
လေတပ်မှ ခွက်ပျောက်စစ်ဗိုလ်များအနက် Navigator/Signaller မှ အရာရှိဖြစ်လာတဲ့ ဗိုလ်သင်တန်းကျောင်းဆင်း (ဘွဲ့ရ အပတ်စဉ်) OTS (၉၉နှင့် ၁၀၀) တို့မှ အရာရှိ (၈) ဦးကို ပို့ဆောင်ရေး ၀န်ကြီးဌာနသို့ ပြောင်းပေးလိုက်ပြီး ဦးစီးအရာရှိအဆင့်သာ ပေးလိုက်ရာ လစာ ကျပ် ၇ သောင်း အောက်သာ ရသည့်အပြင် အဆင့်နိမ့်ရာထူးဖြင့်ပို့ကာ တမင်နှိပ်ကွပ်လိုက်သည် ဟု သိရှိရပါတယ်။ တဖန် ကက(လေ)မှာ ဖွဲ့စည်းပုံ ဌာနအသစ်တွေ ထပ်ဖွဲ့ဖို့ လူစာရင်း ပြုစုခိုင်းနေတယ်လို့ သိရပြီး ဆန္ဒပြုသူတွေကို ဦးစားပေးမယ်လို့ ဆိုပါတယ်။ အမှန်ကတော့ ဗိုလ်မှူးတွေ အရမ်းများနေလို့ မူလဖွဲ့စည်းပုံအတိုင်း နေရာမပေးနိုင်တော့သလို၊ လေယာဉ် တွေကလည်း မရှိတော့တဲ့အတွက် လူကြားကောင်းအောင် လုပ်တာဖြစ်ကြောင်း လေတပ်နဲ့ နီးစပ်သူများက သုံးသပ်ကြပါတယ်။ စစ်တက္ကသိုလ်ကျောင်းဆင်း DSA (၄၁ နှင့် ၄၂) တို့မှ ဗိုလ်မှူး များအနက် အများစုမှာ ထွက်စာတင်ခြင်း၊ အရပ်ဘက် ၀န်ကြီးဌာနအချို့သို့ ပြောင်းရန် ကြိုးစားနေကြကြောင်း ထပ်မံသိရှိရပါတယ်။
အလားတူ စစ်အင်ဂျင်နီယာ တက္ကသိုလ်ကျောင်းဆင်း၊ DSTA ဆင်း အင်ဂျင်နီယာ အများစုမှာလည်း ထိုကဲ့သို့ ဖြစ်နေကြောင်း သိရပါတယ်။ အဲဒီ အကြိတ်အခဲကို ဖြေနိုင်ဖို့ လေချုပ်က UAV Squadron, meteorological Squadronနဲ့ IT Research Squadron ဆိုပြီး လေသူရဲနဲ့ စက်မှုအရာရှိတွေကို စတင် ဆန္ဒတောင်းခံခိုင်းခြင်း ဖြစ်ပါတယ်။ အဲဒီဌာနတွေရဲ့ နေရာကတော့ လေတပ်အရာရှိများ သည်းခြေကြိုက် နေပြည်တော်/ရန်ကုန်နဲ့ မိတ္ထီလာ ၃ နေရာမှာဘဲ နေရမှာလို့ မက်လုံး ပေးထားပါတယ်။ ဒါပေမဲ့ လက်တမ်း အုပ်ချုပ်မှုနဲ့ စီမံမှု Plan သေချာမရှိပဲ ဖုတ်ပူမီးတိုက် လုပ်နေကျ ထုံးစံအတိုင်း လုပ်ပြန်ပြီလို့ လေတပ်နဲ့ နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အားသို့ သတင်းပေးပို့လာပါတယ်။
No comments:
Post a Comment