.

.

.

January 23, 2009

ကတိမတည်သော ရမခ တိုင်းမှူး-အောင်သန်းထွဋ်

သျှမ်းသံတော်ဆင့် မှကူးယူဖော်ပြပါသည်။

စာဖတ်သူများ ခင်ဗျား-

သျှမ်းသံတော်ဆင့်မှ ကတိမတည်ခဲ့တဲ့ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် အကြောင်းနဲ့ စပ်လျဉ်းပြီး စစ်ဖက်နီးစပ်သူများက ထပ်မံ ဖြည့်စွက်တင်ပြထားပါတယ်။ သူဟာ စစ်ရုံးမှာ ဗိုလ်ကြီးဘ၀နဲ့ န၀တ အတွင်းရေးမှူး(၂) ဗိုလ်ချုပ် တင်ဦးရဲ့  အိမ် PA ရာထူး ထမ်းဆောင်ခဲ့စဉ် နတခ ခြေလျင် တပ်ရင်း တစ်ရင်းသို့ တပ်ခွဲမှူး ဗိုလ်မှူး (ဗိုလ်ကြီး) ရာထူး တိုးမြှင့်ခံရသည်နှင့် တပ်ရင်းကို သတင်းပို့ပြီး ရှေ့ တန်း မဆင်းချင်လို့ စစ်ရုံးမှာ မသိမသာ ပြန်ခွေနေလိုက်ပါတယ်။ ဒါကို နတခ တိုင်းမှူး ဗိုလ်ချုပ်တင်လှက အဲဒီ တပ်ရင်းကို ရောက်တော့ စာရင်းရောက်ပြီး လူမရှိတဲ့ ဗိုလ်အောင်သန်းထွဋ်ကို သိသွားလို့ အချွန်နဲ့ “မ” လိုက်ကာ စစ်ရာထူးခန့်ချုပ်ရုံးသို့ အစီရင်ခံစာ တင်ခဲ့ပါတယ်။ ဒါနဲ့ တဆက်တည်း ဘားအံမှာ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး ရောက်ရှိစဉ် စစ်မြေပြင်၌ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး ကွပ်ကဲရေးမှူး အထူး တာဝန်ယူနေရသော စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ်မောင်လှက ဗိုလ်ကြီး စောအောင်နိုင်နှင့်အတူ ဗိုလ်အောင်သန်းထွဋ်ကို တွေ့သွားတာကြောင့် ဗိုလ်ချုပ်မောင်လှက နှိပ်ကွပ်လိုက်ပါတယ်။ အဲဒါကို သိလို့ သူ့ဆရာ ဗိုလ်ချုပ်တင်ဦး ကိုယ်တိုင် ဗိုလ်ချုပ်မောင်လှကို ချော့မော့ ပြောဆိုခဲ့ပေမဲ့ မအောင်မမြင် ဖြစ်ပြီး ခြေလျင်တပ်ရင်းကို ကသောကမျော ဆင်းသွားရတဲ့ ဗိုလ်အောင်သန်းထွဋ်ရဲ့ နောက်ကွယ်က ဇာတ်လမ်းလေးကို စာဖတ်သူများ သိရှိဖို့ ကျွန်တော် ကိုဖိုးတရုတ်က တင်ပြလိုက်ရပါတယ် ခင်ဗျား။

စစ်အစိုးရ၏ ရွှေလီမြစ် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဒေသခံလူထု၏ လယ်ယာများစွာ အဓမ္မသိမ်းယူခြင်း ခံခဲ့ရပြီး သဘာဝသစ်တောများစွာ ပြုန်းတီးသည့်အပြင် လျှပ်စစ်စီမံကိန်း ပြီးဆုံးသော်လည်း ပြည်သူများ လျှပ်စစ်မီး မသုံးရကြောင်း တရုတ်နယ်စပ် သတင်း ရပ်ကွက်က ဆိုသည်။

ယခုနှစ် မေလ လားရှိုးအခြေစိုက် ရမခ (အရှေမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က နမ့်ခမ်းမြို့ ကျားဖြူခန်းမ၌ မြို့ခံများအား “ရွှေလီမြစ် ရေအားလျှပ်စစ်စီမံကိန်း ပြီးဆုံးလျှင် ဒေသခံများကို ဦးစားပေး ဝေငှပေးမည်” ဟုပြောကြား ခဲ့သော်လည်း ယခုအခါ ရေအား လျှပ်စစ် စီမံကိန်း ရာနှုန်းပြည့်နီးပါး ပြီးစီးသွားသည့်တိုင် လျှပ်စစ်မီးကို မန္တလေး၊ မုံရွာ၊ စစ်ကိုင်း နှင့် စစ်အစိုးရ နေပြည်တော်သို့သာ ပို့ဆောင်ပေးနေကြောင်း၊ မြို့ခံများ မှာတရုတ်မီးကိုသာ အားထားနေရကြောင်း အသက် (၄၀) ကျော် တည်းခိုခန်း ပိုင်ရှင်တစ်ဦးက သျှမ်းသံ တော်ဆင့် ကို ဤကဲ့သို့ ပြောပြသည်။

“နမ့်ခမ်းမြို့အတွင်းမှာ ရေအားလျှပ်စစ်စက်ရှုံ ဆည်နှစ်နေရာ တည်ဆောက်တယ်။ တစ်ခုက တရုတ်ပြည်ကို လုံးဝ ရောင်းပေးဖို့။ နောက်တစ်ခုက ရွှေလီလွင်ပြင်ဒေသခံတွေကို ပေးမယ်လို့ပြောတယ်။ ဒါပေမယ့်ဒေသခံ တွေကတော့ အစိုးရမီးကို အားမထားရဲဘူး၊ ဘာလို့လဲဆိုတော့ ငွေကုန်ကြေးကျများပြီး မီးအား အဆင်မပြေမှာ စိုးလို့၊ မီတာဘောက် လျှောက်တဲ့သူအယောက် ၄၀ ကျော်လောက် ဘဲရှိတယ်။” မီတာဘောက် တစ်လုံးလျှင် ကျပ်ငွေ (၆၀၀၀၀) ပေးသွင်းရမည်ဖြစ်ပြီး လျှပ်စစ်မီးရလာလျှင် ယွမ်ငွေပေးရသည့် တရုတ်မီးကို ဖြတ်တောက် လိုက်မည်ဟုပြောကြောင်း၊ မီတာဘောက်တလုံး ၅ - ၆ သောင်းဟု ဆိုသော်လည်း ဟိုကြေး ဒီကြေး လာဘ်ထိုး ရသည်များနှင့် ပေါင်းလိုက်ပါက ၄-၅ သိန်း အထိ ကုန်ကျနိုင်ဖွယ် ရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောပြ ပါသည်။

မူဆယ်မြို့မဈေးမှ အသက် ၃၀ ကျော် နမ့်ခမ်းသားဈေးသည်တစ်ဦးကလည်း- “နမ့်ခမ်းက ရွှေလီမြစ်ရေအား ကနေ လျှပ်စစ်မီး ထုတ်သုံး နေတာကြာပြီ။ စစ်ကိုင်း၊ မုံရွာ၊ မန္တလေး နဲ့ ပျဉ်းမနား နေပြည်တော် ဘက်ကိုဘဲ ပို့ပေးနေတာ။ လျှပ်စစ်ဦးစီးမှူးကတော့ စမ်းသပ် ကာလလို့ ပြောတယ်။ ဒါတော့မတရားဘူး၊ ဆောက်လုပ်တုန်းက ဒေသခံတွေကို အဓမ္မလုပ်အားပေးခိုင်း၊ လယ်ယာတွေသိမ်း၊ နေအိမ် တချို့ ပြောင်းပေးရတယ်။”လို့ ပြောပြပါသည်။

မိုးတွင်းရေကြီးရင် ရွာကြီး ၄-၅ ရွာ သွားလာရေး ခက်ခဲကုန်တယ်။ နိုဝင်ဘာလဆန်းပိုင်းက ရွှေလီမြစ်ရေလျှံလို့ နမ့်ပေါ်ချောင်းပါ ရေတက်ပြီး မူဆယ် - ပန်ခမ်းလမ်း (၂) ရက် လုံးလုံးသွားလာလို့တောင်မရဘူး၊ ဒါတောင် မိုးသိပ်မကြီးသေးဘူး” - ဟုဆို၏။

ရွှေလီမြစ် မန်တတ်ရေအားလျှပ်စစ်သည် နမ့်ခမ်းမြို့ အနောက်တောင်ဘက် (၁၇) မိုင်အကွာတွင်ရှိပြီး၊ ဆည်တည်ဆောက်စဉ် အဓမ္မ လုပ်ပေးခိုင်းခြင်းခံရသော ဒေသခံ ပလောင်လူငယ်တစ်ဦး ရေနစ် သေဆုံးခဲ့ရသည်။ “အခု မန်တတ် ရွှေလီရေအားလျှပ်စစ်ဟာလည်း လောပိတရေအားလျှပ်စစ်နဲ့ တပုံစံဘဲ၊ ဟိုတုန်းကလည်း ဒေခံ တွေကို လျှပ်စစ်မီး အပြည့်အ၀ ခံစားစေရမယ်လို့ဆိုပြီး ချော့မော့ပြော လုပ်အား ပေးခိုင်းတယ်။ စီမံကိန်းပြီးတော့ လျှပ်စစ်မီးကြိုးသာ ရွာပေါ်ဖြတ်သွားတယ်။ လူထုဘ၀ ကတော့ ထူးမခြား နားဘူး၊ ကျောင်းသားတွေလဲ ဖယောင်းတိုင် ဆီမီးခွက်နဲ့ဘဲ လုံးပမ်းနေရတုန်း” ဟု သျှမ်းပြည်အရေး လေ့လာသော ပုဂ္ဂိုလ် တစ်ဦးကဆိုပါသည်။

No comments: