.

.

.

July 16, 2009

ဆက်လက် ရှင်သန် နေဦးမဲ့ စည်းလုံးခြင်းရဲ့  အင်အား

မလျော့သော ဇွဲလုံလ၊ ထက်မြက်သော သတ္တိစွမ်းအား၊ မြင့်မြတ်သော စိတ်ဓာတ်တွေနဲ့အတူ ရှိနေမဲ့ စည်းလုံးခြင်းရဲ့  အင်အား

ဇူလိုင်လ ၁၄ ရက်နေ့ မြန်မာ စံတော်ချိန် ညနေပိုင်း (၅း၀၀) နာရီ ကျော်ခန့် ဖုန်းခေါ်ဆိုသံကို ကျွန်တော် ကိုဖိုးတရုတ် ကြားလိုက်ရပါတယ်။ ဖုန်းခေါ်ဆိုမှုကို ပြန်လည် ပြောကြားဖို့ ဖုန်းအား ကိုင်ပြီး နားထောင်လိုက်ရာ “ကိုဖိုးတရုတ်ရေ... ကိုဖိုးတရုတ် ဆိုဒ် This site has been suspended ဆိုပြီး ပေါ်နေပြန်ပြီ.. ပြန်ကြည့်ပေးပါဦး” လို့ ဖုန်းထဲမှ မိတ်ဆွေရဲ့  ပြောလိုက်တဲ့ အသံကို ကြားလိုက်ရပါတယ်။ အဲဒီလို ကြားလိုက်ပြီးတာနဲ့ တပြိုင်နက် ကျွန်တော့် ခေါင်းထဲမှာ “ဒိုင်းကနဲ” ဖြစ်သွားကာ အမြန်ဆုံး ပြန်လည် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အဲဒီ ဖုန်းခေါ်ဆိုသူ မိတ်ဆွေအား ပြန်လည် ပြောကြားလိုက်ပါတယ်။

အဲဒီနောက် လက်ရှိ ကျွန်တော့်မိတ်ဆွေတွေနဲ့ ပြောဆို ဆွေးနွေးနေကြတဲ့ ကိစ္စ အကြောင်းအရာများအား ချက်ချင်း ဆိုင်းငံ့ ဖြတ်တောက်ကာ နေအိမ်သို့ အမြန်ဆုံး ပြန်လာခဲ့ပါတယ်။ နေအိမ်သို့ ရောက်ပြီး မိမိ ကွန်ပြူတာ ရှေ့ မှာ ချက်ချင်း ထိုင်လိုက်ကာ ကျွန်တော့်ဆိုဒ်အား ကြည့်ရှု စစ်ဆေးလိုက်တဲ့အခါ This site has been suspended ဆိုပြီး ပြန်လည် ပေါ်ပေါက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။

Hosting Server Company ထံ ချက်ချင်း ဆက်သွယ် အကြောင်းကြားပြီး အထက်ပါ ပြဿနာအား ဖြေရှင်းဖို့ ထပ်မံ ဆွေးနွေး တိုင်ပင်ပါတယ်။ သူတို့ ပြောကြားချက်ကတော့ Server Abusing ဖြစ်သွားတာကြောင့် Account အား Suspended ပြုလုပ်ထားလိုက်ခြင်း ဖြစ်ကြောင်း၊ ပြီးနောက် Account အား ပြန်လည် ဖွင့်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကျွန်တော့် Hosting သို့ Server Abusing ဖြစ်သွားအောင် Script တွေအား တနေရာကတဆင့် အဆက်မပြတ် ပို့ဆောင် ဆက်သွယ် နေတာကြောင့် အခုလို ပိတ်လိုက်ခြင်း ဖြစ်ကြောင်း ပြောဆို သွားပါတယ်။ အဲဒီနောက် ကျွန်တော့် Admin Email ကို စစ်ဆေး ကြည့်လိုက်တဲ့အခါ အောက်ပါ အတိုင်း တွေ့ရပါတော့တယ် -


ပုံအား အနီးကပ် ကြည့်ရန် ဒီနေရာကို နှိပ်ပါ။

မှတ်ချက် ။ ။ လုံခြုံရေး အခြေအနေအရ ပေးပို့တဲ့ System နံမည်တွေအား ဖျောက်ဖျက်ထားပါတယ်။

အထက်ပါ ပုံအရ ကျွန်တော် ကိုဖိုးတရုတ်ဆိုဒ်အား Dos Attack ဖြင့် ၀င်ရောက် တိုက်ခိုက် နှောင့်ယှက်ခဲ့ခြင်း ဖြစ်တယ် ဆိုတာ ခိုင်လုံမှုကို တွေ့ရပါတယ်။ Dos Attack ဖြင့် ကျွန်တော့် ဆိုဒ်အား Suspended ဖြစ်သွားအောင် IP Address တခုတည်းကနေ တပြိုင်နက် (ဒါမှမဟုတ်) အဆက်မပြတ် ကြည့်နေခြင်း၊ Hosting Server Account နဲ့ Data အချက်အလက်များအား Penetration (ထိုးဖောက် ၀င်ရောက်ခြင်း)၊ အပိုအလို Script တွေအား တနေရာကနေတဆင့် အဆက်မပြတ် ပို့ဆောင်နေခြင်းတို့ကို ပြုလုပ်ခဲ့တာကြောင့် ကျွန်တော့်ဆိုဒ်ဟာ အခုလို ဖြစ်သွားရပါတယ်။

ကျူပင်ခုတ် ကျူငုတ်ပါမကျန် ချေမှုန်းတဲ့ Special Operation ထဲမှာ ပါဝင်နေတဲ့ ကျွန်တော့် ၀က်ဘ်ဆိုဒ်ဟာ အခုဆိုရင် Control Panel Account ကို Hosting Server က ပြန်လည် ဖွင့်ပေးလိုက်ပေမဲ့ Penetration (ထိုးဖောက် ၀င်ရောက်ခြင်း)၊ Dos Attack ခံထားရတာကြောင့် ဆိုဒ်ဟာ ပုံမှန်အနေအထား မရှိသေးဘဲ ရတချက် မရတချက် ဖြစ်နေပါတယ်။ နှစ်ကြိမ်တိုင်တိုင် Penetration (ထိုးဖောက် ၀င်ရောက်ခြင်း) ခံထား ရတာကြောင့် Admin Control Panel ကို ၀င်တဲ့အခါမှာ အလွန် နှေးကွေးနေခြင်း၊ Connection Interrupted ဖြစ်နေခြင်း စတဲ့ အခက်အခဲတွေ ထပ်မံ ရှိနေပါတယ်။

ကျွန်တော့်ရဲ့ ဝက်ဘ်ဆိုဒ်အား အကောင်းဆုံးနဲ့ အဆင်ပြေဆုံး ဖြစ်အောင် ပြန်လည် ပြင်ဆင် ပြုပြင်နေတာကြောင့် ဆောင်းပါးများနဲ့ သတင်းများကို ယာယီ ဒီဘာလောဂ် http://photayokeking.blogspot.com မှာ ဆက်လက် တင်ပြသွားမယ် ဆိုတဲ့အကြောင်း လာရောက် လည်ပတ်သူ မိတ်ဆွေ သူငယ်ချင်းများကို လေးစားစွာ တင်ပြ အပ်ပါတယ်။ ကျွန်တော် ကိုဖိုးတရုတ် အနေနဲ့ စည်းလုံးခြင်းရဲ့  အင်အား ဆိုတဲ့ ဆိုဒ်ကို ထာဝရ ရှင်သန် တောက်ပနေအောင် ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

2 comments:

Unknown said...

အကို...."စည်းလုံးခြင်းရဲ့  အင်အား" ထာဝရ ရှင်သန် နေစေဖို. အမြဲဆုတောင်းအားပေးနေပါတယ်......

Platinum Bird said...

Carry on, we all support you! I daily visit your site.