.

.

.

August 25, 2008

အကျန်တုံးတွေ ပေးနေတဲ့ ကုလက သံတမန်ကြီး

စာဖတ်သူများခင်ဗျား -

မြန်မာနိုင်ငံကို အဖန်တရာမက အကြိမ်ကြိမ်အခါခါ လာရောက်လည်ပတ်နေတဲ့ ကုလသမဂ္ဂ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ အီပရာဟင် ဂမ်ဘာရီ အကြောင်း ဆရာဂါမဏိက ဆောင်းပါး ရေးသား ပေးပို့လာပါတယ်။ ဂမ်ဘာရီဟာ တချိန်တုန်းက အာဏာရှင် ပုဂ္ဂိုလ်များကို အကာအကွယ်ပေး နိုင်ငံတကာကို “ခံ” ပြောခဲ့ ဖူးကြောင်း၊ ဒီမိုကရေစီစနစ်မပြောနဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးလေးကိုပင် မထီမဲ့မြင် စော်ကားတဲ့ အမူအရာ အပြောအဆိုတွေကိုလည်း ရုပ်မြင်သံကြား နဲ့ မီဒီယာမှာ ပြောကြားခဲ့ကြောင်း စတဲ့ နောက်ကွယ်က ဇာတ်လမ်းလေးများစွာ ပါဝင်ပါတယ်။ ဒီဆောင်းပါးကို ဖတ်လိုက် ပြီးတဲ့နောက်မှာ ကျွန်တော် ကိုဖိုးတရုတ်ကတော့ မြန်မာနိုင်ငံအရေးကိစ္စအတွက် ကုလသမဂ္ဂကို အားကိုးလို့ မရတော့မှန်း နားလည် သဘောပေါက် သိရှိသွားပြီး ကိုယ့်တပ်မတော် အောက်ခြေတပ်မှူးတပ်သားတွေ စွမ်းအားနဲ့သာ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေကနေ အပြီးအပိုင် တိုက်ထုတ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ဟာ တနေ့ထက် တနေ့ ပိုမိုခိုင်မြဲလာပါတော့တယ်။ ဒီဆောင်းပါးကို ပေးပို့လာတဲ့ ဆရာ ဂါမဏိကိုလည်း ကျွန်တော် ကိုဖိုးတရုတ်က အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ဂမ္ဘာရီဆုိတဲ့ ဂန္ဘလား

ဆောင်းပါးရှင် - ဆရာဂါမဏိ

မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ကူညီဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယား နိုင်ငံသား အီဘရာဟင်ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံသမိုင်းမှာ အကြမ်းကြုတ်အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။

အဲဒီကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာချာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စား လှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာစစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာမျက်နှာစာမှာ ပညာသားပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အားထက်ထက်သန်သန်နဲ့ စိတ်ပါ လက်ပါ ကိုယ်စားပြုပေးခဲ့တာဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေလုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယားလူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေး မဟုတ်ဘူး” လို့ ဂမ်ဘာရီ အဲဒီတုံးကပြောခဲ့ပါသေးတယ်။

အဘာချာအစိုးရအပေါ် တကမ္ဘာလုံးကနေ ဖိအားတွေတိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာအာဏာရှင် စနစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကိုလမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင်ဘာလ မှာ နာမည်ကျော်စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ အိုဂိုနီ တိုင်းရင်းသား လူထုခေါင်းဆောင် ကင်ဆာရိုဝီဝါ ကို မတရားအမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ကင်ဆာရိုဟာ “သာမန်ရာဇဝတ်သား” တယောက်သာ ဖြစ်တယ်၊ လူသတ်သမားဖြစ် တယ်လို့ စီအဲန်အဲန်ရုပ်သံအစီအစဉ်တခုမှာ သမုတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာ တော့ ဒီလိုမပြောခဲ့ရပါဘူးလို့ ဖြေရှင်းခဲ့တယ်။) ကင်ဆာရိုတို့ (၉)ယောက်ကို ဥပဒေနည်းလမ်းတကျ တရားရုံးတင်စစ်ဆေးခဲ့တာ ဖြစ်ကြောင်း၊ ရှေ့နေကောင်းကောင်းနဲ့ ခုခံကာကွယ်လျှောက်လဲခွင့် ရခဲ့ကြောင်း ဂမ်ဘာရီက ပြောပါတယ်။ ဒါပေမဲ့ အပြင်တရားရုံး မှာ အမှုမစစ်ဘဲ အထူးခုံရုံးမှာစစ်တာ၊ အမှုစစ်ပုံကို ကန့်ကွက်တဲ့အနေနဲ့ ရှေ့နေအားလုံးနီးနီး နုတ်ထွက်သွားတာ၊ တရားလိုပြသက်သေတွေကို စစ်အစိုးရက ငွေပေးပြီး သက်သေထွက်ခိုင်းတာ၊ အယူခံခွင့်မရတာတွေကိုတော့ ထည့်မပြောပါဘူး။

ကင်ဆာရိုနဲ့ အိုဂိုနီတိုင်းရင်းသားခေါင်းဆောင် (၈)ဦး သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံတွေကို သွားပြီး သေဒဏ်ကိစ္စလက်ခံဖို့ စည်းရုံးနားချတာရော ရေနံလက်နက်အားကိုးနဲ့ အကြပ်ကိုင်တာရော လုပ်ခဲ့တဲ့ အဓိက နိုင်ဂျီးရီးယားသံတမန် (၂) ယောက်က နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ဂမ်ဘာရီနဲ့ နိုင်ငံခြားရေး ဝန်ကြီး တွမ်အစ်ကီမီ တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ငံတချို့ကို နားချလို့မရခဲ့ပေမဲ့ တချို့နိုင်ငံတွေကိုတော့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂမ်ဘာရီဟာ နိုင်ဂျီးရီးယား ဘဏ္ဍာရေးဌာနကိုပိုင်တယ်၊ သူ့မှာ အဘာချာစစ်အုပ်စုကို ကာကွယ်ပေးရာမှာ ဘာမဆိုလုပ်နိုင်ဖို့ အကန့်အသတ်မဲ့ရင်းမြစ်တွေရှိတယ်လို့ သတင်း တွေ ထွက်ခဲ့ပါတယ်။

၁၉၉၈ ခုမှာ အာဏာရှင်အဘာချာတယောက် ပြည့်တန်ဆာ (၂)ယောက်နဲ့ ပျော်ပါးနေရင်း ဗိုင်ယာဂရာ (ကာမအားဆေး) ဆေးလွန်လို့သေသွားပြီးနောက် ဒီမိုကရေစီ တစုံတရာပေါ်လာပြီး၊ အဘာချာရဲ့ မိုက်ဖော်ဆိုးဖက် တွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာမှာ ဂမ်ဘာရီ လွတ်နေခဲ့ပါတယ်။ ရှင်းလင်းဖြေကြား တာတွေ မလုပ်ခဲ့ရပါဘူး။ အရှက်ခွဲ ရှုတ်ချခံရမယ့်အစား ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်ကခေါ်ယူ သူကောင်းပြုပေးပြီး လက်ထောက် အတွင်းရေးမှူးချုပ်တောင် ဖြစ်လာပါတယ်။

တကယ်တော့ ကိုဖီအာနန့်သား ကိုဂျိုအာနန် ဟာ အဘာချာစစ်အစိုးရနဲ့ပေါင်းပြီး နိုင်ဂျီးရီးယားရေနံလုပ်ငန်း ထဲ ပတ်သက်နေလို့ ကိုဖီအာနန်ကိုယ်တိုင်က နိုင်ဂျီးရီးယားမှာ ဒီမိုကရေစီ ရှိမရှိကို စိတ်မဝင်စားခဲ့ပါဘူး။ နိုင်ဂျီးရီးယား နိုင်ငံမြို့တော် လေးဂို့စ်မှာ ကိုဂျိုအာနန်ရဲ့ ဧရာမဇိမ်ခံတိုက်အိမ်ကြီး အထင်အရှားရှိပါတယ်။ ကိုဂျိုအာနန်နဲ့ အဘာချာ နဲ့ ရေနံလုပ်ငန်းတွေကြားမှာ အဓိကဂျိတ်ဆက်က ဂမ်ဘာရီဖြစ်တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။ (ကိုဖီ အာနန့်သားဟာ နောက်ပိုင်းမှာလည်း ဆဒ္ဒမ်ဟူစိန်လက်ထက် အီရတ်ကို ပိတ်ဆို့ အရေးယူထားချိန်မှာ ကုလရဲ့ ပိတ်ဆို့ရေးဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး အကြံအဖန်နည်းနဲ့ အောက် လမ်းကဝင် စီးပွားရေးသောင်းကျန်းခဲ့ပါ သေးတယ်။)

အဘာချာသေပြီးနောက်မှာ ကိုဖီအာနန်က နိုင်ဂျီးရီးယားကိုသွားပြီး ၁၉၉၃ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ (အဘာချာအာဏာသိမ်းလို့ သမတမဖြစ်လိုက်ရတဲ့) အာဘီယိုလာကို ၉၃ ရွေးကောက်ပွဲမင်းဒိတ် စွန့်လွှတ်ဖို့ ဖြောင်းဖြခဲ့ရာမှာလည်း ဂမ်ဘာရီက ကိုဖီအာနန်ကို အရင်မိတ်ဆက် သဘောထားချပေး ခဲ့တာဖြစ်ပါတယ်။ အာဘီယိုလာခမျာ အဘာချာသေပေမဲ့ သမ္မတ မဖြစ်လိုက်ဘဲ ထောင်ထဲမှာဘဲ သေသွား ခဲ့ပါတယ်။

ဒါတွေကြောင့်လည်း ၂ဝဝ၈ ခုထဲမှာ ဂမ်ဘာရီကို နိုင်ဂျာမြစ်ဝကျွန်းပေါ် ထိပ်သီးအစည်းအဝေးရဲ့ ပဲ့ကိုင် ကော်မတီဥက္ကဌအဖြစ် ခန့်ဖို့ကို နိုင်ဂျီးရီးယားပြည်သူတွေက အပြင်းအထန်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၅ တုံးက လည်း အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ် မက်ဒ်ဂါအဲဗားစ်ကောလိပ် အာဏာပိုင်တွေက ဂမ်ဘာရီကို လာဟောပြော ပို့ချပေးဖို့ ဖိတ်ခဲ့တဲ့အခါ နယူးယောက်မှာရှိတဲ့ ပြည်ပရောက်နိုင်ဂျီးရီးယား အသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ ပါသေးတယ်။ အထူးသဖြင့် ဂမ်ဘာရီလို စစ်အာဏာရှင်ဒေါက်တိုင်က လူမှု အခွင့်အရေးအကြောင်း ပို့ချမှာဟာ ဘုန်းကြီးနဲ့ဘီးလိုဖြစ်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ အဘာချာလက်ထက်မှာ ဂမ်ဘာရီဟာ သတင်းစာ တိုက်တွေ၊ စာအုပ်တိုက်တွေ ပိတ်ပစ်တာကို ဆင်ခြေပေးကာကွယ်ပေးခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အလုပ်သမား အခွင့်အရေး၊ ကျောင်းသားအခွင့်အရေးတို့ကို ပိတ်ပင်တဲ့အမိန့်တွေ၊ ဥပဒေတွေ ထုတ်ပြန်တာကိုလည်း ရပ်ခံ ကာကွယ်လျှောက်လဲပေးခဲ့သူဖြစ်ပါတယ်။

ပုဆိန်က မေ့နိုင်ပေမဲ့ သစ်ပင်က ဘယ်တော့မှမမေ့ဘူး လို့ နိုင်ဂျီးရီးယားပြည်သူတွေက ဆိုပါတယ်။ ကင်ဆာရိုဝီဝါ ဆိုတဲ့နာမည်ဟာ ဂမ်ဘာရီရဲ့ တသက်တာကို ထာဝစဉ်ခြောက်လှန့်နေလိမ့်မယ်၊ ဂမ်ဘာရီရဲ့ သွေးစွန်း ထားတဲ့သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ဘူးလို့ နိုင်ဂျီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောထားပါတယ်။

အဲဒီဂမ်ဘာရီဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ၂ဝဝ၈ သြဂုတ်လ (၂ဝ)ရက်တုံးက ရန်ကုန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေနဲ့တွေ့တော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတအောင် လုပ်မယ်ဆိုပြီး နအဖ အခြေခံဥပဒေ၊ နအဖဆန္ဒခံယူပွဲ၊ နအဖလမ်းပြ မြေပုံတွေကို အသိအမှတ်ပြုတဲ့ ဘက်ကနေ ရူးကြောင်မူးကြောင်နဲ့ပြောခဲ့တာ ဘာများဆန်းပါသလဲ။ နအဖက ဂမ်ဘာရီကို ပျော်ရွှင်အောင် လုပ်ပေးတာလား၊ ပျော့ကွက်ကို ကိုင်ထားလားမသိ၊ နံမည်ကြီး မင်းသမီး အကယ်ဒမီတယောက်နဲ့ ဧည့်ဝတ်ကျေပွန် ကိုယ်ဖိရင်ဖိ စောင်မကြည့်ရှု ခိုင်းတယ်လို့ ကြားသိရပါတယ်။ သူ့ဆရာ ဘန်ကီမွန်းကိုယ်တိုင်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စသက်သက်အတွက် ဗမာပြည်ကို လာတယ်ဆိုပြီး သန်းရွှေနဲ့တွေ့တဲ့အခါ မျက်နှာချိုသွေးလေးနဲ့ လမ်းပြမြေပုံကို အမြန်ဆုံးပြီးမြောက် အောင်မြင်သွားအောင်လုပ်ဖို့ ခယဝယလုပ်ခဲ့သေးတယ် မဟုတ်ပါလား။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာနဲ့ တီဗွီမှာပါဖို့ ဓာတ်ပုံအရိုက်ခံရရုံ၊ ဝါဒဖြန့်ခံရရုံသက်သက် အတွက် ဂမ်ဘာရီနဲ့တွေ့ဆုံရတာကို သပိတ်မှောက်တာဟာ လုံးဝမှန်ကန်ပါတယ်။ ဒေါ်စုကိုယ်တိုင်က ဒီလို ရှင်းရှင်း ပြတ်ပြတ် သဘောထားပေးနေမှတော့ ကျနော်တို့ပြည်သူတွေအနေနဲ့လည်း အခုလိုကွဲလွယ် မှောက်လွယ်တဲ့ ဂမ်ဘလားတွေ၊ လင်ဘန်းတွေကို အားကိုးမနေဘဲ ကိုယ့်လူထု၊ ကိုယ့်တပ်မတော် အောက်ခြေတပ်မှူးတပ်သားတွေ စွမ်းအားနဲ့သာ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေကနေ အပြီးအပိုင်တိုက် ထုတ်ရမှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

5 comments:

Ottara said...

very powerful article.Smashing!

Rsj said...

i have ever read aawsome political like ur article very good Potayuk..i like it..thz ..success..

Fun said...

Daw Su is always right. I fully believe in her. She must have a strong reason to do that.

Ko said...

အခုလိုပြောပြလို့ ဂမ်ဘာရီရဲ့သမိုင်းကို သိရတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာ ကျွန်တော်တို့လို လက်နက်မဲ့ပြည်သူအတွက် အားကိုးစရာဆိုလို့ ကုလသမဂဘဲ ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကုလသမဂကို အပြစ်မတင်ဘဲ စစ်အစိုးရက ကုလသမဂကို သူ့ဘက်ပါအောင် ဆွဲနိုင် လှည့်နိုင်သလို ကျွန်တော်တို့ပြည်သူလူထုဘက်ကလည်း ကုလသမဂကို ကိုယ့်ဘက်ပါလာအောင် ဆွဲနိုင် လှည့်နိုင်ဘို့ လိုမယ်ထင်ပါတယ်။ ကုလသမဂဟာ ပြည်သူကို အထင်မသေးဘဲ စွမ်းစွမ်းတမံ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်အောင် ပြည်သူဘက်မှ အပြစ်တင်နေမဲ့အစား အမှားထောက်ပြပြီး အကြံပြုစာများ ပေးပို့ခြင်းတို့ လုပ်နိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုသာ ဟိုလူ့ကိုအပြစ်မြင်လိုက် ဒီလူ့ကို အပြစ်ပြောလိုက်လုပ်နေရင် မှားနေတဲ့ အပြစ်ရှိသူတွေဟာ ပူးပေါင်းမိသသွားပြီး မှန်နေတဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ဘေးကိုရောက်သွားနိုင်ပါတယ်။

Ko said...

အခုလိုပြောပြလို့ ဂမ်ဘာရီရဲ့သမိုင်းကို သိရတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာ ကျွန်တော်တို့လို လက်နက်မဲ့ပြည်သူအတွက် အားကိုးစရာဆိုလို့ ကုလသမဂဘဲ ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကုလသမဂကို အပြစ်မတင်ဘဲ စစ်အစိုးရက ကုလသမဂကို သူ့ဘက်ပါအောင် ဆွဲနိုင် လှည့်နိုင်သလို ကျွန်တော်တို့ပြည်သူလူထုဘက်ကလည်း ကုလသမဂကို ကိုယ့်ဘက်ပါလာအောင် ဆွဲနိုင် လှည့်နိုင်ဘို့ လိုမယ်ထင်ပါတယ်။ ကုလသမဂဟာ ပြည်သူကို အထင်မသေးဘဲ စွမ်းစွမ်းတမံ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်အောင် ပြည်သူဘက်မှ အပြစ်တင်နေမဲ့အစား အမှားထောက်ပြပြီး အကြံပြုစာများ ပေးပို့ခြင်းတို့ လုပ်နိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုသာ ဟိုလူ့ကိုအပြစ်မြင်လိုက် ဒီလူ့ကို အပြစ်ပြောလိုက်လုပ်နေရင် မှားနေတဲ့ အပြစ်ရှိသူတွေဟာ ပူးပေါင်းမိသသွားပြီး မှန်နေတဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ဘေးကိုရောက်သွားနိုင်ပါတယ်။