.

.

.

August 6, 2008

ဆွံ့၊ အ၊ နာမကျန်း တပ်မတော်မှ ပြည်သူ့တပ်မတော်သို့

ခေတ်ပြိုင်လစဉ်ထုတ် ဂျာနယ်မှ ကူးယူဖော်ပြပါသည်။ မူရင်း ဂျာနယ်ရှိ ဆောင်းပါးကို တင်မည်ဆိုပါက စာဖတ်သူများ ကောင်းကောင်း မြင်ရမည် မဟုတ်ပါ။ ထို့ကြောင့် ဗိုလ်ထက်မင်းက ဤဆောင်းပါးကို ကျွန်တော့် ဘာလောဂ်ပေါ်မှာ တင်ရန် ပေးပို့လာပါသည်။ ယခုလို ပေးပို့လာတဲ့ ဆောင်းပါးရှင် ဗိုလ်ထက်မင်းကို ကျွန်တော် ကိုဖိုးတရုတ်က အတိုင်းမသိ ၀မ်းမြောက်ပါကြောင်း ကျွန်တော့် ဘာလောဂ်၏ ဆောင်းပါးအရေးများဆုံး ဆောင်းပါးရှင်အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။


Read this document on Scribd: Bo Htet Minn

1 comment:

2007 JALS said...

ဒီဆောင်းပါးကတော့ စစ်ခေါင်းဆောင်တွေရဲ့ အာဏာရှင်ပြယုဂ်တွေကို ကွင်းကွင်းကွက်ကွက် ဖော်ပြလိုက်တာပါပဲ။ မြန်မာ့တပ်မတော် စစ်သည်တွေ အားလုံးဟာ ခေါင်းဆောင် အတင်မှားနေတာကို ယူကြုံးမရ ဖြစ်နေကြမှာပဲ။ ယူကြုံးမရ ဖြစ်နေရုံနဲ့တော့ နအဖ စစ်ခေါင်းဆောင်ကြီးတွေ အသုံးမကျလို့ ဖြစ်ရတဲ့ ပြဿနာတွေက ပြေလည်သွားနိုင်မှာ မဟုတ်ပါဘူး။
လက်ရှိစစ်ခေါင်းဆောင်ကြီးတွေဟာ ပြဿနာ အကြီးအသေးမှန်သမျှ နိုင်ငံ့အကျိုး၊ တပ်မတော် အကျိုး၊ ပြည်သူတွေရဲ့အကျိုးအတွက် ပြေလည်အောင် ဘယ်တုန်းကမှ ဖြေရှင်းပေးနိုင်စွမ်း မရှိခဲ့ပါဘူး။ နောင်လည်းပဲ ရှိမယ့်ပုံ မပေါ်တော့ပါဘူး။ သူတို့ လုပ်တတ်တဲ့ နည်းလမ်းကတော့ ပြဿနာကို မဖြေရှင်းပဲ ပတ်သက်ရာမှန်သမျှ အပြတ်ရှင်း ပစ်တာပါပဲ။ ဒီလိုနဲ့ပဲ ပြဿနာတွေက ပိုမိုရှုပ်ထွေး ကြီးမားလာကုန်ပါပြီ။
စစ်ခေါင်းဆောင်ကြီးတွေကို သူတို့လုပ်တတ်သလို လုပ်ဖို့ ခွင့်ပြုထားရင်တော့ တချိန်ချိန်မှာ ကိုယ့်လည်ပင်းကို ကြိုးကွင်း လာစွပ်ပါလိမ့်မယ်။ ဒီတော့ သူတို့အရင် ကိုယ်က ဦးအောင် မှန်မှန်ကန်ကန် ဖြေရှင်းတတ်ဖို့သာ ရှိပါတော့တယ်။