.

.

.

August 7, 2008

တပ်မတော်ဟာ အနာဂါတ်မြန်မာနိုင်ငံတော်မှာ အရေးကြီးလား (ဗိုလ်မှူးအောင်လင်းထွဋ်၏ သုံးသပ်ဆွေးနွေးထားချက်)

ရှစ်လေးလုံး ဂုဏ်ပြု အထူးအစီအစဉ်
စာဖတ်သူများခင်ဗျား

အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံနဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး လှမ်း(၁) မှာ စစ်ဦးစီးမှူး ဒုတိယတန်းတာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအောင်လင်းထွဋ်က ဒီဗွီဘီ ဌာနနဲ့ အင်တာဗျူး လုပ်ခဲ့တဲ့ ဗွီဒီယိုကို အမေရိကန်နိုင်ငံ ၀ါရှင်တန်မှ ကျွန်တော့်ထံ ယနေ့ နောက်ထပ် တစ်ခါ ထပ်မံပေးပို့လာပါတယ်။ ဒီဗွီဒီယိုမှာ တိုင်းပြည်အပြောင်းအလဲ လုပ်တဲ့အခါ တပ်မတော်မပါဘဲ မရဘူးလို့ တချို့က ပြောဆိုနေတဲ့အပေါ် ထင်မြင်ချက်၊ ၁၉၈၈ခုနှစ် စက်တင်ဘာလ လူထုအရေးအခင်းကာလမှာ နိုင်ငံရေးသမား (၃၃) ဦးကို ဖမ်းဆီးခိုင်းပုံတွေ၊ ကုန်သွယ်ရေးဝန်ကြီးဋ္ဌာန ခမရ(၆) နဲ့ လူထု ထိပ်တိုက် တွေ့ပုံတွေ၊ စက်တင်ဘာလ(၁၇) ရက်နေ့မှာ ဦးနေ၀င်းအိမ်သို့ မဆလလူကြီးများနဲ့ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်ခင်ညွှန့်တို့ကို အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး အာဏာသိမ်းဖို့ စီစဉ်ပုံတွေ၊ အရေးခင်း ကာလမှာ တပ်မတော်တခုလုံး တွေဝေ ငေးငိုင်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်တွင် သူတို့အား စည်းရုံးခေါ်ယူပါက ပြည်သူ့ဘက် ပါနိုင်တာမို့ စည်းရုံးခေါ်ယူမှု လိုအပ်ပုံတွေ၊ ၁၉၈၈ လူထုအုံကြွမှုအရေးအခင်းမှာ တပ်မတော်သားအချို့ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ တပ်ပြေး အဆင့်နဲ့ဘဲ ဒီမိုကရေစီဘက်တော်သားတွေဆီ ပူးပေါင်းလာတာရယ်၊ အဲဒီ တပ်ပြေးအဆင့်လောက်အထိဘဲ ဒီမိုကရေစီ ဘက်တော်သားတွေက ကောင်းကောင်း မစည်းရုံး နိုင်ဘူးလားဆိုတာနဲ့ တပ်မတော်သားတွေအနေနဲ့ တပ်မတော်မှာ အုံကြွပုန်ကန်မှုတွေ ဘာလို့ဖြစ်မလာရတာလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး သုံးသပ်ဆွေးနွေး ထားပါတယ်။ ယခုလို ပေးပို့လာတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ကို ကျွန်တော် ကိုဖိုးတရုတ်မှ အတိုင်းမသိ ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။



No comments: