.

.

.

September 1, 2008

ပထွေးခြေရာ

စာဖတ်ပရိသတ်များခင်ဗျား

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေရဲ့  အကျင့်ပျက်လာဘ်စားမှုတွေကြောင့် သောသောညံအောင် ဖြုတ်၊ ထုတ်၊ ချ ခဲ့ရတာ န၀တနဲ့ နအဖ လက်ထက်မှာ အဆိုးဝါးဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်အာဏာရှင်တွေရဲ့ ခြေရာအတိုင်း ယနေ့ နေရာဒေသ အသီးသီးမှာ အကျင့်ပျက်လာဘ်စားမှုတွေဟာ ပေါ်ပေါ်တင်တင်ဘဲ လုပ်နေကြတာနဲ့ ပတ်သက်ပြီး ပြည်ပဘန်ကောက်မြို့ မှာတောင် နအဖသံရုံးအတွင်း ပြောင်ပြောင်တင်းတင်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားအချင်းချင်း လည်ပင်းညှစ်နေပုံတွေကို ပြည်တွင်းမှ ပေးပို့လာပါတယ်။ စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိစေဖို့နဲ့ သက်ဆိုင်သူတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ကျွန်တော် ကိုဖိုးတရုတ်မှ ဖော်ထုတ်တင်ပြလိုက်ရပါတယ်။ ယခုလို ပေးပို့လာတဲ့ အမျိုးချစ်သူအား ကျွန်တော် ကိုဖိုးတရုတ် မှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

Read this document on Scribd: Na Aa Pha

2 comments:

မျိုးဟန်ထွန်း said...

အဲလိုကြီးလားဗျာ မမိုက်ပါဘူး။ရှိတဲ့ထိုင်းမတောင် လက်မထပ်ရဲအောင်ဖြစ်နေပြီ ဟီးဟီး

Unknown said...

ကိုဖိုးတရုတ်ခင်ဗျား

မသူဇာတို့ လင်မယား ကို ကိုယ်တိုင်ဆုံခဲ့ပါတယ်။
အားလုံးအဆင်ပြေအောင် လုပ်ပေး နိုင်ပြီး ဆက်ဆံရေးက လည်း အလွန်ညက်ပါတယ်။ ခြောက်သူ ကိုခြောက်၊ ချော့သူ ကို ချော့ကာ ပေးရတဲ့ သူ က တောင် ကျေးဇူး တင်ရပါတယ်။
ကိုဖိုးတရုတ် မှန်တိုင်းလည်း မကောင်း ဘူးဆိုတဲ့ ကိုဇာဂနာ ရဲ့ စကားကို လက်ခံပါ လို့။