.

.

.

November 12, 2008

X-WARRIORS ၏ အထူးကြေညာချက်


7 comments:

marri said...

ကိုဖိုးတရုတ်ရေ ဘယ်လိုမှာ မထင်ပါနဲ့ ထောက်လှမ်းရေး ကိုဆော်တုန်းက သူတို့ဘာမှပြန်မလုပ်နိုင်ပဲနဲ့ အခုကျမှ ပြန်ပြီးတော့ဆော် မယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါ MI ဆိုတဲ့ကောင်တွေက သေနတ်ကော ပစ်ဖူးရဲ့လား ကကကြည်း ကိုမလှန်ရဲ လို့ ငြိမ်ခံပြီးတော့ အခုမှ ထချမယ်ဆိုတော့ ယုံရခက်ခက်ပဲ.........

Unknown said...

ကိုဖိုးတရုတ်ရေ

ဒီကောင်တွေ ပြောတာ ဟုတ်၊ မဟုတ် ဆိုတာ စောင့်ကြည့်ရမှာပေါ့... မဟုတ်လဲ ကျွန်တော်တို့ဘက်က အရှုံးမရှိပါဘူး.. ကျွန်တော်တို့ အနှစ် (၂၀) လုံးလုံး စောင့်ကြည့်ခဲ့တာ Proposal Politics နိုင်ငံရေးကလွဲလို့ ကျွန်တော်တို့ အတိုက်အခံတွေ ဘာလုပ်နိုင်လို့လဲ။ ကျွန်တော့် သဘောကတော့ နိုင်ငံရေးမှာ “ထာဝရ မိတ်ဆွေ၊ ထာဝရ ရန်သူ” ဆိုတာ မရှိဘူးဆိုတာဘဲ။ ကိုအောင်လင်းထွဋ် တို့လဲ အတိုင်းအတာ တခုထိ ထိရောက်အောင် လုပ်နေတာမို့ ကျွန်တော်တို့ အတိုက်အခံတွေ အော်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး တို့ တွေ့ဆုံဆွေးနွေးရေး တို့ ဆိုတာတွေကို ဘက်ပြောင်းလာတဲ့ သူတွေအပေါ်မှာ အာဃာတ တရားမထားဘဲ လက်ကမ်းကြိုဆိုမှသာ အဓိပ္ပာယ်ရှိမယ်လို့ ထင်ပါတယ်။ ဒါမှမဟုတ်ရင် တော်လှန်ရေး အဓွန့်ရှည်ပါစေဆိုတဲ့ လူစားမျိုးဘဲ ဖြစ်သွားပါမယ်။

Tin said...

Take it as ( + ) positive way and better then nothing. Appreciate and welcome their movements.

ကိုဖွကြီး said...

အောင်လင်းထွဋ်အပါအ၀င်ထောက်လှမ်းရေးဆိုတာ သားရေပေါ်အိပ်၊သားရေနားစားတဲ့ကောင်တွေ၊
ခုနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ယင် အူမီးနှန့်ပြန်သွား၊ ဒို့ ဘက်က သတင်းတွေ ပေးမဲ့ကောင်။
ဒင်းတို့ တွေကိုမယုံကြပါနဲ့။

komaung said...

x-warriors

If you are true. you will also be True Heroes of future Burma.

( Action louder than words)

ko Maung ( 88 student )

patriotsoldier said...

ကျနော်နေသုပါ။ တပ်မတော်ကို မျိုးချစ်တပ်မတော် ပြည်ချစ်တပ်မတော် ဖြစ်စေချင်စိတ် ပြင်းပြတဲ့ တပ်မတော်သားဟောင်း တဦးဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လိုပြောပြော တပ်မတော်သားဖြစ်နေတဲ့သူတွေဟာလည်း မြန်မာပါပဲ။ ဆင်ရိုင်းကနေ ဆင်ယဉ်ဖြစ်လာရင် လူတွေအတွက် အသုံးတည့်တာပါပဲ။ ဘယ်လိုအနေအထားနဲ့ တပ်တွင်း နေခဲ့သည်ဖြစ်စေ အခုချိန်မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် သူတို့ တတ်စွမ်းသရွေ့ တာဝန်ယူဖေါက်ထွက်လာတာကို ကျနော်တို့ အလေးအနက် ကြိုဆိုသင့်ပါတယ်

patriotsoldier said...

တော်လှန်ရေးဘဲပြောပြော ဘယ်လိုနည်းနဲ့ အာဏာရှင် စနစ်ကို ဆန့်ကျင်ပစေ။ တိုင်းသူပြည်သားအားလုံး ညီညွတ်မှ လက်တဆုပ်စာ ထိပ်သီးတစုကို ဖယ်ရှားနိုင်မှာပါ။ ဒီလိုမှ မဟုတ်ပဲ သူ့ကို မယုံနဲ့ ငါ့သတင်းတွေ ပြန်ပြောလိမ့်မယ်။ သူကိုငါမယုံ ငါ့ကိုသူမယုံနဲ့ ဘယ်တော့မှ ဒီတိုင်းပြည် ဒီမိုကရေစီ စနစ်တည်ဆောက်လို့ မရနိုင်ဘူး။ ကျနော်ကတော့ တိုင်းပြည်ကိုဖြူစင်တဲ့ မြတ်နိုးခြင်းနဲ့ တန်ဖိုးထားတဲ့ အတွက် မြန်မာနိုင်ငံသား အားလုံးကို ယုံကြည်တယ်။ မဟုတ်တာ မလုပ် မမှန်တာ မပြောတဲ့ အတွက် သံသယ မျက်ဝန်းနဲ့ လူတွေကို စောင့်ကြည့်နေစရာ မလိုဘူး။ ကိုယ်လုပ်တဲ့ လုပ်ဆောင်ချက်တိုင်းစာ တိုင်းပြည်အတွက်သာ ဖြစ်ပေ့စေ။ ဘယ်သူ့ရဲ့ အတွန်းအတိုက် ငြူစူုမာန်မဲ ရှုံ့ချမှုကိုမှ အလေးထားစရာ မလိုပါ ။ ဆက်လုပ်ပါ ပြည်ချစ်စစ်သားများ