.

.

.

March 23, 2011

စစ်အာဏာရှင်များ အသိုင်းအဝိုင်းအတွင်း လှိုက်စားနေသော သတင်းများ


၂၀၁၁ ခုနှစ် မတ်လအတွင်း ၀န်ကြီးဌာနများမှ သတင်းအရ လက်ရှိဝန်ကြီးများ အနေဖြင့် နောက်ထပ် ရက်ပေါင်း အနည်းငယ်ခန့်သာ အာဏာရှိတော့မည်ဟု ပြောနေကြကြောင်း စစ်အာဏာရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ ဝန်ကြီးများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ မေးခွန်းများပါ လုပ်ဆောင်မှုများကို တတ်အားသရွေ့၊ တတ်နိုင်သရွေ့ လုပ်ဆောင်ပေးရမည့်အစား မလုပ်ပေးချင်သဖြင့် မေးခွန်းများကိုသာ ပြန်လည်ရုတ်သိမ်းခိုင်းနေကြောင်း အတွင်းသတင်းရရှိပါတယ်။ ခန့်မှန်းချက်များအရ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား မပြုလုပ်ခြင်းကြောင့် မတ်လ (၂၇) ရက်နေ့တွင် ထူးခြားမှု ရှိနိုင်မည်ဖြစ်ကြောင်း ဆက်လက် သတင်းပေးပို့လာပါတယ်။ စစ်ရုံးနှင့် နီးစပ်တဲ့ အသိုင်းအဝိုင်းများက ဆက်လက် သတင်းပေးပို့လာရာမှာ ထူးခြားချက် အနေဖြင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းဟာ လေတပ်စခန်းဌာနချုပ် အားလုံးသို့ စခန်းဌာနချုပ်တစ်ခုလျှင် တစ်ညအိပ် ခရီးစဉ် ရေးဆွဲကာ ဦးစီးအရာရှိများနှင့်အတူ အသေးစိတ် လိုက်လံစစ်ဆေးနေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ၂၀-၃-၂၀၁၁ တွင် မြန်မာပြည်အထက်ပိုင်း လေတပ်အားလုံး စစ်ဆေးမှုများ ပြီးစီးခဲ့ပြီး ၂၇-၃-၂၀၁၁ မတိုင်မီ မြန်မာပြည်အောက်ပိုင်း လေတပ်စခန်းများ (ဒလခ၊ လထခ(မင်္ဂလာဒုံ+မှော်ဘီ)၊ ပုသိမ်၊ မြိတ်) တို့အား အပြီးသွားရောက် စစ်ဆေးရန်ရှိပေမဲ့ ကက(ကြည်း)မှ စစ်ရုံးတွင် အရေးပေါ် ပြန်ထိုင်ပေးရန် ညွှန်ကြားလာကြောင်း သိရှိရပါတယ်။ လေချုပ်အနေဖြင့် ယခင်က ၁ နာရီခန့်သာ ဟန်ပြ တပ်စစ်ဆေးခဲ့သော ဟုမ္မလင်း လေတပ်စခန်းဌာနချုပ် အပါအ၀င် စခန်းဌာနချုပ်များစွာကို အသေးစိတ် စစ်ဆေးမည်ဟု သိရပါတယ်။ အလားတူ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်၊ ဆက်သွယ်ရေး ညွန်ကြားရေးမှူး၊ ဆေးဝန်ထမ်းညွန်ကြားရေးမှူး၊ အမြောက်ညွန်ကြားရေးမှူး စတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်များ အသီးသီးဟာလည်း ထူးခြားစွာ သူတို့ရဲ့တပ်ဖွဲ့အားလုံးသို့ တပ်စစ်ဟု ခေါင်းစဉ်တပ်ထားသော လှည့်လည်စစ်ဆေးမှုများကို ဆောင်ရွက်နေကြကြောင်းနဲ့ သူတို့ကိုလည်း စစ်ရုံးတွင် ရုံးထိုင်ဖို့ အရေးပေါ် ပြန်လည်ခေါ်ယူနေကြောင်း သတင်းရရှိပါတယ်။ မိမိတပ်ဖွဲ့များရဲ့ လက်ရှိ အခြေအနေများအား အမှန်အတိုင်းသိရန်ဟု ခေါင်းစဉ်တပ်ထားသလို တပ်မှူးများအားလည်း အခြေအနေ အမှန်အတိုင်းသာ တင်ပြရန် ပြောထားသော်လည်း ထူးမခြားနားသော ဟန်ပြ အစစ်ခံချက်များသာ ပြသမည်ဖြစ်ကြောင်း တပ်တွင်း အသိုင်းအဝိုင်းမှ သိရှိရပါတယ်။ တပ်စစ်စဉ် ပြောနေကျ လက်သုံးစကားအရ ဗိုလ်ချုပ်များဟာ ကောလဟလများ မယုံကြရန်၊ တပ်မတော်အပေါ် သစ္စာမဖောက်ရန်၊ သတင်းလုံခြုံမှု ဂရုပြုရန်များကိုသာ တွင်တွင်မှာမည်ဖြစ်ကြောင်း သတင်းပေးပို့လာပါတယ်။

No comments: