့ အရာရှိ ကတော်နဲ့ ဆရာကတော်တွေကို တာဝန်ပေးထားတာ KK ဘယ်လို ပြောမလဲ။ ဒီနေ့ KK တွက်နေတာက မြန်မာ တပ်မတော် အရာရှိတိုင်း စစ်အာဏာရှင်ကို ကြိုက်လို့ ထောက်ခံနေတယ် ဆိုရင် မှားမယ်။ မလွှဲမရှောင်သာလို့ အောင့်အီး သည်းခံနေရတာ ဖြစ်တယ်။ ဒါ့အပြင် နိုင်ငံတကာမှာ KK ရဲ့  စီနီယာ နောင်တော်တွေ ဖြစ်တဲ့ DSA အပတ်စဉ် (၂၀)၊ အပတ်စဉ် (၂၄) အကိုကြီးများ (သူတို့က မွေးရင် KK တို့အရွယ် သားတွေ ရှိပါတယ်) ရောက်နေကြပြီ ဖြစ်တာမို့ KK ဟာ လူတတ်ကြီး လုပ်ပြီး နေရာတကာ အာဏာရှင်ဘက်က ၀င်ကာကွယ်နေတာ ရပ်တန့်သင့်ပြီ ထင်ပါတယ်။ အဲဒီ နောင်တော်တွေက KK ထက် တပ်မတော်အကြောင်း၊ စစ်အာဏာရှင် အကြောင်း ပိုမို သိနေတာမို့ နွားခြေရာခွက်ထဲက ဖားသူငယ်လို မလုပ်ပါနဲ့၊ ယုတ်စွအဆုံး KK ရဲ့  ဘိုးတော်လည်း ဖြစ် DSA ဖခင်လို့ သမုတ်နေကြတဲ့ ဗိုလ်မောင်အေးရဲ့  အမျိုး စစ်အာဏာရှင် တစ်ဦးကတောင် ဒီလို ဖြစ်စဉ်တွေကို ရှုတ်ချတဲ့ အတွင်းသတင်းကို သိထားရင် KK ဘာပြောမလဲ။ KK ထင်သလို ဒီဆောင်းပါး သတင်းကို တပ်အကြောင်း ဂဃဏန မသိဘဲ တင်လိုက်တဲ့ သဘောမျိုး မဟုတ်နိုင်ပါ။ ယနေ့ နိုင်ငံတကာရော၊ ပြည်တွင်းရှိ ပြည်သူလူထုကပါ ကျယ်ပြန့်လာတဲ့ အင်တာနက် နည်းပညာနဲ့ ကွန်ပြူတာ နည်းစနစ်တို့အား ကျွမ်းကျင်စွာ သုံးတတ်ပြီး အမြင်ကျယ် လာကြပြီမို့ ဒီအာဏာရှင် မိသားစု TV မှာဘဲ ဖြစ်ဖြစ်၊ သတင်းစာမှာဘဲ ဖြစ်ဖြစ် ကားယားကားယား ပါနေကြတာကို ရှုတ်ချကြတဲ့ ပြည်သူလူထုထဲက ပေါက်ကွဲမှု သံစဉ်တစ်ခုသာ ဖြစ်ပါတယ်။ KK အနေနဲ့ တပ်မတော်မှာ အောက်ခြေ အရာရှိ၊ အကြပ်တပ်သားတွေရဲ့  ဒုက္ခဆင်းရဲ ကျပ်တည်းမှု အဖြစ်မှန်ကို ရင်ဖွင့်လိုက်စမ်းပါ။ ဒါမှမဟုတ် လုံခြုံရေးအရ ငဲ့ညှာရမယ်ဆိုရင်လည်း ကိုဖိုးတရုတ်နဲ့ ကိုနစ်နေမန်း ဘာလောဂ်တွေကို တခြားကလောင်နံမည် တစ်ခုနဲ့ ရဲရဲရင့်ရင့် မှန်မှန်ကန်ကန် အဖြစ်မှန် ပို့လိုက်ပါ။ လက်ကမ်း ကြိုဆိုပါလိမ့်မယ်။ KK ကိုယ်တိုင် ရုရှားမှာ တက်နေတဲ့ မြန်မာ့တပ်မတော် သူငယ်ချင်း အရာရှိတွေကို KK လိုဘဲ သဘောထား အမှန်တကယ် ရှိရဲ့လားဆိုတာ ဆွေးနွေးကြည့်လိုက်ပါဦး။

3 comments:

charmingny said...

than shwe ko lae .. alay ma pyu thint par bu .. .thu har .. 75 years old mot lot ... sit see kann aya .... sit bo choke ma hote tot par bu ... sit wit sone .. a yay chone htar tat ... arr nar shin ta yout thar pyit par tal ... KK ka .. arr lone de poke htle ka ... de pae .. lot pyaw htar tal .... yee sa yar par bae .... than shwe ayin ka ... de lo a pyit a pyat myo ... Nay Win tong ... ma lote kat par bu ... Arr nar shin ko ... alay pyu nay ya tat ... sit bo tway ko ... tha narr mi par tal ....

နိုင်ကို said...

နေရာတိုင်းမှာ ဦးသန်းရွှေရဲ့မြေးတွေမြစ်တွေပါနေရင်တော့ တစ်မျိုးပေါ့ အခုဟာက တစ်ခါတစ်လေလေး ပါတာကို အပြစ်ပြောနေပြန်ပြီကော...ဒီလိုပွဲမျိုးဟာ မင်္ဂလာရှိတဲ့ပွဲမျိုးမိုလို့ မိသားစုတွေ ပျော်ရွှင်စေခြင်တဲ့အနေနဲ့ ခေါ်ဆောင်လာခြင်းဖြစ်နိုင်ပါတယ်..ခင်ဗျားတို့လည်း ဒီလိုနေရာမျိုးမှာဆိုရင်လည်း ကိုယ့်မိသားစုကို ခေါ်ခြင်ခေါ်မှာပဲ အဲဒါက အပြစ်လို့ယူဆလို့မရပါဘူး....ဦးသန်းရွှေမှမဟုတ်ပါဘူး အခြားနိုင်ငံတွေရဲ့ခေါင်းဆောင်တွေလည်း ဒါမျိုးတွေ ရှိတတ်ပါတယ်...ဦးသန်းရွှေရဲ့မြေးတွေဟာ စီးပွားရေး နိုင်ငံရေး လူမှုရေးတွေမှာ အကုန်လုံးမျက်စိနောက်လာအောင် ပါလာရင်တော့ သူများပြောစရာဖြစ်လာမှာပေါ့...အခုက ကျောင်းဆင်းပွဲကို ၁ ခါပဲလာတာတွေ့ဖူးပါတယ်ဗျာ...အဲဒါ ဘာဆန်းလို့လဲဗျာ..ကျွန်တော်တို့ ဗိုလ်လောင်းတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုပဲ အလေးပြုတဲ့အတွက် နောက်ကလူတွေကို သိပ်ဂရုမစိုက်ပါဘူး...ဒါပေမယ့် မိမိတို့ အလေးပြုမယ့်သူနဲ့အတူ သူ့ရဲ့မိသားစုပါအတူတူရပ်ပြီး အလေးပြုရမယ်ဆိုရင်တော့ တွန့်ဆုတ်မိမှာပဲ..ဒါမျိုးကလည်း မဖြစ်သင့်ဘူး ရှိလည်းမရှိပါဘူး.....အဓိကကျွန်တော်ပြောခြင်တာကတော့ အလေးပြုခြင်းနဲ့ပတ်သတ်လို့ပါ...ကျန်တဲ့ ခင်ဗျားတို့ပြောနေတဲ့ ဟာတွေ မသိဘူး..အလေးပြုခြင်းနဲ့ပတ်သတ်လို့ သူ့ရဲ့မြေးမြစ်တွေနဲ့ မဆိုင်ဘူးဆိုတာပဲသိစေခြင်တာပါ..ဒါပါပဲ..

Father of the Army said...

KK အနေနဲ့ အခု ဆောင်းပါးကို သေသေချာချာ လေးလေးနက်နက် ဖတ်ကြည့်ဖို့ လိုပါတယ်။ ဦးသန်းရွှေ ရဲ့  မြေးတွေ တခါတလေ မကဘဲ အမြဲတမ်းပါနေကျ ဖြစ်တာမို့ ပြည်သူလူထုကကော၊ တပ်မတော်က အရာရှိတွေကပါ ပြစ်တင်ဝေဖန်နေကြတာကို သိစေချင်တယ်။ ကျွန်တော်တို့လည်း ဒီလို နေရာမျိုးရောက်ရင် မိန်းမကို ဖိတ်ကြားတဲ့ ဖိတ်စာမှာ ဇနီးဆိုတာ အထူးပါမှသာ ခေါ်မှာ ဖြစ်ပြီး မပါရင် မခေါ်ဘူးဆိုတဲ့ တပ်ထုံးစံကို လေးစားလိုက်နာရမှာဘဲ..။ ကလေးဆိုတာ ဝေးလာဝေးဘဲ။ အဲဒီ ဗိုလ်လောင်း ကျောင်းဆင်းပွဲမှာ အခြား ဗိုလ်ချုပ်တွေရဲ့  ဇနီး၊ ကလေးတွေ မဖိတ်ဘူးဆိုရင် တပ်ချုပ်ကလည်း ငါ အကြီးဆုံးဘဲဆိုလို့ အခွင့်အရေး ယူလို့ မရဘူး။ ခေါင်းဆောင်ဆိုတာ စံပြလိုက်နာရမဲ့ တာဝန် ရှိတယ်။ ဒါ နိုင်ငံတော် အခမ်းအနား ဖြစ်သလို နိုင်ငံတကာက ကြည့်နေတာမို့ စောင့်ထိန်းသင့်တယ်။ ကာတွန်းစာအုပ် ဖတ်ချင်ရင်လည်း ဒီလို အခမ်းအနားမျိုးမှာ မဖတ်သင့်ပါဘူး။ ဒါကြောင့် ဒူးနေရာဒူး တော်နေရာ တော် ထားရမယ်လို့ ပြောတာပါ။ KK ပြောသလို ဦးသန်းရွှေက သူ့မိသားစုကို ပျော်စေချင်ရင် မေမြို့ မှာ သီးခြား စီစဉ်ပြီး လုပ်ချင်ရင် အလွယ်လေးပါ။ တခြားနိုင်ငံ ခေါင်းဆောင်တွေမှာ မိန်းမက လွဲလို့ သားသမီးတွေ အပြင် မြေးတွေအထိ တပုံတပင်ကြီး ကားယားကားယား မပါ ပါဘူး။ အမှန်ကို တွေးတတ် မြင်တတ်ဖို့ လိုတယ်။