ဖောင်စီးရင်း ရေငတ်၊ လေတပ်စစ်သည်ဖြစ်ပြီး လေယာဉ်စီးခွင့်မရလို့ အသက်ပျောက်ရတဲ့ လေတပ်စစ်သည်တွေရဲ့ ဘဝအကြောင်း လေတပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ မြိတ် လေတပ်စခန်းဌာနချုပ်မှ ခွင့်ပြန်စစ်သည် တစ်ဦးဟာ ထားဝယ်နှင့် ရေးအကြား လက်နက်ကိုင် အဖွဲ့တဖွဲ့မှ ခရီးသည်တင်ကားအား ပစ်ခတ်မှုတွင် သေဆုံးသွားခဲ့တာကြောင့် စစ်သည် မိသားစုများ မကျေနပ်လျက်ရှိကြောင်း သိရှိရပါတယ်။ အဲဒီဖြစ်စဉ်မှာ ၂၈-၆-၂၀၁၁ က Y-8 လေယာဉ်ဖြင့် လိုက်ပါခွင့်မရသော စစ်သည်ဖြစ်ပြီး၊ ခွင့်ပြန်စစ်သည်များ Y-8 လေယာဉ်ကြုံဖြင့် မလိုက်ရဟူသော ဌာနချုပ်မှူးရဲ့ တားမြစ်ချက်ကြောင့် ထိုသို့ ကားလမ်းဖြင့်ပြန်ရာမှ နယ်မြေ မအေးချမ်းမှုရဲ့ သားကောင်ဖြစ်သွားရတယ်လို့ မိသားစုများက ရင်ထုမနာပြောကြားခဲ့ပါတယ်။ လေတပ်ရဲ့ င်္သချိုင်းတစ်ခုဖြစ်တဲ့ မြိတ် လေတပ်စခန်းဌာနချုပ်လိုမျိုး ဝေးလံခေါင်ဖျား တပ်များမှ စစ်သည်များ သွားလာမှု အဆင်မပြေခြင်းများအား အရာရှိများက ဂရုတစိုက် ပြုလုပ်ပေးခြင်းမရှိဘဲ ပစ်ပယ်ထားခြင်းဟာ ရက်စက်ရာကြကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ လေတပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သတင်းပေးပို့လာပါတယ်။
.
.
.
.
.
August 6, 2011
မလုံခြုံတဲ့ လေတပ်စစ်သည်တွေရဲ့ဘဝ

ဘယ်ကဏ္ဍကလည်းဆိုတော့....
ကြားဖြတ်သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment