အားလုံး... သတိ.. ပန်းပြီးရင် လျှောဖို့ဘဲရှိ - အပိုင်း(၂)
ဆောင်းပါးရှင် - ထောက်လှမ်းရေး တပ်ကြပ်ကြီးဟောင်း ကပ္ပိယဦးတင့်
ဒုတိယအကြိမ် ပြင်ဆင်သည့် ၀ိုင်းများတွင် စားသောက်ခဲ့သည့် ၀ိုင်းတော်သား တစ်ဦးသည် ကာကွယ်ရေးဝန်ကြီးဌာန ရုံးအတွင်းတွင်ပင် ၀င်ရောက် အိပ်စက်နေရာမှ ည (၁၂) နာရီ ခန့်တွင် ဗိုက်အတွင်း တိုက်ပွဲဖြစ်ပွားပြီး နာကျင်စွာ နိုးထလာခဲ့သဖြင့် အနီးဆုံး အိမ်သာသို့ အရေးပေါ် ပြေးဝင်လိုက်ရပါသည်။ ၄င်းသည် အိမ်သာထဲတွင် ၀ုန်းဒိုင်းကြဲ ဗုံးမိုင်းများ ခွဲပြီး တော်တော်နှင့် ထွက်မလာနိုင်ပေ။ သို့နှင့် အချိန်နာရီဝက်ခန့် အကြာတွင် အင်အားပျော့တော့စွာဖြင့် စခန်းတွင်းသို့ ပြန်လည် ၀င်ရောက်လာနိုင်ပါသည်။ နံနက်တွင်တော့ ၄င်းသည် တဆရ (၂) တပ်မတော်ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အလွန် လေးလံလှသည့် ၄င်း၏မျက်ခွံများအား ကြိုးစားမတင်ကြည့်သည့်အခါတွင် ၄င်းအနီးတွင် အတူ စားဖေါ်အခြား အရာရှိကြီးများကိုလာတွေ့ရရာ အံ့သြလွန်းလှသဖြင့် “ငါတို့ ဘာဖြစ်ကြတာလဲ” ဟု ကြိုးစားမေးမြန်းကြည့်ရာ “Food Poison” ဟု တစ်ဦးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဖြေကြားသူ၏ အသံကို မှတ်မိ၍ ကြိုးစားကြည့်လိုက်မှ ဟေး ကိုတင်အောင်မြင့်ဦးလည်း Drip ကြိုးတန်းလန်းနဲ့ပါလားဟု ရေရွတ် လိုက်ရပါသည်။ “အေး.. ငါတို့က အရေးမကြီးဖူး၊ တပ်ချုပ်ကြီးက မနက်ဖြန် စစ်ရေးပြမိန့်ခွန်းပြောဖို့ ရှိတယ်၊ အဲဒါ ပြဿနာဘဲ” ဟု ကိုတင်အောင်မြင့်ဦးမှ ဆက်လက် ပြောဆိုခဲ့ပါသည်။ အခြားမျက်လုံးမှိတ်ထားသူ ကကဆက် Director ကြီးက “ဘယ်သူတွေပါသေးလဲ...ပန်းကြတာ” ဟု ညှိးငယ်စွာ မေးမြန်းရာ အမြောက်ကြီးဟု ခေါ်သူ ဗိုလ်ချုပ်လွန်းသီက အားလုံးနီးပါးပါပဲကွာ.. အစာမှာ ဘာတွေ မှားယွင်းမှုရှိလဲ မသိသေးဘူး၊ အကုန်လုံး အယောက် (၅၀) ကျော် ဒီကို ရောက်နေကြတယ်၊ တချို့ လဲ အိမ်မှာဘဲ ဒုက္ခရောက်နေကြတယ်၊ တပ်မ(၁၁) ကတော့ လုပ်ချလိုက်ပြန်ပြီကွာ၊ ဗိုလ်ချုပ်ကြီးအေးလဲ ထိတယ်၊ ကိုရွှေမန်းလဲ ထိတာပဲ၊ အကုန်ပါဘဲကွာ၊ တပ်ချုပ်ကြီးကတော့ မနက်ဖြန် မနက် ဘယ်လိုလုပ်မလဲ မသိဘူး၊ ရင်လေးစရာပဲကွာ။
အဲ...တပ်ချုပ်ကြီးရဲ့ ဘ၀ကတော့ ဒီလိုခင်ဗျ.. စစ်ရုံးကနေ တဆရ (၂) ရဲ့  သူ့အတွက် သီးသန့်ခန်းထဲကို ရောက်ရှိနေ ပါသည်။ နောက်နေ့ စစ်ရေးပြအတွက် ဆေးရုံကနေ Drip တန်းလန်းနဲ့ ရုံးကို ပြန်ခေါ်လာပြီး အရေးပေါ် ၀မ်းပိတ်ဆေးများတိုက်ကျွေးပြီး တပ်မတော် စစ်ရေးပြကွင်းရဲ့  စင်မြင့်ပေါ်ကို အတင်းတွန်းတင် ပေးလိုက်ကြရပါသည်။ သူ့ရဲ့  အနောက်မှာတော့ အရေးပေါ်ဆေးမျိုးစုံ အသင့်ပြင်ဆင်ထားလေရဲ့ ။ ဖြစ်ပုံ၊ ဖြစ်ပုံ၊ ဒါနဲ့ (၂၇) ရက်နေ့ မှာ တပ်ချုပ်ကြီးဟာ တပ်စစ်ဆေးခြင်း မလုပ်တော့ဘဲ တပ်မတော်နေ့များရဲ့  အတိုဆုံး မိန့်ခွန်းကို မျက်နှာ ရှုံမဲ့စွာနဲ့ ကြိုးစားပြောသွားခဲ့လေရဲ့ ခင်ဗျား။ ဒုတပ်ချုပ်ဆိုသူကတော့ ဟန်ပြမီဒီယာရှေ့ မှာ တီဗွီရိုက်ခံပြီး ချက်ချင်း ပြန်ပြေးပါလေရောလား။ ဖြူလျောနေတဲ့ မျက်နှာလေးတွေနဲ့ သွားလေတွေ ကြိုးစားဖြဲနေ ကြတဲ့ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်လေးများကလဲ တဆရ (၂) စစ်ဆေးရုံထဲမှာ ပိတ်မိနေကြ ရှာတယ်ခင်ဗျား။ သွပ်..သွပ်..သွပ် တခါထဲ သေမသွားကြတာဘဲ မြန်မာနိုင်ငံကြီး ကံဆိုးတာပဲဗျာ။ ဒါ..ဘုရား ရိုက်တာပေါ့။ ကျွန်တော်ကတော့ ဒီလိုဘဲ မြင်တယ်။
အဲဒီနောက် ဆေးဘက်ဆိုင်ရာတွေက စားခဲ့တဲ့ အစားအစာတွေကို စစ်ဆေးလိုက်ကြရာ ဘာမှလည်းမတွေ့။ အဲ... တပ်မ(၁၁) ကတော့ ထုချေလွှာတင်လေရဲ့ ။ ကျွန်တော်တို့ Food Poison မဖြစ်ရေးအတွက် ဘက်စုံ စောင့်ကြည့်ကြောင်း၊ အစားအစာတွေ သန့်ရှင်းလတ်ဆတ်ဖို့၊ အိုးတွေ အဟောင်းကို လုံးဝမသုံးဘဲ အသစ်တွေ ၀ယ်ပြီး ချက်ဖို့မှာကြားထားတယ်တဲ့။ အဲဒီတော့ ဒန်အိုးအသစ်တွေကပဲ Effect ဖြစ်သလို ဘာလိုလိုနဲ့ ပေါ့ဗျာ။ လိပ်ဥအစာကတော့ ရှာမရပါဘူး။ နောက်ဆုံးတော့ ကကလှမ်းဘဲ ချက်ပြုတ်ရေးနဲ့ ဧည့်ခံရေး ပင်တိုင်ခံ ဖြစ်ရပြန်တော့ တာပေါ့ဗျာ။
No comments:
Post a Comment