.

.

.

November 6, 2008

ခေါင်းဆောင် - အပိုင်း(၄)

ယနေ့ သြစတြေးလျ နိုင်ငံဟာ နိုင်ငံသားတွေအတွက် ပြည့်စုံမှု၊ လုံခြုံမှု၊ တိုးတက်မှုကို ပေးနေတာ တွေ့မြင်ရပါတယ်။ တိုးတက်တဲ့ သြစတြေးလျ နိုင်ငံအနေနဲ့ ယုံကြည်မှု သိက္ခာကို တန်ဖိုးထားတဲ့ ခေါင်းဆောင်ကောင်းတွေ ရှိနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံ Challenge Bank က Brain Carroll ဟာ ယုံကြည်မှု၊ သိက္ခာဆိုတဲ့ Credibility နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း တဲ့တိုး စကားတစ်ခု ပြောသွားဖူးပါတယ်။

"Without credibility, you can't lead"

ယုံကြည်မှု၊ သိက္ခာရဲ့  အရေးပါမှုဟာ Leadership မှာ တင်မဟုတ်ပါဘူး၊ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရာမှာလည်း အလွန် အရေးကြီးပါတယ်။ ယုံကြည်မှုနဲ့ အလုပ်လုပ်နေကြတာဖြစ်ပြီး အထူးသဖြင့် ဦးဆောင်သူတွေမှာ အဓိက မရှိမဖြစ် အရည်အချင်း ဖြစ်ပါတယ်။ တချို့ ကဆို "Credibility is the foundation of leadership" လို့တောင် ပြောကြပါသေးတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်မှု တစ်ခု အတွက် သူ့ရဲ့ အသက် ဘ၀တစ်ခုလုံးကို သိက္ခာရှိရှိ ပေးဆပ်ပြီး ဖြစ်တာကြောင့် ခေါင်းဆောင် ကောင်းစစ်စစ် အမှန်ပင် ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ကို ဝေဟင်မှ တွေ့ရပုံ

Credibility ဆိုတဲ့ ယုံကြည်မှု၊ သိက္ခာကို ဘာနဲ့ တိုင်းတာမလဲ ဆိုတာ အမူအကျင့်၊ လုပ်ရပ်တွေ အပေါ်မှာ မူတည်ပါတယ်။

  • Leader practice what they preach.
  • They walk the talk

ခေါင်းဆောင်တွေနဲ့  ပတ်သက်ပြီးတော့ အောက်ဖေါ်ပြပါ ဇယားလေးကိုလည်း စာဖတ်သူတွေ ဗဟုသုတရရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ်က ဆက်လက် တင်ပြချင်ပါသေးတယ်။



အထက်ပါ ရာခိုင်နှုန်းများဟာ တိုက်ကြီး (၆) တိုက်မှ လူများရဲ့  ရွေးချယ်မှုကို ကိုယ်စားပြုထားပါတယ်။ အဲဒီ တိုက်ကြီး (၆) တိုက်ကတော့ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက၊ အာရှ၊ ဥရောပ နဲ့ သြစတြေးလျ တို့ ဖြစ်ကြပါတယ်။ အဓိက ရွေးချယ်တဲ့ လူအများစု ကတော့ အမေရိကန်မှ ဖြစ်ပါတယ်။


  • Their actions are consistent with their words.
  • They put their money where their mouth is.
  • They follow through on their promises.
  • They do what they say they will do.

အားလုံးကို ကြည့်ရင် Leadership ဟာ တရားမျှတမှုနဲ့ အများအတွက် အခြေခံပြီး သူတို့ ပြောသလို လုပ်နိုင်မှု အပေါ် စဉ်းစားဆုံးဖြတ်သွားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရားမျှတမှုမရှိတဲ့ အများအတွက် အခြေမခံဘဲ ငါ့အတွက် ငါ့အမျိုးအတွက် ငါ့မိန်းမ ငါ့သားသမီး ကောင်းစားဖို့သာ လုပ်နေကြတဲ့ ယနေ့ စစ်ခေါင်းဆောင်တွေကို ခေါင်းဆောင်ဆိုတဲ့ နေရာက ဖယ်ရှားကြဖို့သာ မြန်မာပြည်သားတိုင်းမှာ တာဝန်ရှိ နေပါတယ်။ သူတို့ပြောသလို တိုးတက်ဖွံ့ဖြိုးတဲ့ မြန်မာနိုင်ငံကြီးဖြစ်အောင် မလုပ်နိုင်သမျှတော့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ဟူသမျှ အချိန်နဲ့အမျှ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

နောက်တစ်ပတ်မှာတော့ ယှဉ်ပြိုင်မှု ပြင်းထန်ပြီး ပညာအခြေခံ ခေတ်ဖြစ်လို့ ရပ်တည်မှု၊ တိုးတက်မှုတွေ အတွက် မည်ကာမတ္တ မဟုတ်ဘဲ တကယ့် အဆင့်မြင့် ခေါင်းဆောင်မှုတွေ လိုအပ်နေတယ်ဆိုတဲ့ အကြောင်းနဲ့ ထင်ရှားတဲ့ သာဓက အဖြစ် ကိုးရီးယားက Kim Jung-tae အကြောင်းကို တင်ပြသွားပါမယ်။

No comments: