.

.

.

July 10, 2008

တကယ်ဖြစ်ချင် တကယ်လုပ်။ အဟုတ် ဖြစ်ရမည်

ဆောင်းပါးရှင် - ဗိုလ်တင့်

ကျုပ်ကတော့ စစ်ရေးဘဲဗျ။ ကိုယ်တတ်ထားတဲ့ ပညာနဲ့ နအဖကို ချမယ်ဆိုပြီး ဒီဘက်ထွက်လာတာ ...စာရေးတာတော့ ၀ါသနာမပါဘူး။ စည်းလုံးခြင်းရဲ့ အင်အားတဲ့......မှန်လိုက်တာဗျာ။ ဒါကြောင့် ကိုဖိုးတရုတ် အတွက် ဒီတစ်ပုဒ်တော့ ရေးပို့လိုက်ပါတယ်။ မြန်မာပြည်ကလူတွေ နယ်စပ်ကို စက်တင်ဘာအရေးအခင်း ကြောင့်ထွက်၊ ပြည်တွင်းမှာ ဘာမှ လုပ်လို့မလွယ်လို့ထွက်၊ ဘာနဲ့ထွက် ညာနဲ့ထွက် အမျိုးမျိုး ထွက်လာ လိုက်ကြတာ နောက်ဆုံးမှာ တတိယနိုင်ငံသို့ သွားကြလေသတည်း။ သွားကြမှာပေါ့....မသွားလို့လည်း မဖြစ်ဘူး လေ။ ပထမ အချက်က လွတ်မြောက်နယ်မြေမှာ ဘာမှလည်း လုပ်လို့မရဘူး။ ဆိုလိုတာက လုပ်ဖို့ဘာအစီအစဉ်မှ မရှိဘူး။ ဘယ်သူကမှလည်း လက်တွဲမခေါ်ဘူး။ ကိုယ့်ရပ်တည်ရေးနဲ့ စားဝတ်နေရေး ရှိသေးကိုး။ မိသားစု ပါလာရင် ပိုဆိုး။ ဒီတော့ ဘယ်လိုလုပ်မလဲ။ ထွက်ကြ။ ရောက်နှင့်နေတဲ့ အကိုတော် နောင်တော်တွေကို လေးစားပါတယ်။ တတိယနိုင်ငံကို မထွက်ဘဲ တောင့်ခံပြီး အလုပ်လုပ်နေတဲ့ သူတွေကို ဂုဏ်ယူပါတယ်။ ချီးကျူးပါတယ်။

ဒါပေမဲ့ နအဖရဲ့ လမ်းပြမြေပုံ အဆင့်တိုင်းကို ပါးစပ်နဲ့ တိုက်ဖျက်၊ ကြေညာချက် ထုတ်ပြီး တိုက်ဖျက်လာ လိုက်ကြတာ အခုဆိုရင် တစ်တိုင်းပြည်လုံး လည်စင်းပေးရမဲ့ အခြေအနေကို အောင်မြင်စွာ ရောက်ရှိလာခဲ့ပါပြီ။ စစ်တပ်အတွင်းမှာ အပြောင်းအလဲ လုပ်လိုက်တာ မောင်သန်းရွှေ နဲ့  မောင်အေး ပြီးရင် မောင်ရွှေမန်း နဲ့  မောင်မြင့်ဆွေ တို့ ကို လိုင်းထိုးထားတယ်။ မောင်သန်းရွှေ က သိပ် ထက်လွန်းရင် မကြိုက်ဘူး။ မောင်ရွှေမန်း က ချီး ကျွေးရင်တောင် ဘာမှ ပြန်မပြောဘဲ မြိန်ရေယှက်ရေ စားမဲ့သူမျိုး၊ မောင်မြင့်ဆွေကတော့ အရာရှိ ပေါက်စ ကတည်းက G3,G2,G1, ဗျုဟာမှူး၊ တပ်မမှူး၊ တိုင်းမှူး ဖြစ်တဲ့အထိ ဘယ်ကိုမှ မသွားဘဲ ရန်ကုန်စစ်ရုံးချုပ်မှာ ကုလားထိုင် ပေါက်အောင် ထိုင်။ ရန်ကုန်နဲ့ အနီးတ၀ိုက်ကိုဘဲ ဆင်း။ အဲဒီလို နေလာတဲ့ သူ ဆိုတော့ အောက်ခြေ မြန်မာပြည်လူထုနဲ့ တပ်မတော်သား တွေရဲ့  ဆင်းရဲကြပ်တည်းမှု၊ ဘ၀ဒုက္ခ၊ အခက်အခဲတွေကို တွေ့ လည်း မတွေ့ဘူး၊ မြင်လည်း မမြင်ဘူး၊ သိလည်း မသိတဲ့ သူမျိုး အဲဒီလို လူမျိုးတွေ တက် အုပ်ချုပ်မယ် ဆိုလို့ကတော့ စစ်တပ်ထိပ်ပိုင်း ကောင်းစားရေးက လွဲရင် စစ်တပ်နဲ့လူထုအတွက် ဘာကောင်းကျိုးမှ မမြင်၊ ဘာ အမျှော်အမြင်မှ ရှိမှာ မဟုတ်ဘဲ သူ့ကို သူကောင်းပြုထားတဲ့ မောင်သန်းရွှေ နဲ့ သူ့ကတော် အတွက် ဆိုရင်တော့ ၀ါးလုံးမြင်ရင် တောင် ၀ါးခြမ်းလို့ ပြောပါဆိုရင် ပြောမှာပါဘဲ။

ကိုလိုနီခေတ်က ရေနံမြေမှာ အလုပ်သမားတွေရဲ့ ကလေးတွေ ညဘက်စာကျက်ဖို့မှ ထွန်းစရာ ရေနံဆီမရှိလို့ ဖောင်စီးရင်း ရေငတ် ဆိုပြီး ရေနံမြေ သပိတ်ကြီး ပေါ်ပေါက်ခဲ့သေးတာဘဲ။ အခု ရခိုင်ပြည်မှာ ရွှေဂတ်စ် တွေ အလျှံပယ် ထွက်နေရက်နဲ့  ရခိုင်လူထုခမျာ မှောင်အတိ ကျနေဆဲ.....အဲဒီလို နအဖကို ကျွဲပါး စောင်းတီး နေကြဦးမှာလား။ နအဖဟာ စက်တင်ဘာအရေးအခင်းတုန်းကလည်း ဆက်ဆံရေးဝန်ကြီး ဆိုပြီးတော့ ပြေလည်အောင်ဘဲ လုပ်ပေးတော့ မယောင် ရဟန်းရှင်လူပြည်သူလူထု ကို နားလှည့်ပါးရိုက်တာ ခံခဲ့ရပြီးပြီ။ အဲဒီ ဆက်ဆံရေးဝန်ကြီးက အခု ဘယ်သူနဲ့ ဆက်ဆံနေတုန်း။ ကျုပ် ရိုင်းရိုင်း မပြောချင်ဘူး။ ဘီလူးဆိုင်းတီးနေတဲ့ နအဖကို ဘီလူးက ကဖို့ မပြင်ဆင်တော့ဘူးလား။ အကြမ်းဖက် အားမပေးရင် အဲဒီလူတွေဆီက အထောက်အပံ့ မယူနဲ့ပေါ့။ တတိယနိုင်ငံတွေမှာ မျိုးချစ်မြန်မာတွေ သိန်းဂဏာန်းရှိတာဘဲ။ တစ်ယောက်ကို ဆယ်ဒေါ်လာဘဲ ထည့်ဦး။ ဒီကောင်တွေကို ပြောက်ကျား စနစ်နဲ့ ချရင်ချ၊ အသေခံ ဗုံးခွဲပြီး ချရင်ချ၊ ခေါင်တွေကို တက်ချဖို့ဘဲ ရှိတော့တယ်။ ကျုပ်ကို စိတ်ကူးယဉ်တယ်လို့တော့ မထင်ပါနဲ့။ ရခိုင်မှာ ငတ်လို့ တစ်မိသားစုလုံး အဆိပ်သောက် သေတာမျိုး၊ ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေတာမျိုး၊ မြန်မာပြည်မှာ တကယ်ရှိနေပြီ။

ဗိုလ်ချုပ်အောင်ဆန်းတို့ သွေးဖောက်ပြီး သစ္စာရေ သောက်ခဲ့ကြသလို ပြည်ပ တစ်နိုင်ငံမှာ ကိုယ်စားလှယ် တစ်ယောက်စီ ထားပြီး အမာခံ ခေါင်းဆောင်တွေ လက်မောင်းသွေးဖောက် သစ္စာရေသောက်၊ တော်လှန်ရေးမှာ အသက်ပေးခဲ့တဲ့ အာဇာနည်တွေရဲ့  ၀ိညဉ်တွေကို တိုင်တည်၊ နအဖရဲ့  အကျဉ်းထောင်တွေ ထဲက တော်လှန်ရေး ရဲဘော်တွေကို ဦးညွတ်၊ တော်လှန်ရေးအတွက် ငွေကို အလွဲသုံးစား မလုပ်ဖို့ သစ္စာရေသောက်၊ အို........ကျုပ်ရဲ့  အသွေးအသား တွေထဲမှာ ဒီစာကိုရေးရင်းနဲ့ ခွပ်ဒေါင်းတွေရဲ့ သီချင်းသံတွေ စီးဝင်နေလို့ ဆက်မရေးချင်တော့ဘူး............ "အရေးကြီးပြီ........သွေးစည်းကြ...ညီညီ"။

4 comments:

Away Pann Eain said...

Right until blood come out.I support his opinions fully.At present..,we have no choice to do so many ways except do or die.We have to use both peaceful and terroism methods at the same time to fight back military junta.What kind of methoud we use,Every methods are right.But I prefer to use terroism mthod.Because of it is the only way and deserve for them.

Nay Thiha said...

လုံးဝ ထောက်ခံပါသည်။ ရရှိနေသော ထောက်ပံ့ငွေများကို အခုအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးအတွက် ပိုမိုသုံးသင့်ပါတယ်။ အနှစ် ၂၀လောက် စားသောက်ထားပြီးပြီမို့ ဇိမ်ခံတာတွေကို သတ္တိရှိစွာဖြင့် ရပ်သင့်ပါပြီ။

Unknown said...

တော်လှန်ရေးသာတကယ်လုပ်ပါ။ငါ့အသက်ကိုတိုင်ပြည်အတွက်ဖြစ်စေရမယ်။ဘယ်လိုဆက်သွယ်ရမလဲ?

Unknown said...

ှုalso I was an old officer in Myanmar Army,I knew only about weapons.Please contact me whenever to fight for our own land.