.

.

.

July 25, 2008

ဗိုလ်မှူးအောင်လင်းထွဋ်ပြောပြတဲ့ နအဖအတွင်းရေး

စာဖတ်သူများခင်ဗျား -

အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံနဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး လှမ်း(၁) မှာ စစ်ဦးစီးမှူး ဒုတိယတန်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်က ဒီဗွီဘီ ဌာနနဲ့ အင်တာဗျူး လုပ်ခဲ့တဲ့ ဗွီဒီယိုကို အမေရိကန်နိုင်ငံ ၀ါရှင်တန်မှ ကျွန်တော်ထံ ပေးပို့လာပါတယ်။ ဤ ဗွီဒီယိုမှာ ဒီပဲယင်း ကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့် သဘောထားကွဲလွဲပုံတွေ၊ ဗိုလ်ခင်ညွှန့်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဗိုလ်သန်းရွှေအား ကြိုတင်သတင်း မပို့ဘဲ ရာဇာလီကို ရန်ကုန်သို့ ခေါ်ယူပုံတွေ၊ ဗိုလ်ခင်ညွှန့်အား ဗိုလ်သန်းရွှေက အာဏာထိန်းချုပ်လာပုံတွေ၊ အမျိုးသားညီလာခံစတင်ပါက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မဲ့အစီအစဉ်တွေကို ခရေစေ့တွင်းကျ တင်ပြထားပါတယ်။ ကျွန်တော့်ကို ယခုလိုပေးပို့လာတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။



No comments: