.

.

.

July 12, 2008

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းဖြင့် သင့် မသင့်

သတင်းကောင်းပါးခြင်း

ကျွန်တော် ကိုဖိုးတရုတ်ရဲ့ ဘာလော့ဂ်မှာတွေ့ဆုံဆွေးနွေးခန်း အစီအစဉ် ကိုထည့်သွင်းထားပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းနဲ့ သင့် မသင့် ဆိုတဲ့ခေါင်းစဉ်နဲ့ စတင်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဗိုလ်ထက်မင်းနှင့် ဆရာ ဂါမဏိ တို့ကို ကျွန်တော်နဲ့ အတူ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာမို့ မကြာမီ ရက်အတွင်း ချစ်ပရိသတ်များကို တင်ပြသွားမှာ ဖြစ်ကြောင်း ကြိုတင်သတင်းကောင်းပါး လိုက်ပါတယ်။


ကြပ်ပြေးကို ကြောက်ပြေး ပြေးရတဲ့ နအဖရဲ့  ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ အပိုင်း(၁)

စာဖတ်သူများခင်ဗျား -

ကြပ်ပြေးကို ပြေးရတဲ့ အကြောင်းရင်းကိုဖတ်ရလို့  ပြည်တွင်းက တပ်နဲ့ နီးစပ်သူ က နောက်ကွယ် ဇာတ်လမ်းများ ရှိနေသေးတဲ့အကြောင်း ဖြည့်စွက်ပေးပို့လာပါတယ်။ ဒါကြောင့် ကျွန်တော်ကိုဖိုးတရုတ်မှ စာဖတ်သူများ လေ့လာနိုင်ရန် ဆက်လက် တင်ပြပေးလိုက်ပါတယ်။

ကြပ်ပြေးကို ရွေ့ဖို့ ၂၀၀၁-၂၀၀၂ ခုနှစ်ကတည်းက စတင်အကောင်အထည် ဖေါ်လာကြောင်း၊ ယခင် အတွင်းရေးမှူး (၂)က ရဟတ်ယာဉ် ပျက်သေဆုံး၊ အတွင်းရေးမှူး(၃)ကအရေးယူခံရလို့ ပြုတ်နဲ့ နအဖလည်း ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပေးခဲ့ရကြောင်း၊ အဲဒီနောက် ဗိုလ်သူရရွှေမန်းကို ညှိနှိုင်းကွပ်ကဲရေးမှူးဆိုပြီး အစဉ်အလာ မရှိဘဲရာထူးတီထွင် ခန့်အပ်ခဲ့လို့ ဗိုလ် မောင်အေးနဲ့ ဗိုလ်ခင်ညွှန့်တို့က ဘ၀င်မကျခဲ့ကြောင်း၊ ဗိုလ်ရွှေမန်း ကိုယ်တိုင် စစ်ရုံးကို ရောက်ခါစမှာ မီးစင်ကြည့် 'က' ပြီးသတိထားနေရတာကို သွားရောက် တွေ့ဆုံခဲ့တဲ့ သူ့ရဲ့ တပည့် (လယ်/ဆည်) ၀န်ကြီးဌာန ကစက်ရုံမှူး ဗိုလ်မှူးတစ်ဦးထံမှ သိခဲ့ရကြောင်း၊ ဗိုလ်ရွှေမန်းရဲ့  မဟေသီ ဒေါ်ခင်လေးသက်ဟာကျောင်း ဆရာမဖြစ်ခဲ့ လို့ ဗိုလ်သန်းရွှေ ရဲ့  အသည်းကျော် ဖိုးလပြည့်ကို ထိန်းရင်း စာသင်ပေးဖို့ စိတ်ချရတဲ့သူ လိုနေတာကို စစ်ဖက်လက်ထောက် ဗိုလ်ချုပ်နေ၀င်းက ရှာဖွေနေချိန်မှာ လိုင်းဝင်သွားပြီး နေရာ ရလာကြောင်း၊ ဗိုလ်သန်းရွှေက Balance of Power ထိန်းတဲ့ အနေနဲ့ ကြပ်ပြေးမှာ ဒုဗိုလ်ချုပ်မှူးကြီးတစ်ဦး၊ ရန်ကုန်မှာ ဒုဗိုလ်ချုပ်မှူးကြီးတစ်ဦးထားကာ ဗမာပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းကိုခွဲ၊ ရုံးထိုင်စေပြီး ဗိုလ်ရွှေမန်းကို ထိုးတင်ခဲ့ဖို့ လျာထားခဲ့ကြောင်း၊ မူလက ကြပ်ပြေးကို စစ်ရုံးတစ်ရုံးကိုသာ ပြောင်းရွေ့ဖို့ ရည်ရွယ်ခဲ့ ကြောင်း၊ နောက်ပိုင်း ဗိုလ်ခင်ညွှန့်နဲ့ နောက်ပါ တသိုက်လုံးကို ဖြုတ်၊ ထုတ်၊ ချ ခဲ့လို့ သူတို့ရဲ့  အတွင်းစည်း သိနေတဲ့သူများ ပီပီ အန္တရယ် ကြီးမားလာနိုင်လို့ အားလုံးရွေ့ခဲ့ကြောင်း၊ ထိုစဉ် ရန်ကုန်မြို့ မှာ ဗုံးကွဲခဲ့တဲ့ နေရာ (၃) နေရာအနက် တနေရာဖြစ်တဲ့ Junction 8 Supermarket ဟာ (၈) မိုင် မရမ်းကုန်း ကုန်းမြင့်သာစစ်ရုံးနဲ့ အလွန်နီးနေလို့ နအဖတုန်လှုပ် ချောက်ချားခဲ့ရကြောင်း၊ အမေရိကန်ကလည်း အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတွေက အာဏာရှင်များကို နှိပ်ကွပ်နေလို့ သူတို့ ရုံးစိုက်နေတဲ့ (၈) မိုင် စစ်ရုံးအဆောက်အဦးဟာ ကျဉ်းမြောင်းနေပြီး ဒုံးကျည်တစင်းနဲ့ပစ်ခွင်းလိုက်ရုံနဲ့ ဗိုလ်သန်းရွှေရဲ့  ရုံးနဲ့ အိမ်တော်ကြီးပါ ကိစ္စချောသွားမှာဖြစ်ကြောင်း၊ ဗိုလ်သန်းရွှေရဲ့ ရုံးတက်ရုံးဆင်း၊ Golf ရိုက်၊ အိမ်ပြန်လှုပ်ရှားမှုများကို ဂြိုလ်တုနှင့်ကြည့်ပါက အသေးစိတ်မြင်တွေ့နိုင်ကြောင်း၊ အကြောက်ပိုနေကြတဲ့ ဗိုလ်ချုပ်တွေရဲ့  ချဲ့ ကားပြောဆိုမှုကြောင့်လည်း ဗိုလ်သန်းရွှေ ခင်မျာ စားမ၀င် အိပ်မပျော်ဖြစ်နေရကြောင်း၊ အယူအဆ အစွဲအလမ်းကြီးမားပြီး အာဏာရူးသွပ်နေတဲ့ မကြိုင်ကြိုင်ဟာ ဗေဒင်နက္ခတ်အရ ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်စေဖို့ အင်္ဂါသား ဗိုလ်စိုးဝင်းကို ၀န်ကြီးချုပ်အဖြစ် သွေးထိုးစီစဉ် ခဲ့ခြင်းဖြစ်ကြောင်း၊ နန်းပြောင်းနန်းလွှဲ ဖြစ်မှသာ ယတြာအရ ချေပြီးသား ဖြစ်မည်ဟု ကိုးကွယ်တဲ့ဆရာများက ပြောကြကြောင်း၊ ဦးအောင်သောင်း ကိုးကွယ်တဲ့ သင်္ကန်းကျွန်း မှ အကြားအမြင်ဆရာမတစ်ဦးရဲ့  တိုက်တွန်းမှုအရ ကြက်ဆူပင် စိုက်ခိုင်းခဲ့သလို ယခုလည်း မပြောင်းရအောင် ပြောင်းဖူး စိုက်ခိုင်းနေကြောင်း၊ ကြက်ဆူမှာ ဒေါ်အောင်ဆန်းစုကြည် ကတ်ကင်းဖြစ်သော်လည်း ယတြာအချေကောင်းမှုကြောင့် တန်ပြန်သက်ရောက်ကာ တပြည်လုံး ကျက်ကျက်ဆူသွားကြောင်း ၊ ကြပ်ပြေးကို ကြောက်ပြေး ပြေးတဲ့ နအဖရဲ့  ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများကို တင်ပြပေးလိုက်ရပါတယ်။

No comments: