.

.

.

July 5, 2008

မီးရထားလမ်းလုံခြုံရေးတာဝန်ကျ ရဲဘော်သုံးဦးမှ တာဝန်ကျအရာခံနှင့် အကြပ်ကြီးတို့ အား ရဲဒင်းဖြင့် ခုတ်သတ်

ရန်ကုန်-မန္တလေးမီးရထားလမ်းအား နှစ်ဖာလုံလျှင် ကင်းတဲတစ်တဲနှုန်းဖြင့် မီးရထားလမ်းလုံခြုံရေး တာဝန်ကျ လျှက်ရှိသော ရဲဘော်သုံးဦးမှ သူတို့အား အုပ်ချုပ်သူ အရာခံနှင့် အကြပ်ကြီးတို့ အား ပြီးခဲ့သော ဇွန်လအတွင်းက ရဲဒင်းဖြင့် ခုတ်သတ်ပြစ်လိုက်သည်ဟု ကညွတ်ကွင်းမှ လာသောသတင်းများအရသိရသည်။

ဖြစ်ပွားပုံမှာ ရန်ကုန်-မန္တလေးမီးရထားလမ်းလုံခြုံရေးဟုဆိုကာ မီးရထားသံလမ်းတစ်လျှောက် နှစ်ဖာလုံလျှင် ကင်းတဲတစ်ခုနှုံးဖြင့် ချထားသော ကင်းတဲများအား တာဝန်ကျ တပ်ရင်းမှူးမှလိုက်လံစစ်ဆေးရာ ကင်းတဲတစ်ခုမှ ရဲဘော်များက မိမိအားအလေးပြုခြင်းမရှိသဖြင့် ခေါ်ယူစစ်ဆေးခဲ့သည်။ ထိုရဲဘော်များမှ မိမိတို့အနေဖြင့် ညအချိန်ဖြစ်သောကြောင့် မသိရှိပါသဖြင့် အလေးပြုရန် ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြရာ တပ်ရင်းမှူးမှ ထို ရဲဘော်သုံးဦးအား ပါးရိုက်ဆုံးမခဲ့သည့်အပြင် သူတို့နှင့်အတူ တာဝန်ကျ တပ်ကြပ်ကြီး တစ်ဦးနှင့် အရာခံဗိုလ် တစ်ဦးတို့အား ပြစ်ဒဏ်အဖြစ် မိမိအိမ်တွင် ဖက်ထိပ် (လုပ်အားပေး) ဆင်းရန် အမိန့်ချသည်။

ထိုကြောင့် ထိုတာဝန်ကျနှစ်ဦးက ရဲဘော်များအား ထပ်မံ ရိုက်နှက်ဆူပူကြိမ်းမောင်းကာ သူတို့ကိုယ်စား တပ်ရင်းမှူးအိမ်တွင် ဖက်ထိပ်အလုပ်ဆင်းစေခဲ့သည်။ အမှန်မှာ တပ်ရင်မှူးလာရောက် စစ်ဆေးစဉ်ကမူ ထိုတာဝန်ကျနှစ်ဦးသည် ကင်းတဲအတွင်း အရက်မူးအိပ်ပျော်နေသောကြောင့် တပ်ရင်းမှူးကင်းလာစစ်မည်ကို ရဲဘော်များအား အသိမပေးခဲ့ခြင်းဖြစ်သောကြောင့် ရဲဘော်များမှာ တပ်ရင်းမှူးအား အလေးမပြုနိုင်ခဲ့ခြင်း ဖြစ်သဖြင့် အပြစ်ပေးပြီးညမှာပင် အပြစ်ပေးခံရသော ရဲဘော်သုံးဦးမှ တပ်ကြပ်ကြီးနှင့် အရာခံဗိုလ်တို့အား မလိမ့်တစ်ပတ်နှင့် တစ်ယောက်ချင်းခေါ်ယူကာ ရဲဒင်းဖြင့်ခုတ်သတ်ပြီး ကိစ္စတုန်းစေခဲ့ ကြောင်း သိရှိရသည်။

1 comment:

I don't know. said...

ခုတ်သတ်တယ်ဆိုတော့ စိတ်မကောင်းဘူး ပိုပြီး စိတ်မ
ကောင်းတာက လူမှားပြီး သတ်မိတာကို ပေါ့ဗျာ
သူတို့သတ်ရမယ့်လူက ........?
အဲဒီလိုပဲ စဉ်းစားတက်တဲ့ ဦးနှောက်မရှိလို့ ရဲဘော်ဖြစ်နေ
တာလို့ အထက်အရာရှိများက နှိမ်ဦးမယ်
တပ်ရင်းမှုးကရော ဘာဖြစ်သတဲ့ တုန်း
ဘာမှ မဖြစ်လောက်ပါဘူး