.

.

.

May 11, 2008

အဆိုတော် ကိုင်ဇာ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းများ

ပြည်တွင်း ပြည်ပ က မြန်မာတွေ ကမ္ဘာတ၀ှမ်းက ပြည်သူတွေ အားလုံးက နာဂစ်မုန်တိုင်းကြောင့်

မျက်ရည်ကျနေချိန်၊ သူက ပြုံးလို့ ရွှင်လို့  vote yes ထောက်ခံတဲ့သီချင်းဆိုလို့ ။ပြည်သူ့ အနုပညာရှင်

မဟုတ်တော့ အာဏာရှင်အကြိုက် အနုပညာလုပ်စားနေရရှာတဲ့  ဖက်ခွက်စား အဆိုရှော် ကိုင်ဇာ

ဖြစ်သွားရှာပြီ။

သူ့ သတင်းတွေ ပြည်ပမှာ ကြားနေတာကြာပြီ ။ ပြည်ပမှာ လာနေတုန်း credit ကဒ်တွေ

အကြွေးသုံးတာအလွန်များပြီး ၊ ပြန်မဆပ်နိုင်တော့လို့ ၊မြန်မာပြည်ကို ပြန် ထွက်ပြေးခဲ့ရတယ်။

အမေရိကန်နဲ့ အင်္ဂလန် အစိုးရတို့ က ကိုင်ဇာကို လူဆိုးနာမည်ပျက်စာရင်းသွင်းကာ

ဖမ်းဝရမ်းထုတ်ထားတယ်လို့ ကောလဟလတွေ ကြားခဲ့ရတယ်။ဘိန်းဘုရင်လော်ဆစ်ဟန်တို့ လို

နိုင်ငံတကာအစိုးရတွေက အလိုရှိသူတွေကို စစ်အာဏာရှင် တွေက တရားခံတွေနဲ့ အပေးအယူလုပ်

ကာကွယ်ပေးနည်းအတိုင်း ၊ကိုင်ဇာလည်း ဒီမိုကရေစီ အစိုးရတွေလက်ထဲ အဖမ်းခံရမယ့်ဘေးက

လွတ်အောင်န၀တ ၊ နအဖ တို့ ထံ နားလည်မှုယူ အပေးအယူလုပ်ထားတာသေချာလောက်တယ်။

ဒါ့ကြောင့် ပြည်သူ သေရင်သေပစေ ၊ ကိုင်ဇာ မာရင်ပြီးရော ပုံစံနဲ့  အဖမ်းခံရမှာကြောက်လို့ နအဖ

ဖားတဲ့သီချင်းတွေ သီဆိုကာဒေ၀ဒတ်အားပေးတဲ့ အလုပ်တွေ လုပ်နေတာ သေချာပါတယ်။

ဒါ့ကြောင့် ကိုင်ဇာကဲ့ သို့  ပေါ်ပေါ်ထင်ထင် ဖားကြသူများကိုရော ၊ မသိမသာ ဖားကြကုန်သော

အနုပညာရှင်တိုင်းကို ဆန့် ကျင် သပိတ်မှောက်ဖို့ လိုအပ်ကြောင်း တိုက်တွန်းအပ်ပါတယ် ။

ပြည်သူ့ အနုပညာရှင် ကျော်သူ ၊ ဇာဂနာ တို့ ကဲ့သို့ လည်းကောင်း ၊ အဆိုတော် မာမာအေးတို့ ကဲ့သို့ 

ပြည်သူ့ ဘက်တော်သား အနုပညာရှင်များ ကို အတုယူခြင်း၊ ထောက်ခံ အားပေးခြင်းတို့ ပြုလုပ်ကာ

ပြည်သူ့ ချဉ်ဖတ် နအဖတို့ အလိုကျ ဖားနေကြသော အနုပညာလုပ်စားနေသူများ၏ ရုပ်ရှင်၊ သီချင်း

စသည်တို့ကို မကြည့်ရှု။ နားမဆင်ဘဲ သပိတ်မှောက် သင့်ပြီဖြစ်ကြောင်း ပြည်သူ တဦးအနေဖြင့်

အသိပေးရေးသားအပ်ပါတယ်။

No comments: