.

.

.

December 15, 2008

KNU တပ်မဟာ အောင်ပွဲသတင်း

ဒီဇင်ဘာ ၁ ရက်နေ့ နေ့လည်က ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၂ ရင်း ၅ စစ်သည်တဦးက တောင်ငူမြို့နဲ့ သံတောင်မြို့သစ် (၁၃ မိုင်) ကားလမ်းပေါ်ရှိ တောင်ငူမှ ၈ မိုင်အကွာ ကျောက်တိုင်လမ်းခွဲမှာ လမ်းလုံခြုံ ရေးယူနေတဲ့ ခလရ ၄၈ တပ်စုကို အရက်မူးအောင်တိုက်ပြီး ဓားနဲ့ခုတ်ရာ နအဖ တပ်ကြပ်ကြီး ၁၊ တပ်ကြပ် ၁၊ ဒုတပ်ကြပ် ၁၊ တပ်ကြပ် ၁ နဲ့ တပ်သား ၅ ယောက်တို့ ထိခိုက်ဒဏ်ရာရ ထွက်ပြေးသွားကြပါတယ်။ (အသေအပျောက် မသိရသေး။) ကရင်စစ်သည်ဟာ ရန်သူ့ထံမှ အမ်-၇၉ ဗုံးပစ်လောင်ချာ တလက် ၎င်းဗုံးသီး ၁၀ လုံး၊ အမ်အေ-၃ ဒင်ခေါက် မောင်းပြန်ရိုင်ဖယ် (၂)လက် ၎င်းဘောက် ၂ ချပ် ၎င်းကျည် ၄၀ ထမ်းပြီး မိမိတပ်စခန်းသို့ ဘေးမသီရန်မခ ပြန်ရောက်လာခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက်က တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရှားစီးဘိုနဲ့ ပုံမူခီးကြား စင်းကြံကုန်းမှာ KNLA တပ်မဟာ ၂ က နအဖတပ် ခလရ ၁၄၉ ကို အမ်-၁၈ ရှေ့ထွက်မိုင်းပဒေသာနဲ့ ခြုံခိုတိုက်ခိုက်ရာ ရန်သူ ၄ ယောက်သေ ၇ ယောက် ဒဏ်ရာရသွားပါတယ်။ (မှတ်ချက်။ နင်းမိုင်းမဟုတ်)

ဒီဇင်ဘာ ၁၁ ရက်က တောင်ငူခရိုင် ဘောဂလိကြီးနဲ့ ဘိုဆာခီးကြား ကားလမ်းပေါ်မှာ KNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ဖွဲ့တဖွဲ့က နအဖရိက္ခာကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၎င်းရိက္ခာကား ပျက်စီးသွားခဲ့ပါတယ်။

သတင်းများကို NCGUB-BO မှ ရရှိပါသည်။

No comments: