.

.

.

May 11, 2008

ကယ်ဆယ်ရေးလုပ်ငန်းများမလုပ်ဘဲ ဆန္ဒခံယူပွဲသာ ပြုလုပ်နေတဲ့ နအဖကို ဂျပန်အစိုးရမှ ပြစ်တင်ဝေဖန်



ဝန်ကြီးများရုံးဝန်ကြီး
နောဘုနာကာ မချိမူရ (Chief Cabinet Secretary Nobutaka Machimura)


နားဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားကြတဲ့သူများ၊ အိုးမဲ့အိမ်မဲ့ မိမဲ့ဘမဲ့စားရမဲ့

သောက်ရမဲ့ဘ၀ ရောက်နေကြသော မြန်မာနိုင်ငံသူ/သားများရဲ့အရေးကိစ္စကိုဦးစားပေး

မလုပ်ဆောင်ပဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ မူကြမ်းအတည်ပြုနိုင်ဖို့အတင်းအကျပ်ထောက်ခံ

ဆန္ဒခံယူပွဲကိုသာ သဲကြီးမဲကြီးပြုလုပ်နေတဲ့နအဖစစ်အုပ်ကိုဂျပန်အစိုးရမှဝေဖန်ပြစ်တင်

စကားပြောဆိုပါတယ်။

အစိုးရပိုင်NHKတီဗွီသတင်းဌာနမှ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသောအခြေအနေများကို

နေ့စဉ် ထုတ်လွှင့်ပြသ လျက်ရှိနေပြီး၊ ကူညီပေးဖို့အတွက် အဆင်သင့်ဖြစ်နေသောဂျပန်

အန်ဂျီအိုအဖွဲ့အစည်းများကို တိုကျိုမြို့၊ ရှင်နာ ဂါဝါရပ်ကွက်ရှိ မြန်မာနအဖစစ်အခွန်ရုံးမှ

အကြောင်းအမျိုးမျိုးပြကာ ဗီဇာထုတ်ပေးမှုငြင်းဆန်ခံနေရမှုများ ကိုလည်းထုတ်လွှင့်ပြသ

နေလျက်ရှိပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံထုတ်သတင်းစာများတွင်လည်း

မယုံကြည်နိုင်ကောင်းလောက်အောင် မြန်မာစစ်အစိုးရဆိုတဲ့ခေါင်းစည်းစာတမ်းအမည်းများနှင့်

မျက်နှာဖုံးသတင်းတွင် ရေးသားဖော်ပြထားကြပါတယ်။ဝန်ကြီးများရုံးဝန်ကြီး နောဘုနာကာ မချိမူရ

(Chief Cabinet Secretary NobutakaMachimura)က မြန်မာစစ်အစိုးရဟာ ကျနော်တို့ ဆီက

ငွေ ($10 million) တောင်းတယ်။ ပေးလိုက်ပြန်ရင်လည်း ထိရောက်မှုမျိုးမဖြစ်မှာကို ကျနော်တို့ 

အရမ်းစိုးရိမ်ပါတယ်။ကျနော်တို့ ဆီက Japanese Red Cross တွေ အပါအ၀င်၊ Nongovernmental

organization တွေကို ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးဖို့ ကို အခုအချိန်အထိ အကြောင်း

မပြန်သေးဘူး။ဆန္ဒခံယူပွဲထက် ကိုယ်နိုင်ငံသားတွေရဲ့ ဒုက္ခအခက်အခဲပြဿနာကို

အရင်ဖြေရှင်းပေးဖို့ သင့်တယ်။သူတို့  (နအဖစစ်အုပ်စု)ဘာတွေစဉ်းစားပြီး လုပ်ဆောင်နေသလဲ

မသိဘူး.....ဟုပြောဆိုလိုက်ပါတယ်။ဂျပန်ဝန်ကြီးချုပ် ယာဆုအို ဖူကုဒါ(Yasuo Fukuda)ကလည်း

အကူအညီပေးမည့်သူများကိုလက်ခံဖို့ငြင်းဆန် နေတဲ့မြန်မာနအဖကို ပြစ်တင်စကား ပြောဆို

လိုက်ပြီးဆန္ဒခံယူပွဲပြုလုပ်မယ့်အစား ပြည်သူလူထုရဲ့ဒုက္ခတွေကို လက်တွေ့ကျကျ

ရင်ဆိုင်ဖြေရှင်းပေးဖို့လည်း ပြောဆိုထားပါသေးတယ်။ဂျပန်လွှတ်တော်အမတ်များကလည်း

မြန်မာနိုင်ငံသူ/သားများကိုကူညီဖို့အတွက်အရေးပေါ်ရံပုန်ငွေကောက်ခံကာ ပြည်ဝင်ခွင့်ရမည့်

ဂျပန်အန်ဂျီအိုမှတာဝန်ခံများကိုပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

No comments: