ဒီမိုကရေစီနဲ့ တပ်မတော် - အပိုင်း(၉)
ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်
ဒီမိုကရေစီ ၀ါဒမှာမူ စနစ် (-ism) တစ်ရပ် မဟုတ်ချေ။ လုပ်ထုံးလုပ်နည်း တစ်ခု ဖြစ်သည်။ ကျင့်စဉ် တစ်ခု ဖြစ်သည်။ ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်ရန် ဖန်တီးနေသည့် လူမှုရေး ကျင့်စဉ် တစ်ခု ဖြစ်သည်။ အာဏာရှင်ကို အလိုမရှိ။ ပြည်သူလူထုသည်သာ ပဓာန။ ပြည်သူ့အကျိုးသာ အဓိက ဖြစ်သည်။ ပြည်သူလူထုက စုပေါင်း၍ ကောင်းစွာ ပါဝင်ဆောင်ရွက်နိုင်ကြသည်။ ထို့ကြောင့် ဒီမိုကရေစီ ကျင့်စဉ်မှာ နှစ်ပေါင်း (၂၀၀၀) ကျော်သည့်တိုင် ရှင်သန်ကြီးထွားလာခြင်း ဖြစ်သည်။
ဒီမိုကရေစီသည် လူတို့ လိုအင်များနှင့် အညီ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ရန် အဆင့်ဆင့် ပြုပြင်ပြောင်းလဲ တိုးတက်မွမ်းမံလာခဲ့ကြရ၏။ လူတို့၏ တိုးတက်မှု၊ လိုအင်ဆန္ဒ များပြားမှုနှင့်အတူ ဒီမိုကရေစီသည် ပြီးပြည့်စုံနိုင်ခြင်း မရှိနိုင်သေးချေ။
“ဗမာပြည် လွတ်လပ်ရေးရတဲ့အခါ တိုင်းသူပြည်သားတွေသာလျှင် အဓိက လိုလားပြီး တိုင်းပြည် တည်ထောင်ချင်တယ်ဆိုရင် ဒီမိုကရေစီစနစ် အရ မှ ဖြစ်နိုင်မယ်။ ဒီမိုကရေစီ အရင်းခံပဲ။ ဆိုရှယ်လစ် ၀ါဒ၊ ကွန်မြူနစ် ၀ါဒ ဆိုတာတွေဟာ စင်စစ်တော့ ဒီကနေ ဖြာထွက်သွားတာပဲ။ ဘယ်ဟာမှ ဒီမိုကရေစီ မစစ်သေးဘူး။ နိုင်ငံရေး တင်မက စီးပွားရေးပါ ပါမှ ဒီမိုကရေစီ စစ်နိုင်မယ်လို့ ဒီမိုကရေစီ သဘောတရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်းသာ ဖြစ်တယ်”
ဗိုလ်ချုပ်အောင်ဆန်း
ဒီမိုကရေစီ ရာဇ၀င် အကျဉ်း
ဂရိမြို့ ကြီးများ၌ ခရစ်တော် မပေါ်မှီ နှစ်ပေါင်း ၄၅၀၀ (BC 400 to BC 500) ခန့်ကစပြီး “အေသင် ဒီမိုကရေစီ” (Athenion Democracy ) ကို စတင် နိုင်ခဲ့ကြသည်။ ဂရိတို့သည် ယဉ်ကျေးမှု၊ အတွေးအခေါ်များ၌ အလွန်မြင့်မားနေပြီ ဖြစ်ပြီး ဒီမိုကရေစီသည် နိုင်ငံရေး စနစ်ကို ရည်ညွှန်းကြသည်။ လူ့အဖွဲ့အစည်းအတွင်း ပြည်သူလူထု၏ အကျိုးကို အစွမ်းကုန် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခဲ့ကြသော်လည်း လူ့အခွင့်အရေး အဓိပ္ပာယ်ကို ဖွဲ့စည်းစုဝေးခြင်းများကို ကောင်းစွာ မဖေါ်နိုင်သေးသလို ဖွဲ့စည်း စုဝေးခြင်းများကို အလွန် ထိန်းချုပ်ခဲ့၏။ မဲ ပေးနိုင်ခွင့် မရှိသောသူ များပြား၏။ ထို့ကြောင့် လူထု တစ်ရပ်လုံးတွင် အာဏာ အမှန် မရှိကြသေးချေ။
လူတစ်ဦးချင်းစီအတွက် လွတ်လပ်ခွင့် (Civil liberties) ကို အစိုးရက ကာကွယ်ပေးနိုင်ခြင်း မရှိ။ “နိုင်ငံ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံ ဥပဒေ” တော့ရှိပါသည်။ သို့အတွက် လစ်ဘရယ် မကျသော ဒီမိုကရေစီ (Liberal Democracy) မလွတ်လပ်သော ဒီမိုကရေစီဟု ခေါ်ပြီး၊ မူရင်း ဒီမိုကရေစီ ဖြစ်သည်။ တိုက်ရိုက် ဒီမိုကရေစီ ဟုလည်း ခေါ်ဝေါ်ကြပါသည်။
ထိုမှ တဖြည်းဖြည်း ခေတ်စနစ် အခြေအနေများ အပေါ်လိုက်ပြီး တိုးတက်ပြုပြင်ပြောင်းလဲကာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများ ခေတ်စားလာခဲ့ခြင်း ဖြစ်၏။ အချို့ ဒီမိုကရေစီ စနစ်ဟု ခေါ်ဝေါ်တင်စားလာခဲ့ကြသည်။ ယနေ့ ဒီမိုကရေစီ နိုင်ငံကြီးများသည် နေ့ချင်းညချင်း ဒီမိုကရေစီ နည်းစနစ်များကို ကျင့်သုံးခဲ့ကြခြင်း မဟုတ်ပဲ နှစ်ပေါင်းများစွာ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရင်း၊ တိုးတက်ရင်းနှင့် စတင်ခဲ့ကြရ၏။ ဗြိတိန် နိုင်ငံဆိုလျှင် နှစ်ပေါင်းရာစုနှစ်ကျော်ခဲ့ပြီး ဖြစ်သည်။ ပြည်သူနှင့် အစိုးရ သဘောထား ရင့်ကျက်ပြီး ဒီမိုကရေစီကို ကောင်းမွန်စွာ ကျင့်သုံးနိုင်ခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မရှိဘဲ Magna Charter ခေါ် ပြည်သူနှင့် အုပ်စိုးသူ ဘုရင်၊ မှူးမတ်များက သဘောတူ စာချုပ် ချုပ်ဆိုကာ အုပ်ချုပ်ခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။
ပါလီမန် စနစ်ဖြင့် အုပ်ချုပ်သဖြင့် ပါလီမန် ဒီမိုကရေစီဟု ခေါ်သည်။
ဒီမိုကရေစီ အစိုးရ ပုံစံများ
ဆိုရှယ် ဒီမိုကရေစီ (Social Democracy)၊ လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy)၊ ပြည်သူ့ ဒီမိုကရေစီ (People's Democracy) စသည်ဖြင့် မိမိ နိုင်ငံ အသီးသီးနှင့် ကိုက်ညီသော နိုင်ငံရေး အတွေးအခေါ်များနှင့် အထူးပြုထားသော ဒီမိုကရေစီများ၊ များပြားလှသော ပုံစံအမျိုးမျိုး ပါဝင်သည့် လူထုကြီးနှင့် ကိုက်ညီအောင် မွမ်းမံထားသော ကွန်ဆိုစီရေးရှင်း ဒီမိုကရေစီ စသည်ဖြင့် ရှိကြသော်လည်း အောက်ပါ အခြေခံမူ (၂) ရပ်ကတော့ ပါဝင်မြဲ ဖြစ်သည်-
အခြေခံ မူ (၂) ရပ်
အမှတ်စဉ် (၁) မှ လွဲ၍ ကိုယ်စားပြု ဒီမိုကရေစီ ပုံစံ ဖြစ်၏။ ရွေးကောက်ပွဲများ အရေးကြီးပြီး၊ အပြိုင်အဆိုင် ဖြစ်ခြင်း၊ တရားမျှတ မှန်ကန်ခြင်း၊ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ခြင်းနှင့် လွတ်လပ်စွာ ရေသား၊ ပြောဆို၊ စည်းရုံး၊ ဖော်ထုတ်ခွင့်များသည် ဤ ကိုယ်စားပြု ဒီမိုကရေစီအတွက် အလွန်လိုအပ်သည်။ ပြည်သူလူထုက နိုင်ငံရေး အသိ မြင့်မားပြီး ကောင်းစွာ ဆင်ခြင်သုံးသပ် မဲ ဆန္ဒပေးနိုင်ရန် ဖြစ်သည်။
ဒီမိုကရေစီ ကျင့်စဉ်ကို ကျင့်သုံးရာ၌ အေးချမ်းတည်ငြိမ်စွာဖြင့် တူညီမျှပေါင်းဖက်နေထိုင်ခြင်း၊ ဥပဒေ ရှေ့ မှောက် အခွင့်အရေး ညီမျှခြင်း၊ နစ်နာဆုံးရှုံးမှုများကို တင်ပြတောင်းဆို ပိုင်ခွင့် ရှိခြင်းနှင့် ဥပဒေအရ ခံစားပိုင်ခွင့်/ ရပိုင်ခွင့်များကို အစိုးရက လေးစားလိုက်နာ ကျင့်သုံးခြင်း၊ လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်များ၊ လူ့အခွင့်အရေးများ၊ ပုဂ္ဂလိက လူမှုရေး အဖွဲ့အစည်းကဏ္ဍများနှင့် ဖွဲ့စည်းခွင့်များ၊ အုပ်ချုပ်ရေး၊ ကျင့်ဝတ်များ စသည်တို့ဖြင့် တည်ဆောက်ထားကြရသည်။
အထူးသဖြင့် ဥပဒေ စိုးမိုးမှုမှာ အစိုးရနှင့် ပြည်သူလူထု အပေါ် သက်ရောက်ရ၏။ ပြဋ္ဌာန်းထားသည့် ဥပဒေများကို အစိုးရရော၊ ပြည်သူလူထုက လေးလေးစားစား လိုက်နာ ကျင့်သုံးကြရ၏။
ဤသို့ ဆိုလျှင် ဒီမိုကရေစီ သည် လူတိုင်း၊ တပ်မတော်သားတိုင်း အတွက် အလွန်ပင် လိုအပ်လှပေကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်လောက်ပေသည်။

- ပြည်သူလူထုကြီးအတွင်းရှိ လူတိုင်း ကိုယ်စီ၌ (နိုင်ငံ) အာဏာကို တူညီမျှတစွာ ဆက်စပ် ထားရမည် (သို့) ပါဝင်ကျင့်သုံးနိုင်ခွင့် ရှိရမည်။
- ပြည်သူပြည်သားတိုင်း ကမ္ဘာက လက်ခံထားသော (သို့) ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုကို ခံစားနိုင်စေရမည်။
- တိုက်ရိုက် ဒီမိုကရေစီ (Direct Democracy)
- မဲဆန္ဒနယ်မြေ အတွင်း နေထိုင်သူ မှန်သမျှ ပါဝင်/ဆုံးဖြတ် နိုင်အောင် အထူး ဦးစားပေးထားသည့် ဒီမိုကရေစီ (Participatory Democracy)
- ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သော မူဝါဒများ ချပြီး ကျင့်သုံးနိုင်ဖို့ တိုက်ရိုက် ဒီမိုကရေစီ နှင့် ကိုယ်စားပြု ဒီမိုကရေစီ စနစ် နှစ်ခု မျှတစွာ ရောနှော ကျင့်သုံးသည့် ဒီမိုကရေစီ (Deliberative Democracy)
- ဆိုရှယ် ဒီမိုကရေစီ နှင့် တူ/မတူ အငြင်းပွားမှု ရှိနေသည့် ဆိုရှယ်လစ် ပုံစံပါ ဒီမိုကရေစီ (Democratic Socialism)
- ကိုယ်စားပြု ဒီမိုကရေစီ (Representative Democracy)
(က)၀န်ကြီးချုပ် ဦးဆောင် ပါလီမန် ဒီမိုကရေစီ (Parliamentary System)
(ခ)သမ္မတ ဦးဆောင်သော စနစ် (Presidential System)
(ဂ)သမ္မတနှင့် ၀န်ကြီးချုပ်တို့ အာဏာခွဲဝေ ကျင့်သုံးသော ဒီမိုကရေစီ (Semi-Presidential System)
(ဃ)ဗြိတိန် ကဲ့သို့ ၀န်ကြီးချုပ် ဦးဆောင် ပါလီမန် ဒီမိုကရေစီ (Westminster System)
(င)ကနေဒါ ကဲ့သို့ ဘက်မလိုက် ပါလီမန် ဒီမိုကရေစီ (Consensus Government) - လူထုက ရွေးချယ် တင်မြှောက်သော နိုင်ငံတော် အကြီးအကဲ (Head of State) ရှိ၊ ဆုံးဖြတ်ချက်များကို တရားစီရင်ရေးမှ အမြင့်ဆုံး ဖြစ်သော ပြည်သူ့ ပါလီမန် စနစ် (Republicanism Democracy)
- လူထုက လူထုကိုယ်စားလှယ်များကို မဲပေးရွေးချယ် တင်မြှောက်ခွင့် ရှိသော်လည်း၊ နိုင်ငံရေးရာများ၌ ပါဝင် ဆုံးဖြတ်ခွင့် မပြုသော ဒီမိုကရေစီ (Totalitarian Democracy)
- အခွန်ကောက်ခြင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေး တရားစီရင်ရေး၊ အာဏာမျှနှင့် ပြည်သူလူထုအပေါ် စော်ကားမှု မပြုနိုင်စေခြင်းမျှသာ အာဏာကန့်သတ်ပေးထားသော ပုံစံ (Monarchism) တို့ ဖြစ်သည်။
အမှတ်စဉ် (၁) မှ လွဲ၍ ကိုယ်စားပြု ဒီမိုကရေစီ ပုံစံ ဖြစ်၏။ ရွေးကောက်ပွဲများ အရေးကြီးပြီး၊ အပြိုင်အဆိုင် ဖြစ်ခြင်း၊ တရားမျှတ မှန်ကန်ခြင်း၊ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ခြင်းနှင့် လွတ်လပ်စွာ ရေသား၊ ပြောဆို၊ စည်းရုံး၊ ဖော်ထုတ်ခွင့်များသည် ဤ ကိုယ်စားပြု ဒီမိုကရေစီအတွက် အလွန်လိုအပ်သည်။ ပြည်သူလူထုက နိုင်ငံရေး အသိ မြင့်မားပြီး ကောင်းစွာ ဆင်ခြင်သုံးသပ် မဲ ဆန္ဒပေးနိုင်ရန် ဖြစ်သည်။
ဒီမိုကရေစီ ကျင့်စဉ်ကို ကျင့်သုံးရာ၌ အေးချမ်းတည်ငြိမ်စွာဖြင့် တူညီမျှပေါင်းဖက်နေထိုင်ခြင်း၊ ဥပဒေ ရှေ့ မှောက် အခွင့်အရေး ညီမျှခြင်း၊ နစ်နာဆုံးရှုံးမှုများကို တင်ပြတောင်းဆို ပိုင်ခွင့် ရှိခြင်းနှင့် ဥပဒေအရ ခံစားပိုင်ခွင့်/ ရပိုင်ခွင့်များကို အစိုးရက လေးစားလိုက်နာ ကျင့်သုံးခြင်း၊ လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်များ၊ လူ့အခွင့်အရေးများ၊ ပုဂ္ဂလိက လူမှုရေး အဖွဲ့အစည်းကဏ္ဍများနှင့် ဖွဲ့စည်းခွင့်များ၊ အုပ်ချုပ်ရေး၊ ကျင့်ဝတ်များ စသည်တို့ဖြင့် တည်ဆောက်ထားကြရသည်။
အထူးသဖြင့် ဥပဒေ စိုးမိုးမှုမှာ အစိုးရနှင့် ပြည်သူလူထု အပေါ် သက်ရောက်ရ၏။ ပြဋ္ဌာန်းထားသည့် ဥပဒေများကို အစိုးရရော၊ ပြည်သူလူထုက လေးလေးစားစား လိုက်နာ ကျင့်သုံးကြရ၏။
ဤသို့ ဆိုလျှင် ဒီမိုကရေစီ သည် လူတိုင်း၊ တပ်မတော်သားတိုင်း အတွက် အလွန်ပင် လိုအပ်လှပေကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်လောက်ပေသည်။
No comments:
Post a Comment