.

.

.

August 25, 2008

လုံခြုံရေး အထူးတင်းကြပ်နေမှု သတင်း

နအဖဟာ ဗုံးဗောက်ခွဲခံရနိုင်မှု သတင်းကို ဟန်ပြပြီး ပြည်တွင်း လူထု အုံကြွမှု မဖြစ်စေရေးအတွက် လုံထိန်း တပ်ရင်းများကို မှော်ဘီ၊ သံလျင်ရှိ တပ်ရင်းများ သာမက ရခိုင်ပြည်နယ်နှင့် အခြားတိုင်းနှင့်ပြည်နယ်များမှ လုံထိန်းတပ်ရင်းများကို ထုတ်နှုတ်ပြီး ရန်ကုန်မြို့ ထဲသို့ ဆွဲသွင်းလာခဲ့ကြောင်း၊ တပ်က အရာရှိများပင် ကြပ်ပြေးကို သွားရမည်ဆိုပါက အဆင့်ဆင့်ခွင့်တောင်းပြီးမှ ၀င်ခွင့်ရကြောင်း စစ်ဖက်နီးစပ်သူများက သတင်း ပို့လာပါတယ်။

နောက်ဆုံး ၀င်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်း

စစ်ဖက်နီးစပ်သူများရဲ့  သတင်းပို့လာချက်အရ ဒေါ်အောင်ဆန်းစုကြည် ဟာ မကြာသေးမှီ အချိန်ကာလက သူမရဲ့  ချက်ပြုတ်ရေး တာဝန်ခံအား “မင်း ဈေးဝယ်ဖို့ မလိုတော့ဘူးလို့” ပြောခဲ့ကြောင်းနဲ့ သူမရဲ့  ရှေ့နေအား ဂမ်ဘာရီမလာခင်ကပင် ကြပ်ပြေးသို့ စေလွှတ်ပြီး တောင်းဆိုမှုများ ပြုလုပ်ဟန်တူကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် က Upper Hand အထက်စီးမှ ရသွားပြီ ဖြစ်ကြောင်း၊ ထိုတောင်းဆိုမှုကို နအဖက မလိုက်လျောနိုင်လို့ ဂမ်ဘာရီကို လက်ခံတွေ့ဖို့ ငြင်းဆန်ခဲ့တာဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။ သတင်းများ ၀င်လာရင် စဉ်ဆက်မပြတ် ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးမှာ ဖြစ်ပါတယ်။

No comments: