.

.

.

July 16, 2008

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းဖြင့် သင့် မသင့် ဆွေးနွေးခန်း

ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေ ကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းနဲ့ အတိုက်အခံအဖွဲ့အစည်းတွေကို လေးစားဂုဏ်ယူမိပါတယ်။ ကျွန်တော်လည်း တဖက်တလမ်းမှ ပါဝင်အကြုံပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆွေးနွေးပွဲ အစီအစဉ်ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်ဘာလောဂ်ကို ဆောင်းပါးရေးသား ချီးမြှင့်နေကြတဲ့ ဆောင်းပါးရှင် ဗိုလ်ထက်မင်းနဲ့ ဆရာ ဂါမဏိတို့ကို ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံတကာမှ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်မူဝါဒတွေနဲ့ ပြည်သူလူထု ဘက်က မေးနိုင်တဲ့ မေးခွန်းတွေကို စီစစ်ရွေးချယ်ပြီး သူတို့ ကို ဆွေးနွေး ပြန်ကြားစေခဲ့ပါတယ်။ သူတို့ရဲ့ အမြင်တွေကို ကွက်ကွက်ကွင်းကွင်း ဖြေကြားကူညီပံ့ပိုးပေးတဲ့ အတွက် ဆောင်းပါးရှင် ဗိုလ်ထက်မင်းနဲ့ ဆရာ ဂါမဏိတို့အား ကျွန်တော် ကိုဖိုးတရုတ်က အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ စာဖတ်သူ တွေ အနေနဲ့လည်း အပြုသဘောဆောင်ပြီး မိမိတို့ရဲ့ ဆန္ဒသဘောထားတွေ ကို ဒီမိုကရေစီ အနှစ်သာရရှိရှိ တင်ပြပေးနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်။ အခု ပထမဦးဆုံး ဆရာ ဂါမဏိရဲ့ ဆွေးနွေးပြန်ကြားချက်ကို စာဖတ်သူများအား တင်ပြပေးလိုက်ပါတယ်။ ဒီမေးခွန်းတွေကိုဘဲ ဗိုလ်ထက်မင်း က ပြန်လည်ဖြေကြား ထားချက်ကို နောက်နေ့တွေမှာ ဆက်တိုက်တင်ပြသွားပါမယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၁)။ ။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းနဲ့ မြန်မာနိုင်ငံ မှာ ပြောင်းလဲလာနိုင် တဲ့အလားအလာ မရှိတော့ဘူးလားခင်ဗျား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ မြန်မာနိုင်ငံမှာ လုံးဝငြိမ်းချမ်းစွာနဲ့ ပြောင်းလဲလာနိုင်မယ့်အလားအလာဟာ မေလဆန္ဒခံယူပွဲပြီးတဲ့နောက်မှာ ၁ ရာခိုင်နှုန်းလောက်ဘဲ ရှိပါတော့တယ်။ ရွှေဝါရောင်တော်လှန်ရေးပြီးစမှာ နအဖက ဆက်ဆံရေးဝန်ကြီး ခန့်လိုက်တော့ အလားအလာဟာ ၃၀ ရာခိုင်နှုန်းလောက်ထိ တက်လာပါ သေးတယ်။ ဒါပေမဲ့ ၈၈ ခု အာဏာသိမ်းပြီးကတည်း က တလျှောက်လုံးမှာ ငြိမ်းချမ်းစွာပြောင်းလဲနိုင်မယ့် အလားအလာဟာ တခါမှ ၅၀ ရာခိုင်နှုန်း မကျော်ခဲ့ပါဘူး။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၂)။ ။ဒီမိုကရေစီရရှိဖို့စစ်ရေးနည်းလမ်းနဲ့မြန်မာနိုင်ငံမှာ သုံးသင့်ပါသလား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ နအဖ စစ်အုပ်စုဟာ လက်နက်ကိုသာ ယုံကြည်အားကိုးသူ၊ လက်နက်အင်အား ကိုသာ ကိုးကွယ်သူဖြစ်တယ်၊ တခြားဘာတန်ဖိုးစံတွေကိုမှ ကိုးကွယ်ယုံကြည်သူ မဟုတ်ဘူးဆိုတာ ရွှေဝါရောင် တုံးက သံဃာတွေကို သတ်ပြခြင်း အားဖြင့် သက်သေပြခဲ့ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်ကာလက ဂျာမဏီ၊ အီတလီ၊ ဂျပန် ဖက်ဆစ်နိုင်ငံတွေကို စစ်ရေးနည်းလမ်းနဲ့သာ ပြောင်းလဲစေနိုင်ခဲ့သလို နအဖအပေါ်လည်း စစ်ရေးနည်းလမ်းဘဲ ကျင့်သုံးမှ ရမှာဖြစ်ပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၃)။ ။ စစ်ရေးနည်းလမ်းသုံးရင် နိုင်ငံတကာအများစုက မလိုလားတဲ့ အကြမ်းဖက်ဝါဒနဲ့ ပတ်သက်ခြင်း မရှိဘူးလားခင်ဗျား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ စစ်ရေးနည်းလမ်းဟာ တဖက်ရန်သူရဲ့ စစ်တပ်အင်အားတွေကို ချေမှုန်းဖို့ သို့မဟုတ် မလှုပ်မယှက်ဖြစ်သွားစေဖို့ ရည်ရွယ်တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအားလုံးက ကိုင်စွဲကျင့်သုံးတဲ့နည်းလမ်း ဖြစ်တယ်။ စစ်တပ်မရှိတဲ့နိုင်ငံ ကမ္ဘာမှာ မရှိပါဘူး။ အကြမ်းဖက်ဝါဒကတော့ ကမ္ဘာပေါ်မှာ အစွန်းရောက် အင်အားစုအနည်းငယ်ကဘဲ ကျင့်သုံးတဲ့နည်းလမ်းဖြစ်ပြီး လက်နက်မဲ့အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက် တာဖြစ်ပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၄)။ ။ စစ်ရေးနည်းဗျူဟာအရဆိုရင် ယေဘူယျ ဘယ်လို အကောင်အထည် ဖော်သင့်ပါသလဲ။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ စစ်ရေးနည်းလမ်းဆိုတာ နှစ်မျိုးရှိပါတယ်။ ကိုယ့်ဘက်က တော်လှန်ရေးတပ် အင်အားတွေ ကြီးထွားအားကောင်း အောင်လုပ်ပြီး ရန်သူတပ်တွေကို တိုက်ခိုက်အနိုင်ယူတာက တနည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ (၁၇၇၆ ခု)၊ အဇ္ဇရေး (၁၉၄၈)၊ တရုတ် (၁၉၄၉)၊ ဗီယက်နမ် (၁၉၇၅)၊ ရဝမ်ဒါ (၁၉၉၄)၊ ဘော့စ်နီးယား-ဟာဇီဂိုးဗီးနား (၁၉၉၅)၊ အရှေ့တီမော (၁၉၉၉) တို့မှာ အဲသလိုလုပ်ခဲ့ပါတယ်။ နောက်တနည်းကတော့ အာဏာရှင်တပ်တွေကို ဒီမိုကရေစီ ပြည်သူတွေဘက် ကူးပြောင်းလာစေပြီး အာဏာရှင်ဘက် သေနတ်ပြောင်း ပြန်လှည့်စေတဲ့နည်းဖြစ်ပါတယ်။ ဖိလစ်ပိုင် (၁၉၈၆)၊ ရုရှား (၁၉၉၁)၊ ဂျော်ဂျီယာ (၂၀၀၃)၊ ယူကရိန်း (၂၀၀၄)၊ ဆားဘီးယား (၂၀၀၀) တို့မှာတော့ အာဏာရှင့် လက်အောက်က တပ်မတော်သားတွေကို ဒီမိုကရေစီအင်အားစုတွေက စည်းရုံးနိုင်ခဲ့လို့ အာဏာရှင်ရဲ့ပစ်မိန့်ကို မနာခံတော့ဘဲ ပြည်သူတွေဘက် ပူးပေါင်းလိုက်ခြင်းဖြင့် ဒီမိုကရေစီပေါ်ထွန်းခဲ့ပါတယ်။ ငြိမ်းချမ်းစွာအကြမ်းမဖက်တိုက်ပွဲရဲ့ နောက်ကွယ်မှာ ဘက်ပြောင်းသွားတဲ့ သေနတ်တွေ မရှိရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၅)။ ။ တပ်မတော်က ပြည်သူ့ဘက်ကို ပါလာနိုင်ဖို့ အလားအလာ ရှိရဲ့လား။

ဆရာဂါမဏိရဲ့ ဆွေးနွေးချက်။ ။ မြန်မာနိုင်ငံမှာ တပ်မတော်က ပြည်သူ့ဘက် ပါဝင်နိုင်ဖို့အလားအလာ ၆၀ ရာခိုင်နှုန်းရှိပါတယ်။ ၉၀ ရွေးကောက်ပွဲ မှာ မဲပေးခဲ့ပုံကြည့်ရင် အထင်အရှားတွေ့နိုင်ပါတယ်။ ၁၈ နှစ်ကြာပြီး အခုအချိန်မှာလည်း အဲဒီတုံးကထက် မလျော့ဘူး ဆိုတာ တပ်ထဲကသတင်းတွေ ရပါတယ်။ ဒါပေမဲ့ ကျန်နေတဲ့ အလားအလာ ၄၀ ရာခိုင်နှုန်းအတွက် ဒီမိုကရေစီအင်အား စုတွေ၊ ပြည်သူတွေက (အောက်ခြေနဲ့ အလယ် အလတ်ဆင့်)တပ်မတော်ကို စိတ်အားထက်ထက်သန်သန်နဲ့ တာဝန်ယူမှုရှိရှိ အထူးစူးစိုက် သားချင်းဖွဲ့ နွေးထွေး စည်းရုံးတာ မလုပ်သရွေ့တော့ လူထုတိုက်ပွဲတွေ ဘယ်လောက်လုပ်လုပ် ဘာမှထူးလာမှာမဟုတ်ဘဲ ပြည်သူ တွေ ထပ်သေတာဘဲ အဖတ်တင်ပါလိမ့်မယ်။

2 comments:

Net Walker said...

ကောင်းလိုက်တဲ့ဆွေးနွေးခန်းပါဘဲခင်ဗျား ဆက်လက်ပြီးတင်ဆက်ပေးဖို့တောင်းဆိုပါတယ်

Unknown said...

t&rf;aumif;wJhaqG;aEG;csufjzpfygw,f? oHk;oyfcsufawGeJh wifjyxm;wJhOyrmav;awGudk tvGefwefzdk;7Sdygw,f? vlrsdK;pkvufeufudkif tzGJhawGudk wcsdKhvlawGu t=urf;zufwJhenf;
vrf;udkoHk;wJh t=urf;zuform;awGvdk@ wcsdKhvlawGuajymwmav;awG&Sdxm;w,f?
'DaqG;aEG;csufav;[m tvGefw&mrSwefzdk;&Sdygw,f? eef;