.

.

.

July 9, 2008

တပ်မတော်ကဏ္ဍ

ပြည်တွင်းက ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး ပေးပို့ လာတဲ့ ဆောင်းပါးကို ဒီကနေ့  တပ်မတော်ကဏ္ဍ မှာ ကျွန်တော် ကိုဖိုးတရုတ် က ဖော်ပြပေးလိုက်ပါတယ်။ အခက်အခဲတွေ ကြားက ပို့ ပေးခဲ့တဲ့ ဆောင်းပါးရှင် ကိုလည်း ကျွန်တော် ကိုဖိုးတရုတ် မှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ပြည်တွင်း ပြည်ပ က စာဖတ်သူများ အားလုံးရဲ့  ဝေဖန် အကြံဥာဏ် တွေကိုလည်း အမြဲတမ်း ကြိုဆိုနေပါတယ်။


အနီး၊ အဝေး

ဆောင်းပါးရှင် - ထောက်လှမ်းရေး အရာရှိ ဟောင်းတစ်ဦး

အားလုံး သိကြတဲ့ အတိုင်းပါဘဲ…. ဗိုလ် သန်းရွှေဟာ ကျွန်တော်တို့ ရဲ့  အဖေ ညွန့် ကို အမိန့့် မနာခံမှု၊ အဂတိ လိုက်စားမှုတွေနဲ့  စွဲချက်တင်ပြီး ထောက်လှမ်းရေး တစ်ဖွဲ့ လုံးကို ရေကုန် ရေခန်း သုတ်သင် ရှင်းလင်း ခဲ့တယ်။ အဂတိ လိုက်စားတယ် ဆိုလို့  ဗိုလ် သန်းရွှေရဲ့  မယားနဲ့  သားသမီး တွေလည်း မကင်း၊ ဗိုလ် မောင်အေးလည်း ထိုနည်းအတိုင်း၊ အဆင့်ဆင့်သော ဗိုလ်ခြေတစ်သောင်း အရာရှိ အပေါင်းဟာလည်း အဂတိလိုက်စားရာမှာ သူ့ ထက်ငါ စံချိန်တင်နေရပေမဲ့ ဒါတွေကိုတော့ မောင်သန်းရွှေက အရေးယူမယ်လို့  စိတ်မကူး၊ ကုန်ကုန်ပြောရရင် လူသားမျိုးနွယ် တုန်းစေမဲ့ မူးယစ်ဆေး ကိစ္စမှာ အခု ရဲမြင့်ကြီး မိသားစုတို့  မီးကုန်၊ ယမ်းကုန် လုပ်ခဲ့သလို စစ်တပ်လူကြီး ထိပ်ပိုင်းအားလုံး နီးနီးလည်း မကင်း၊ အရင်က ပို့ ဆက် ၀န်ကြီး သိန်းဝင်းဆိုရင် သဘောင်္နဲ့ တောင် ကွန်တင်နာနဲ့  ရွှေချောင်းတွေ၊ ဟီးရိုးအင်း တွေ ချသေး၊ မိတော့ ပြုတ်ပေမဲ့ ထောင်ဒဏ်တွေ ဘာတွေ တော့ မပေးဘူးဗျာ… ဘယ်ပေးမလဲ ဒီကိစ္စ မကြိုင်ကြိုင် လည်း ပါ ဆိုကိုး၊ မကြိုင်ကြိုင်ဟာ လယ်ဆည် ၀န်ကြီးဟောင်း ဗိုလ် ညွန့် တင်ရဲ့  ယောက်ဖ မျိုးဟိန်းရဲ့  ဖိုးတွမ်တီး အမှုမှာလည်း ပါဝင်ပတ်သက်နေလို့ ဗိုလ်သန်းရွှေ ခမျာစိတ်မသက်မသာ ဆေးရုံတောင် တက်လိုက်ရသေး။ ဒါဆိုရင် အဂတိ လိုက်စားမှု တစ်ခုကြောင့် နဲ့ တော့ ထောက်လှမ်းရေးကို ဒီလောက် အမြစ်လှန်တာ မဟုတ် ဘူးဆိုတာတော့ သဘောပေါက်။ ကဲ… အမိန့်  မနာခံမှု ဆိုတာကို ကြည့်လိုက်……နိုင်ငံနစ်နာနေ တာကို သိလို့  ဗိုလ်ခင်ညွန့် က အတိုက်အခံတွေ အပေါ်မှာ သဘော ထား ပျော့ပျောင်းချင်တယ်။ ယုတ်စွ အဆုံး အမျိုးသားညီလာခံမှာ NLD ပါမှ သဘာဝကျမယ်လို့  ပြောခဲ့တယ်။ ဒီပဲယင်း ကိစ္စကြောင့် နအဖ နိုင်ငံရေးအကျပ်အတည်းဖြစ်နေလို့ ကကလှမ်းက အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ ဝှက်ဆွေးနွေး ညှိနှိုင်းခဲ့ရာမှာ…. NLD ကို ညီလာခံတက်ဖို့ နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့  သဘောတူညီမှုရခဲ့တယ်။ ၂၀၀၄ ညီလာခံ ပြန်လည်စတင်ခါနီးမှာ "NLD ကို အရင် တက်ခိုင်းအုံး၊ ဒေါ်အောင်ဆန်းစုကြည်ကို အခြေအနေ ကြည့်ပြီးမှ လွှတ်ပေးမယ်လို့ " ဗိုလ် သန်းရွှေက ဗလောင်းဗလဲ ပြောပြန်တယ်။ အဲဒါနဲ့  ကကလှမ်းက လုပ်ထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းဟာလည်း အလှမ်းဝေးသွားခဲ့တယ်။ ဗိုလ်ခင်ညွန့်  ဟာ သဘောရိုးနဲ့  KNU ကိုလည်း လက်ကမ်း ကြိုဆိုခဲ့တယ်။ တိုင်းပြည် တိုးတက်ဖို့  အားလုံးနဲ့  ပူးပေါင်း ဆောင်ရွက်လို တယ်။ ဒါကို အမိန့် မနာခံဘူးလို့  ဗိုလ် သန်းရွှေက တစ်ဖက်သတ် မကျေမနပ် ဖြစ်နေတယ်။ ဒီနေရာမှာ နအဖကို ကြိုးကိုင်ထားတဲ့ မင်းသားကြီး အောင်သောင်း လက်ဖျောက် တစ်ချက် တီးလိုက်ပြီ။ သူ့ အကြောင်းနည်းနည်းပြောပြအုံးမယ်.. စက်မှု (၁) ၀န်ကြီး ဖြစ်တော့ ညံ့လိုက်တဲ့ စက်မှု(၁)ထုတ် ပစ္စည်း၊ လိမ်ညာ တွက်ချက် ထားတဲ့ စာရင်းဇယား၊ မလှုပ်တလှုပ် လည်ပတ်နေတဲ့ စက်ရုံ၊ အကျိုးတူ ကုမ္ပဏီတွေ နဲ့  ပူးပေါင်း၊ သူ့  အကျိုးကို လက်ဖြန့် တောင်း၊ ဒါတွေကို ၀န်ကြီးချုပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ခင်ညွန့် လာ တော့ ရှင်းပြလို့  မတတ်တော့တဲ့ စက်မှု (၁) ရဲ့  ပျော့ကွက် ညံ့ကွက်၊ အဆိုးဆုံးက သာပေါင်း စက္ကူစက်ရုံ ကိစ္စ ရှုပ်ထွေးမှု၊ တိုင်စာတွေနဲ့  အောင်သောင်း တစ်ယောက် ၀န်ကြီးချုပ်ရဲ့  အရေးယူ စစ်ဆေးမေးမြန်း ခံရတော့မဲ့ အချိန်၊ အဲဒီမှာသူ့  သားကို ဗိုလ် မောင်အေးရဲ့  တစ်ဦးတည်း သမီး (မွေးစား) နဲ့  လက်ဆက်စေကာ အကာအကွယ် ယူလိုက်တယ်။ ပုဏ္ဏား အောင်သောင်းဟာ သူ့ ရဲ့  စက်ရုံမှုး တစ်ဦးကို ခိုင်းစေပြီး ဗိုလ်သန်းရွှေ မီးဖို ချောင် ကိစ္စကိုလည်း တာဝန်ယူကာ စားဖား အကြီးစား လုပ်ပြန်တယ်။

ပြီးတော့အကွက်ချောင်းနေတဲ့ အောင်သောင်း၊ နယ်စပ်မှာ ထောက်လှမ်းရေး ပြဿနာ တက်တာနဲ့  မီးမွှေး ကာ လက်ခမောင်း ခတ်၊ ရေနံဆီ ရွှဲရွှဲ လောင်း၊ သန်းရွှေ နဲ့  မောင်အေးကို ပူးပေါင်းပြီး ထောက်လှမ်းရေး တစ်ဖွဲ့ လုံး အပြုတ်နှံ ဖို့  အဟုတ်ကြံပါလေရော။ ကြံရမယ်လေ…. မဟုတ်ရင် သာပေါင်းကိစ္စနဲ့ သူ့ ကို ဗိုလ်ချုပ်ခင်ညွန့်  က တွယ်တော့မှာကိုး…. အခုလည်းဟန်ရေး တပြပြနဲ့  ကြံ့ဖွံ့ နဲ့  စွမ်းအားရှင်တွေကို အထူး ချေမှုန်းရေး သင်တန်းတွေ ပေးနေလေရဲ့ ။ တကယ်တော့ ကျွန်တော်တို့  ထောက်လှမ်းရေးလည်း အများစု မကောင်းခဲ့ပါဘူး။ ၀ဋ်လည် တယ်လို့  ပြောရမှာပေါ့။ ဒါကြောင့် ဒီ နအဖ ကောင်တွေကိုလည်း ၀ဋ်လည်အောင် လုပ်ရမယ်။ သာကူး ပြောပြော ဘက်ပြောင်း ပြောပြော နိုင်ငံရေးမှာ ရန်သူကို မိတ်ဆွေ ဖြစ်သွားရင် အောင်မြင်နိုင်ပြီး ငါးကြင်းဆီနဲ့  ငါးကြင်းကြော် နည်းဗျူဟာ သုံးရမယ်ဆိုတာတော်လှန်ရေးရဲဘော်တွေသိစေချင်တယ်….. ကျွန်တော်တို့  ပြည်တွင်းက ထောက်လှမ်းရေး အရာရှိ ပြုတ် တစ်ချို့ ဟာ အတိုက်အခံ သတင်းတွေ၊ လှုပ်ရှားမှုတွေကို သိချင်လို့ ဖြစ်ဖြစ်၊ တစ်ချို့ လည်း ၀ါသနာပါလို့ ဖြစ်ဖြစ်၊ ငွေကြေးတတ်နိုင်လို့ ဖြစ်ဖြစ် …. အင်တာနက်တွေ သုံးကြ…ဆိုင်ဖွင့်ကြရာမှာ ဘာတွေ တွေ့ လည်း ဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့  အော်နေတဲ့ အတိုက်အခံခေါင်းဆောင် တစ်ချို့ က ကျွန်တော်တို့  အပေါ်မှာတောင် ပြန်လည် မသင့်မြတ်ဘူး။ ကိုအောင်လင်းထွဋ် ကို ဝေဖန်တယ်။ မကြိုဆိုဘူးလို့  ကြားတယ်။ ဒါဆိုရင် တော်လှန်ရေး ဝေးတယ်။ ကျွန်တော်တို့  ထောက်လှမ်းရေးအရာရှိတွေထဲက တစ်ချို့ ဟာ အင်မတန်ကို ပြည်သူလူထု အပေါ် တိုင်းပြည်အပေါ် မတရားမလုပ်ချင်တဲ့ တိုင်းပြည်ကို ကောင်းစား စေချင်တဲ့ နိုင်ငံတကာနဲ့  ယှဉ်ပြီး သိနားလည် သူတွေ လည်းရှိခဲ့ပါတယ်။ ထောက်လှမ်းရေးကလာတဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝင်းအောင် အကြောင်းလဲ တပ်မတော်သား အစစ်အမှန်များဆိုတဲ့ဆောင်းပါးမှာတွေ့ လိုက်ရပါတယ်။ ထောက်လှမ်းရေး အရာရှိ တစ်ချို့ ဟာ ကျောင်းသား ခေါင်းဆောင်တွေ အပေါ် သနား ညှာတာခဲ့၊ ခေါ်ယူ ဆွေးနွေး၊ နွေးထွေး ခဲ့ပါတယ်။ သန်းရွှေ၊ မောင်အေးတို့ ကိုလည်း စိတ်ပျက်ခဲ့ဖူး ပါတယ်။ ဒါ တကယ့် ကိုယ်တွေ့  ဖြစ်ရပ်ပါ။ နအဖရဲ့  အမြီးကို တက်နင်းမဲ့ ကို အောင်လင်းထွဋ် လို လူမျိုး များများ လိုတယ်လို့  တော်လှန်ရေး နယ်မြေထဲက တစ်ချို့ ကတော့ လက်ကမ်း ကြိုဆိုပြီး ပြောဆိုတာလဲကြားပါတယ်။ ဒါပေမဲ့ဘုံရန်သူ နအဖကိုဆွဲထုတ်ဖို့  အရမ်းအရေးကြီးတဲ့ အချိန်ကို ရောက်နေပြီမို့ အားလုံးစည်းလုံးညီညွတ်ပြီး ပြည်တွင်းပြည်ပလှုပ်ရှားမှုတွေအားလုံးကိုအရှိန်အဟုန်မြှင့်ဖို့ လိုနေတယ်…..။

စည်းလုံးခြင်းရဲ့ အင်အား ဘာလော့ဂ်ကို ဖတ်ပြီးတော့ အင်အားတွေ ပြန်လည်မွေးဖွားလာလို့ ဒီဆောင်းပါးကို ပို့ ပေးလိုက်ရတာပါ။ ဒီ ဘာလော့ဂ်က တချို့  ဆောင်းပါးတွေကိုလည်း ပြည်တွင်း က တပ်တွေကို တတ်နိုင် သလောက် မိတ္တူ ကူးပြီး ဖြန့် ဝေပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော် တစ်ခုဘဲ ပြောမယ်….. ပြည်သူတွေရဲ့  ဆန္ဒ (အမိန့်) ကို မနာခံမှု၊ အဂတိ လိုက်စားမှုတွေကြောင့် သန်းရွှေ၊ မောင်အေးနဲ့  နောက်လိုက်တွေကို အပြတ်ရှင်းကြဖို့  ဒီ တစ်နှစ်မှာ အဆုံးအဖြတ် ပေးရမဲ့ အရေးကြီး အချိန်ကာလ ကို ရောက်နေလို့ … ကဲ…. ရဲဘော်တို့ ရေ…….. တော်လှန်ရေးဟာ နီးသလား…. ဝေးသလား။ ရဲဘော်တို့  အပေါ်မှာ မူတည်နေပါတယ်။ အခါအခွင့်သင့်ရင်တော့ ကျွန်တော် တို့ လည်း အဆင်သင့် ပါဘဲ ဆိုတာ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

3 comments:

Sit Ko Naing said...

good post! sitkonaing

kk said...

good

Away Pann Eain said...

So good n so brave!Pls...welcome him warmly without worry anything.We have to make peacefully n attract them to become our man who were our enemies at past.Bcos of this time is so serious to get our freedom.It will be last time for both sides to fight.No need to suspect.Unless...., we all will be gone forever.