.

.

.

November 23, 2008

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း(၈)

ကစထမှူး မဖြစ်ခင် ဗိုလ်ကျော်ဝင်းဟာ ထောက်လှမ်းရေး နှင့် အဆင်မပြေ ဖြစ်ခဲ့ပုံတွေကို ဒီကနေ့ ကျွန်တော် ကိုဖိုးတရုတ်က ဆက်လက် တင်ပြသွားပါမယ်။ ဗိုလ်ကျော်ဝင်းတို့ရဲ့  အခြေစိုက်ရာ ကျိုင်းတုံမှာ ရှိတဲ့ ထောက်လှမ်းရေး တပ်မှူး ဗိုလ်မှူး စိုင်းအောင်သိန်းရဲ့  တပည့် တပ်ကြပ် တစ်ဦးဟာ မူးယစ်ပြီးတော့ “မင်းတို့ရဲ့  ဗိုလ်ချုပ်ကို ငါတို့ ထောက်လှမ်းရေးတွေက ဖြုတ်ပစ်လို့ ရတယ်” လို့ ဒကစရုံး ၀င်းအ၀မှာ ကြိမ်းမောင်းတဲ့အတွက် ဗိုလ်ကျော်ဝင်းက နှိပ်ကွပ်ကာ ထောင်ချခဲ့ပါတယ်။

တဖန် ဗိုလ်ကျော်ဝင်းဟာ တာချီလိတ်မြို့ က နံမည်ကြီး ၁၂ ရာသီ စားသောက်ဆိုင်မှာ အဆိုတော် ကောင်မလေးတွေကို ပန်းကုံးစွပ် နှာခေါင်းမီးတောက် သောင်းကျန်းနေတုံး ဘိန်းဘုရင် ခွန်ဆာရဲ့  MTA တပ်ဖွဲ့ဝင်တွေဟာ တိတ်တဆိတ် မြို့ ထဲဝင်နေတာကို မသိလိုက်ဘဲ ဖြစ်နေပါတယ်။ ဗိုလ်ကျော်ဝင်းဟာ သူ့ရဲ့ ကံဇာတာ အနည်းငယ် ရှိနေသေးတာမို့ သန်းခေါင်ကျော်ချိန်မှာတော့ ဒကစ ရှေ့တန်းရုံးရှိရာ တပ်ကုန်းသို့ ပြန်တက်လိုက်မိလို့ လက်မတင်လေး ရန်သူ့လက်မှ လွတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ကျော်ဝင်းနဲ့ ထိပ်ပိုင်း စစ်ခေါင်းဆောင်တချို့ ယှဉ်တွဲ ထိုင်နေပုံ


နောက်နေ့ နံနက်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားပြီး MTA ခွန်ဆာက တာချီလိတ်မြို့  ကိုတိုက်ရတဲ့ အတွက် စစ်ရေး အမြတ်ထုတ် အကျိုးရရှိသွားပေမဲ့ ဒကစမှူး ဗိုလ်ကျော်ဝင်းခမျာမှာတော့ ကကကြည်းရဲ့  ထုထောင်းတာ ခံလိုက်ရပါတယ်။

ဒီဖြစ်စဉ်မှာ ထောက်လှမ်းရေးတပ်တွေရဲ့  ရန်သူ့သတင်း ပေးပို့ရန် ပျက်ကွက်တာဖြစ်လို့ ဗိုလ်ကျော်ဝင်းက ထောက်လှမ်းရေးကို အမြင် မကြည်လင်မှု ပိုမို ပြင်းထန်လာပါတယ်။ ဗိုလ်ကျော်ဝင်းဟာ တာချီလိတ်က ရှမ်းမတဦးနဲ့ ဖောက်ပြားခဲ့သလို စကခ(၁၂) တပ်မမှူးမှ မပခ တိုင်းမှူး ဖြစ်လာတုန်းမှာလည်း ရန်ကုန်က Model Girl တဦးနဲ့ ရှုပ်ထွေးခဲ့ပါတယ်။

အဲဒီ Model Girl လေးကို စစ်ဝတ်စုံ ယောင်္ကျားလေးလို ၀တ်ခိုင်းပြီး မပခ ဌာနချုပ်ထဲ သွင်းကာ ရုံးခန်း အတွင်း ရှုပ်ခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ကျော်ဝင်းဟာ ရှုးစီးတဲ့ ဗိုလ်ချုပ်တွေလို မဟုတ်ဘဲ လေးလံလှတဲ့ စစ်ရေးပြ ဖိနပ်နက်ကြီး (Combat Foot) ကို စတန့်ထွင် စီးနေသူ ဖြစ်တာမို့ တချို့  တိုင်းမှူးတွေလို ကစထမှူး အရင်မဖြစ်ဘဲ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်သို့ ရာထူး တိုးမြှင့်ခံရသူ ဖြစ်ပါတယ်။

No comments: