.

.

.

July 6, 2008

စွမ်းအားမြှင့် စစ်သည်တော်တွေကို ကြောက်ရွံ့ နေတဲ့ နအဖ

ရွှေပြည်သာမြို့ နယ်က ကြံ့ဖွံ့ ရုံးကို ဗုံးဖောက်ခွဲ ခံရမှုကြောင့် အဆောက်အဦး တစ်ခုလုံး နီးပါး ပျက်စီးသွားတဲ့ အကြောင်း သတင်းတင်ခဲ့ပြီး ဖြစ်ပါတယ်။ ယခု အခါ နအဖဟာ ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ ကြံ့ဖွံ့ တွေရဲ့  မြို့ နယ်၊ ခရိုင်၊ တိုင်း ရုံးများ အပါအ၀င် ကြံ့ဖွံ့  ဌာနချုပ် ရုံးကြီးနဲ့ သူတို့ ရဲ့  စီးပွားရေး လုပ်ငန်း အဆောက်အဦးတွေကို (၂၄) နာရီ ကင်းတွေ ချကာ ကြောက်လန့်  တကြား ကာကွယ်လျက်ရှိပါတယ်။ ကျောင်းတွေကို သွားတဲ့ ကားဂိတ် မှတ်တိုင် တွေနဲ့  လိုင်းကားတွေကို ကြံ့ဖွံ့ နဲ့  စွမ်းအားရှင်တွေက ဗုံးကဲ့သို့  ဖောက်ခွဲရေး ပစ္စည်းများနဲ့  ဖောက်ခွဲရေး သမားများကို အသည်းအသန် ပျာလောင်ခတ် ရှာဖွေနေကြောင်း ရန်ကုန်မြို့ မှ သတင်း ပေးပို့ လာပါတယ်။ ဒါ့အပြင် ကြံ့ဖွံ့  အချင်းချင်း ကိုပင် မယုံသကာင်္ ဖြစ်နေမှုများ တွေ့ ရှိနေရပြီး ရွှေပြည်သာမှ NLD အဖွဲ့  ၀င် တစ်ဦးကိုလည်း သွေးရူးသွေးတန်းနဲ့  ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သတင်းရရှိပါတယ်။
ရေးသားတင်ဆက်သူ - ကို ဖိုးတရုတ်

No comments: