တပ်မတော်မှာ ရေတပ်တွင် လေယာဉ်တင်သင်္ဘော ဆောက်လုပ်နေကြောင်း ကက(လေ) အရာရှိများနဲ့ နီးစပ်သူများထံမှ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ ထိုင်းနိုင်ငံကို စစ်အင်အား ယှဉ်ပြိုင်တဲ့အနေနဲ့ ကက(ရေ)တွင် လေယာဉ်တင် သင်္ဘော တည်ဆောက်ခိုင်းနေကြောင်း သိရှိရပါတယ်။ လေယာဉ်တင်သင်္ဘောဟာ ကုန်ကျစရိတ်ကြီးမားပြီး နည်းပညာပိုင်းဆိုင်ရာမှာ စနစ်တကျဖြစ်ဖို့နဲ့ အရည်အသွေးမြင့်မားဖို့ လိုအပ်တယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်ကြပါတယ်။ တိုင်းပြည်စားဝတ်နေရေး ကြပ်တည်းပြီး နိုင်ငံစီးပွားရေး ချွတ်ခြုံကျနေတဲ့အချိန်တွင် လေယာဉ်တင်သင်္ဘော တည်ဆောက်လုပ်ဖို့ စစ်အာဏာရှင်တွေ စီစဉ်နေတာဟာ မိုက်မဲရာကျတယ်လို့ ဝေဖန်ကြပါတယ်။ အဲဒီ လေယာဉ်တင်သင်္ဘော တည်ဆောက်တဲ့ သတင်း ထွက်ပေါ်လာရတဲ့ သတင်းအခြေအမြစ်ကတော့ ၁-၇-၂၀၁၁ ရက်နေ့ ကက(လေ) အစည်းအဝေးခန်းမတွင် လုပ်သော လေးလပတ် အစည်းအဝေးမှ ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးဟာ ယခင်က ၂ ရက်သာလုပ်သော အစည်းအဝေးဖြစ်ပေမဲ့ ယခု ပိုကြာနေပြီး ပုံမှန်မဟုတ်သော အကြောင်းအရာများပါ ဆွေးနွေးကြကြောင်း သိရပါတယ်။ ဆွေးနွေးသော အကြောင်းအရာအသေးစိတ် မသိရသော်လည်း လေယာဉ်အသစ်များ ၀ယ်ယူရေး၊ အရာရှိများ ပြောင်းရွှေ့ရေး၊ အခြားမှုခင်းများ ဖြစ်ပွါးမှု၊ ထွက်စာတင်နေမှုများ ကိစ္စ၊ ရာထူးတိုးမြှင့်ရေး/ပြောင်းရွှေ့ရေးကိစ္စများ၊ သက်တမ်းကုန် လေယာဉ်များကိစ္စ၊ ရေတပ်မှ တည်ဆောက်နေသော လေယာဉ်တင် (ရဟတ်ယာဉ်တင်) သင်္ဘောပေါ်တွင် သုံးမည့် ရဟတ်ယာဉ်များ ၀ယ်ယူရေးကိစ္စများ၊ နည်းပြဆရာ လေသူရဲများ/ အရပ်ဘက် လိုင်စင်ရှိ ၀ါရင့်နှင့်ဝါနု လေသူရဲများ လေကြောင်းလိုင်းများသို့ ပြောင်းရန် ပြင်ဆင်နေမှုကိစ္စများ ၊ စစ်သည်များ သက်သာချောင်ချိရေး အမှန်တကယ်မည်သို့ ဆောင်ရွက်မည် ဆိုသည်များ၊ လေတပ်သတင်း အင်တာနက်ပေါ် ရောက်နေမှုများအား မည်သို့ တားဆီးမည်၊ အရေးယူမည် ဆိုသည်များ ပါဝင်နေကြောင်း သိရှိရပါတယ်။ ၆-၇-၂၀၁၁ တွင် ပျံသန်းရေးအုပ် အသီးသီးမှ အုပ်မှူးများအားလုံး မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်တွင် လေချုပ်အပါအ၀င် ဌာနချုပ်မှူးများနှင့် ထပ်မံ အစည်းအဝေး လုပ်ခဲ့ကြောင်း လေတပ်ရဲ့ အရာရှိများနဲ့ နီးစပ်သူများထံမှ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။
.
.
.
.
.
August 4, 2011
တပ်မတော်မှ လေယာဉ်တင် သင်္ဘောဆောက်မည်ဆို

Subscribe to:
Post Comments (Atom)
No comments:
Post a Comment