.

.

.

July 31, 2011

တပည့်မွေး၊ ဆရာမွေး တပ်မတော်ရဲ့အရေး မတွေးရဲစရာ


တပ်မတော်တွင် တော်လေးတော် (အဖားတော်၊ အမျိုးတော်၊ ဇာတာတော်နှင့် ကိုယ်တိုင်တော်) ရှိရာမှာ အဖားတော် ဆိုတဲ့ ဆရာမွေး၊ တပည့်မွေးမှုဟာ တပ်မတော်ရဲ့ အနာဂတ်အတွက် ရင်လေးစရာဖြစ်နေကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ အမှတ်(၅) ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ (DSA - 22) ဟာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ တပည့်ရင်းဖြစ်ပြီး စစ်တပ်ရဲ့ Line out စီတဲ့ စာရင်းထဲတွင် ထိပ်ဆုံးမှ ပါခဲ့သူဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ကြပ်ပြေးနေပြည်တော်သို့ စစ်အာဏာရှင်တွေ ပြောင်းရွေ့ခဲ့စဉ်က နေပြည်တော်တိုင်း စစ်ဌာနချုပ်မဖွင့်ခင် စစ်ဦးစီး ဗိုလ်မှူးချုပ် (စစ်ဆင်ရေး)နဲ့ စကခ(၆) တပ်မမှူး ပူးတွဲတာဝန်ထမ်းဆောင်ဖို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက သူ့အား လက်ရွေးစင် ရွေးချယ်ခဲ့တာဖြစ်တယ်။ အဲဒီနောက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်း တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်သွားပြီး မန္တလေးနန်းတွင်းဧည့်ရိပ်သာကို ထိုစဉ်က အာဏာဇောင်းထက်နေတဲ့ ဝန်ကြီး ဦးအောင်သောင်းကို နန်းတွင်းမှာ အစည်းအဝေး မလုပ်ဖို့ စာထုတ်တဲ့အထိ စိန်ခေါ်ခဲ့သူဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဖြစ်လာပြီး နောက်ပိုင်း သူ့အား နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကို ကိုင်တွယ်ရတဲ့ အမှတ်(၆) ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး မပေးတော့ဘဲ အမှတ်(၅) ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ပေးလိုက်တာကို ကြည့်ခြင်းဖြင့် ထောင့်ကပ်သွားတာဖြစ်ကြောင်း၊ ဒီလိုသာ ကိုယ်တိုင်တော်တဲ့သူကို နေရာကောင်းတွေမပေးဘဲ ယုံကြည်တဲ့သူကိုသာ ထိပ်ပိုင်းကို ဆွဲတင်နေသရွေ့ တပ်မတော်ရဲ့အနာဂတ်အရေး မတွေးရဲ စရာပင်ဖြစ်ကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အားသို့ သတင်းပေးပို့လာပါတယ်။

No comments: