အရှင်နာယကသည် ၂၀၀၀-ခုနှစ်က အိန္ဒိယနိုင်ငံ မာဂဓတက္ကသိုလ်တွင် ပါရဂူ ဒေါက်တာ ဘွဲ့ကို ရရှိခဲ့ပြီး၊ ယခုအခါ အမေရိကန်နိုင်ငံ နယူယောက်မြို့ ကိုလံဘီယာ တက္ကသိုလ် သမိုင်း ဌာနတွင် ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်နေသည်။
ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးနောက် အမေရိက၊ ဥရောပနှင့် အာရှနိုင်ငံများကို သွားရောက် ကာ မြန်မာနိုင်ငံအရေးကို ဟောပြောနေတဲ့ ရဟန်းတော်တပါးလည်း ဖြစ်ပါသည်။ အမေရိကန် ဆီးနိတ်လွှတ်တော်၊ ဂျပန်ဆီးနိတ်နဲ့ အောက်လွှတ်တော်မှာလည်း ရွှေဝါရောင်တော်လှန်ရေး အပြီးမှာ မြန်မာနိုင်ငံအကြောင်း သွားရောက်ကြားနာ စစ်ဆေးခံခဲ့သည်။ တခြားနိုင်ငံ တက္က သိုလ် အများအပြားမှာလည်း မြန်မာနိုင်ငံအကြောင်းကို သွားရောက်ဟောပြောနေသော ဆရာ တော်တပါး ဖြစ်ပါသည်။
ဗုဒ္ဓသာသနာပြုအဖွဲ့အမည်ဖြင့် အမေရိကန်တွင် ပထမဆုံးသော ရခိုင်ကျောင်းကို တည် ထောင်ကာ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်နေသူ ရဟန်းတော်တပါးလည်း ဖြစ်သည်။ သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာအဖွဲ့ အမေရိကန်အရှေ့ပိုင်းဒေသ အတွင်းရေးမှူး လည်း ဖြစ်ပါသည်။
နိရဉ္စရာ။ ။ အရှင်ဘုရား၊ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ အနာဂတ်မှာ ပြေလည်နိုင်မယ့် အလားအလာ ရှိတယ်လို့များ ထင်မြင်မိပါသလား။ ဘာဖြစ်လို့လည်း ဆိုတော့ မြန်မာ လူထုတွေ တောင်းဆိုနေတာက ဒီမိုကရေစီ၊ နအဖစစ်အုပ်စု ပြုလုပ်နေတာက စစ်အာ ဏာရှင်စနစ် သက်ဆိုးရှည်ရေး၊ ဒါဟာ ၀ိရောဓိပဲ အရှင်ဘုရား။ အရှင်ဘုရားရဲ့ အမြင်လေး တွေကို သိပါရစေ။
အရှင်နာယက။ ။ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ အလွန့်အလွန် ရှုပ်ထွေးလှပါတယ်။ ဒီရှုပ်ထွေး မှုကို ဖန်တီးခဲ့တဲ့ ၀ါရင့်နိုင်ငံရေးသမားများဟာ မိမိတို့ဖန်တီးခဲ့တဲ့ ပြည်တွင်းစစ်ကြီးကို အမှန် တကယ် ငြိမ်းချမ်းအောင် မလုပ်နိုင်ခဲ့တဲ့အတွက် သမိုင်းမှာ ဇာတ်သိမ်းခန်း မကောင်းခဲ့ကြပါ။ သူတို့မွေးထုတ်ခဲ့တဲ့ စစ်အာဏာရှင်များကို သူတို့ကိုယ်တိုင် မကိုင်တွယ်နိုင်ခဲ့တဲ့အတွက် အခု လိုပြဿနာတွေနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ မြန်မာစစ်တပ်မှာ သတ္တိရှိရှိနဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အမြင်မရှိပါ။ ဒီမိုကရေစီ လိုလားတဲ့ ခေါင်းဆောင်များနဲ့ စစ်တပ်က ဖြေရှင်းပေးလိုတဲ့ အမြင်သဘောများရှိရင် အဖြေရှာလို့ရနိုင်ပါတယ်။
အဲသလို အဖြေမရှာတဲ့အပြင် ပြဿနာကို ပြဿနာလို့မမြင်ဘဲ ဒီအတိုင်း ဆက်သွားနေရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ပြဿနာဟာ ပိုမိုရှုပ်ထွေးလာနိုင်သလို အနာဂတ်အတွက် အန္တရာယ် များတယ်ဆိုတာကို တိုင်းပြည်အာဏာကို ရယူထားတဲ့ ဗမာလူမျိုးတွေအနေနဲ့ နားလည်ဖို့လို တယ်။ ဦးဇင်းအမြင်ကတော့ ဘယ်ပြဿနာမဆို ဖြေရှင်းလို့ရပါတယ်။ အဓိကတော့ ဖြေရှင်း လိုတဲ့ အရင်းခံစိတ်ဓါတ်ပါ။
နိရဉ္စရာ။ ။ အခု နအဖ စစ်အစိုးရ ပြုလုပ်မယ့် ဆန္ဒခံယူပွဲမှာ နအဖ အနိုင်ရရင်လည်း သူတို့ ဖွဲ့စည်းအုပ်ချုပ်နဲ့ သူတို့အုပ်ချုပ်သွားမယ်။ အနိုင်မရရင်လည်း နောက်ထပ် စစ်တပ်က ပုံစံတ မျိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်သွားလိမ့်မယ်ဆိုပြီး သုံးသပ်နေကြပါတယ်။ ဒီမိုကရေစီလှုပ်ရှား သူတွေအတွက် ထွက်ရပ်လမ်းမရှိဘူး။ လမ်းပိတ်နေတယ် ။အဲဒါ မှန်တယ်လို့ ယူဆပါသလား။ မယူဆဘူးဆိုရင် ဘာကြောင့်ပါလဲအရှင်ဘုရား အမြင်လေးသိပါရစေ။
အရှင်နာယက။ ။ ထွက်ရပ်လမ်းပိတ်နေတာက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေမဟုတ်ဘူး၊ စစ်ခေါင်းဆောင် တွေသာဖြစ်ပါတယ်။ စက်တင်္ဘာ အရေးအခင်းမှာ ရဟန်းသံဃာတွေကို ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်ကတည်းက တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေဟာ တဖြည်းဖြည်းနေရာကျဉ်းလာတာကို မြင်တွေ့လာရတယ်။ သူတို့ဟာ ရာဇ၀တ်သားကောင်း တွေ ဖြစ်တယ်ဆိုတာကိုလည်း က မ္ဘာ ကအာရုံစိုက်လာကြတာကို တွေ့ရပါတယ်။
မြန်မာ့သမိုင်းမှာ အင်မတန် ရာဇ၀င်ရိုင်းလှတဲ့ ဤသမိုင်းကြွေးကို ဘယ်သူက ပေးဆပ်မှာလဲ ဆိုတာ မေးစရာဖြစ်လာနေပါတယ်။ ပြီးတော့ ဗမာလူမျိုးတို့၏ စာရိတ္တကိုတောင် အနောက် တိုင်း ပညာရှင်တွေအကြားမှာ အခုအခါ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။ အထူးသဖြင့် အမှားထဲကအမှန်ကို မရှာတတ်တဲ့ စစ်ခေါင်းဆောင်တွေပြုလုပ်မယ့် ဆန္ဒခံယူပွဲမှာ သူတို့ အနိုင်ရမယ်လို့ တွက်ချနေတာရယ် ပြည်သူလူထုနဲ့ကမ္ဘာကြီးတခုလုံးကို မထီမဲ့မြင်ပြုလုပ် နေတာဟာ သူတို့သွားမယ့်လမ်းကို သူတို့ဖန်တီးနေတယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပါ။ မကြာခင်သူတို့ရဲ့ကြမ္မာကို သမိုင်းကဆုံးဖြတ်ပေးမှာပါ။ သူတို့လုပ်ချင်သလို လုပ်လို့ မရဘူးဆိုတာကို ပြည်တွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ အရေးတော်ပုံတွေက သက်သေပြနေပါတယ်။
နိရဉ္စရာ။ ။ ရခိုင်ပြည်သူလူထုအဖို့ နအဖ စစ်အစိုးရတက်တက် ဒီမိုကရေစီအုပ်စုတွေဘဲ အာဏာရရ မထူးဘူး။ ဗမာတွေရဲ့အောက်မှာ ဆက်လက် အအုပ်ချုပ်ခံဘ၀နဲ့ နေသွားရလိမ့် မယ်ဆိုပြီး သုံးသပ်ပြောဆိုသံတွေအပေါ်မှာကော အရှင်ဘုရား အမြင်လေး သိပါရစေ။
အရှင်နာယက။ ။ ရခိုင်ပြည်သူများ၏ လက်ရှိအခြေအနေဟာ အဆိုးဝါးဆုံး အခြေအနေကို ကျရောက် ရင်ဆိုင်နေရတဲ့အတွက် အမြင်ကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘာပဲ ပြောပြော ဖယ်ဒရယ်ပြည်ထောင်စု အဆင့်ကိုသာ ရောက်ရှိလာရင် ယခုလက်ရှိ အခြေအနေ ထက် အများကြီးသာပါလိမ့်မယ်။ ဒါပေမယ့်လည်း အဲဒီအဆင့်ကို ရောက်ဖို့ဆိုတာ ခုအချိန်မှာ တော့ သိပ်မလွယ်ကူသေးပါဘူး။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘယ်အခွင့်အရေးမဆို ဗမာ စစ်ခေါင်းဆောင်တွေ ပေးလာမှာကို မျှော်တကိုးကိုးနဲ့ စောင့်ဆိုင်းမနေသင့်ပါ။ ဘယ်အခွင့် အရေးမဆို တိုက်ယူရပါတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်ယူတာဟာ လက်တွေ့ကျ ပါတယ်။
နိရဉ္စရာ။ ။ ရခိုင်အမျိုးသားတွေအကြား နိုင်ငံရေးအမြင်မတူမှုက နက်နက်ရှိုင်းရိုင်း ရှိနေပါ တယ် အရှင်ဘုရား။ အဲဒါက ဘာလဲဆိုတော့ တချို့ကဗမာပြည်ထောင်စုထဲမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရင် လုံးလောက်ပြီ။ တချို့ကလည်း ရခိုင်ပြည်ဟာ ဗမာတွေနဲ့တွဲနေသမျှ ဆင်းရဲတွင်းက လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် လုံးဝလွတ်လပ်ရေးလမ်းကြောင်းကို ဦးတည်သင့်တယ်ဆိုပြီး ယုံကြည်ချက်နဲ့ ချီတက်နေသူတွေလည်း ရှိပါတယ်ဘုရား။ အဲဒီအပေါ်မှာ အရှင်ဘုရား အမြင်ကိုသိပါရစေ။
အရှင်နာယက။ ။ သမိုင်းရေစီးကြောင်း၏ အပြောင်းအလဲဒဏ်ကြောင့် အမြင်မတူညီမှုတွေ ဖြစ်လာရတာ ရခိုင်တမျိုးတည်းမဟုတ်ပါဘူး။ ကမ္ဘာအနှံ့မှာလည်း သဘောထားချင်း မတူတာ တွေ အမြင်မတူမှုတွေဟာ အများကြီးရှိပါတယ်။ ဒီလိုဖြစ်လာရတာကို ရခိုင်နိုင်ငံရေးသမားအ ချင်းချင်း နားလည်သဘောပေါက်ဖို့ အလွန်အရေးကြီးပါတယ်။ နောက်တခု အရေးကြီးတာက တန်းတူရေးဘဲဖြစ်ဖြစ်၊ လွတ်လပ်ရေးပဲဖြစ်ဖြစ် ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တိုက်ယူရတာ က ပိုမိုလက်တွေ့ကျပါတယ်။ ကိုဆိုဘို ခုလိုလွတ်လပ်ရေးရမယ်ဆိုတာ မည်သူကမှ ကြိုတင် မတွက်ဆခဲ့ပါ။ နောက်ပြီး အရှေ့တီမောရဲ့ ဖြစ်ပေါ်ပြောင်းလဲလာမှုကို ရခိုင်သားတွေ နမူနာ ယူဖို့ကောင်းပါတယ်။
နိရဉ္စရာ။ ။ ယခု နအဖက ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို လေ့လာတွေ့ ရှိချက်တွေအရ ရခိုင်အမျိုးသားတွေအတွက် ဘာမှမထူးခြားဘူး။ ဗမာစစ်တပ်နဲ့ မဟာဗမာ လူမျိုးကြီး ၀ါဒအောက်မှာ ရာသက်ပန် စစ်ကျွန်ဘ၀နဲ့ နေသွားရလိမ့်မယ်။ ရခိုင်အမျိုးသား တွေရဲ့ လုံခြုံတည်တန့်ရေးဟာ မသေချာတဲ့ အနေအထားမှာရှိတယ်။ ခုလိုအခြေအနေမျိုးမှာ ရခိုင်အမျိုးသားတွေ ဘာလုပ်သင့်တယ်လို့ ယူဆပါသလဲ။
အရှင်နာယက။ ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတင်းလက်နက်အားကိုးနဲ့ အတည် ပြုရင်လည်း လူထုက လက်ခံမှာမဟုတ်ပါဘူး၊ နောက်ပြီးနိုင်ငံတကာကလည်း လက်မခံဘူး ဆိုတာကို အတိအလင်း ကြေငြာထားပါတယ်။ ပြည်တွင်းက ရခိုင်လူထုလှုပ်ရှားမှု အရမ်းအား ရဖို့ ကောင်းပါတယ်။ မိမိတို့အကျိုးစီးပွားကို အကာအကွယ် ပေးနိုင်လောက်တဲ့ အမျိုးသား အင်အားစုတရပ် လိုအပ်နေပါတယ်။ သို့မှသာ ရခိုင်လူမျိုးများ၏ ယုံကြည်အားကိုးမှုကို ရနိုင်ပါ လိမ့်မယ်။
နိရဉ္စရာ ။ ။ ရခိုင်လူငယ်တွေအပေါ် အမှာစကားနည်းနည်းပြောပေးပါ။
အရှင်နာယက။ ။ ယနေ့ရခိုင်လူငယ်များဟာ ဝေဖန်ပိုင်းခြားတတ်တဲ့ဥာဏ်၊ စဉ်းစားတွေးခေါ် တတ်တဲ့ ဥာဏ်များ ကိုယ်စီကိုယ်ငှ ရှိကြပါတယ်။ အရာရာကို မျက်စိမှိတ် လက်ခံလေ့ မရှိကြ တော့ပါ။ အရာရာကို ကောင်းကျိုးဆီလျှော်မှု၊ သဘာဝအခြေခံကျမှုကို လေ့လာသုံးသပ်၍သာ လက်ခံလာကြပါတယ်။ အနာဂတ်ကာလ၏ အဖြစ်အပျက် အပြောင်းအလဲများဟာ ပစ္စုပ္ပန်၏ လွှမ်းမိုးခြင်းကို ခံရမှာဖြစ်သလို ပစ္စုပ္ပန်သည်လည်း အတိတ်ကာလမှ ဖြတ်သန်းပေါ်ပေါက်လာ ခြင်းဖြစ်ပါတယ်။ ရခိုင်သမိုင်း၊ ယဉ်ကျေးမှု၊ စာပေသမိုင်းအမွေအနှစ်များအဖြစ် ထားရစ်ခဲ့တဲ့ ဖိုးဖီးဘီဘင်များ၏ ကျေးဇူးဟာ အလွန်ကြီးမားပါတယ်ဆိုတာကို ရခိုင်လူငယ်များအနေနဲ့ လက်ခံယုံကြည်ပြီးသား ဖြစ်နေတဲ့အတွက် အမျိုးသားရေး တာဝန်တရပ်အနေနဲ့ အမျိုးသား အမွေအနှစ်တွေကို အလေးအနက် ထိမ်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်သည်ကိုလည်း အထူးမှာ ကြားချင်ပါတယ်။
ယနေ့ရခိုင်လူငယ်ထုဟာ အနာဂတ်ကို ဦးဆောင်ဦးရွက်ပြုမယ့်သူများ ဖြစ်ကြပါတယ်။ ထိုလူငယ်များ၏ ယနေ့အတွေးအခေါ်များဟာ အနာဂတ် ရခိုင်ပြည်ရဲ့ အရေးဖြစ်တဲ့အတွက် အနာဂတ်လူငယ်များရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ မိမိတို့ လူမျိုးအပေါ် အမြင်သန့်စင်ဖို့လည်း လိုပါတယ်။ အထူးသဖြင့် ကိုယ့်လူမျိုးကို ကိုယ်အထင်သေး၊ အမြင် သေးတဲ့လူငယ်များ မဖြစ်ဖို့လိုပါတယ်။ တိုင်းပြည်နဲ့လူမျိုးကို ကူညီစောင့်ရှောက်လိုတဲ့ အမျိုး သားစိတ်နဲ့ မိမိတို့၏ဘ၀ကို တိုးတက်အောင် ပြုပြင်ကြိုးစားသင့်ပါတယ်။ မိမိတို့၏ ဘ၀ကို မြှင့်တင်ခြင်းဖြင့် အနာဂတ်ဦးဆောင်မှုကို ရယူနိုင်အောင် ကြိုးစားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
.
.
.
.
.
June 9, 2008
အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ် သမိုင်းဌာနမှ ဧည့်ပါမောက္ခ အရှင်နာယကနှင့် တွေ့ဆုံမေးမြန်းခန်း
ဘယ်ကဏ္ဍကလည်းဆိုတော့....
တွေ့ ဆုံခြင်း
Subscribe to:
Post Comments (Atom)


1 comment:
ဒီဆရာတော်မှာ မျိုးချစ်စိတ်အင်မတန်ပြင်းထန်တယ်ဆိုတာ သေခြာပါတယ်။
( ဒါပေမယ့် ဗမာလူမျိုးတို့၏ စာရိတ္တကိုတောင် အနောက်တိုင်း ပညာရှင်တွေကြားမှာ အခုအခါ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။ )
စစ်အစိုးရဟာ ဗမာလူမျိုးတွေကို ကိုယ်စားမပြုပါဘူးဗျာ။ စစ်အစိုးရကို ဘယ်ဗမာလူမျိုးမှ မကြိုက်ပါဘူး။ ရွှေဝါရောင်တော်လှန်ရေးရဲ့ အဓိက ဦးဆောင်သူ ဆရာတော်ဟာလည်း ရခိုင် လူမျိုးတော့မဟုတ်ပါဘူး။ ဒါတွေထားပါတော့လေ။ စစ်အစိုးရကို မကျေမနပ်ဖြစ်လို့ ပြောတဲ့ အခါမှာ အစိုးရကိုဘဲ ပြောစေချင်ပါတယ်။ လူမျိုးကိုပါတပါတည်း ထည့်ပြီး မပြောသင့်ပါ။ အမြင်မကျဉ်းစေချင်ပါ။ စစ်အစိုးရဘဲဖြစ်ဖြစ် ၊ ဘယ်အစိုးရဘဲဖြစ်ဖြစ် မကောင်းဘူး ဖိနှိပ်ချူပ်ချယ်တယ်ဆိုရင် ဒါဟာ မြန်မာတမျိုးသားလုံးရဲ့ ရန်သူပါ။ တနည်းပြောရရင် အမျိုးဘာသာ သာသနာ ရဲ့ရန်သူပါ။ နိုင်ငံတခုလုံးရဲ့ အောက်မှာ ချစ်စရာကောင်းတဲ့ တိုင်းရင်းသားတွေ အားလုံး အေးချမ်းသာယာဖို့ ဘုံရန်သူကို ဘဲ တိုက်ရင်ကောင်းပါမယ်။
လူမျိုးရေးခွဲခြားတတ်တဲ့ စိတ်မျိုးမဟုတ် တဲ့ နိုင်ငံချစ်စိတ် နဲ့ လုပ်တဲ့ နိုင်ငံရေးကသာ " စစ်မှန်တဲ့ သမိုင်းမော်ကွန်းဝင် ခေါင်းဆောင် " တွေကို မွေးထုတ်ပေးတာပါဗျာ။
ကျွန်တော် ရခိုင်သမိုင်းကို စိတ်ဝင်စားသလို ၊ ရခိုင် ယဉ်ကျေးမှု ၊ ရခိုင်အစားအစာ ကစလို့ အကုန်စိတ်ဝင်တစားရှိတတ်တဲ့ မြန်မာလူမျိုးတဦးပါ။ ယဉ်ကျေးမှုအဆင်အလာ ကြီးမားလှတဲ့ ရခိုင် အမျိုးသားတို့ကိုသိပ်လေးစားတယ်ဆိုတာ ပြောစရာကို မလိုတော့အောင်ပါ။
အပြင်လူတယောက်အနေနှင့် ကျွန်တော်စိုးရိုမ်နေတာပြောပရစေဗျာ။ ရခိုင်လူမျိုးနှင့် ရခိုင်ပြည်ကို ဝါးမျိုနေတဲ့ အနီးကပ် ပထမ ရန်သူဟာ " မူစလင်ကုလား " ပါ။ ရခိုင်တွေရဲ့ အစဉ်အလာကြီးမားလှတဲ့ မျိုးချစ်စိတ်၊ အမျိုးဘာသာ၊ သာသနာ ချစ်စိတ် တွေနှင့် ယဉ်ကျေးမှုအဆင်အလာ ကြီးမားလှတဲ့ ရခိုင်ပြည်ကြီး ကို တတိတိ ဝါးမျိုနေတာကြာပါပြီ။
ပထမရန်သူကို သတိထားပြီး ရှင်းပါ။ ဒုတိယရန်သူကို တိုက်တဲ့ အခါ စည်းလုံးတဲ့စိတ်နဲ့ ပူးပေါင်းပါလို့ ဘဲပြောပရစေ ဆရာတော်အရှင်သူမြတ်ဘုရား ။
Post a Comment