.

.

.

January 20, 2011

ထပ်မံရရှိတဲ့ နောက်ဆုံးရ တပ်မတော်(လေ) မှ သတင်းများ


စာဖတ် ပရိသတ်များ ခင်ဗျား

စစ်အာဏာရှင်တွေဟာ တပ်မတော်လေတပ်ကို ယခုလို အရေးကြီးတဲ့ အချိန်ကာလအတွင်းမှာ ဘယ်လို ပြင်ဆင်မှုတွေ ထပ်မံ လုပ်ခိုင်းနေတယ်၊ ဘာတွေထပ်မံ ကြံစည်နေကြတယ် ဆိုတာတွေကို တပ်မတော် (လေ) အရာရှိ ဝေဟင်က စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ နောက်ဆုံးရ တပ်မတော် (လေ) သတင်းများ အဖြစ် သတင်းပိုမို စုံလင် နိုင်ရေးအတွက် ပေးပို့လာပြန်ပါတယ်။ စာဖတ်ပရိသတ်များ သတင်းဆက်စပ် လေ့လာ နိုင်ရန် ဖေါ်ပြပေးလိုက်ပြီး ကျွန်တော် ကိုဖိုးတရုတ်က ပေးပို့လာတဲ့ ပင်တိုင်ဆောင်းပါးရှင် ဝေဟင်အား အထူးကျေးဇူး တင်ရှိပါကြောင်း “စည်းလုံးခြင်းရဲ့ အင်အား” မှ ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါတယ်။ ဒါ့အပြင် စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org သို့ ပြည်တွင်းက တိုက်ရိုက် ပေးပို့နေကြတဲ့ တပ်မတော် “လေ” အရာရှိများ အားလုံးကို ကျနော်က လုံခြုံရေး အတွက် ဂရုစိုက်ပေးပါရန် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

၁။ တပ်မတော် (လေ) အရာရှိ ဗိုလ်မျိုးသူရက ပေးပို့ထားတဲ့ လေယာဉ်စက်ရုံ တည်ဆောက်ရေး သတင်းနဲ့ ဆက်စပ်ပြီး တပ်မတော် (လေ) အရာရှိ ဝေဟင်က ဖြည့်စွက် ပေးပို့ လာပါတယ်။ လေယာဉ်စက်ရုံ တည်ဆောက်ရေးအတွက် ရွေးချယ်ထားတဲ့ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံးမှ အရာရှိ (၂၀) ဦးနဲ့ စစ်သည် (၁၅) ဦးတို့ဟာ မိတ္ထီလာ မြေပြင် အတတ်သင် လေတပ်စခန်းဌာနချုပ်ရှိ စက်မှု လက်မှု အတတ်သင်ကျောင်းမှာ ၂၀၀၉ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှ အောက်တိုဘာလ (၂) ရက်နေ့ အထိ စာတွေ့ လက်တွေ့ သင်ခန်းစာများ သင်ယူခဲ့ပြီးတဲ့နောက် တောင်ငူ လေတပ် စခန်း ဌာနချုပ်ရှိ အမှတ် (၄၂) တိုက်ခိုက်ရေးအုပ် K- 8 အုပ် တွင် လက်တွေ့ လေ့လာမှုများကို တစ်လကြာ ဆက်လက် ဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိပါတယ်။

မြန်မာ့လေတပ်မှ ရုရှားလုပ် MI - 17 ရဟတ်ယာဉ်အား လက်နက်အချို့ နဲ့ တွေ့ရပုံ

၂။ ပြင်ဦးလွင်ရှိ တပ်မတော် သိပ္ပံ နဲ့နည်းပညာ သုတေသန ဌာနချုပ် (သသန) နှင့်လေတပ် ပူးပေါင်းပြီး လေသင်္ဘော (Air Ship) နှင့် လေယာဉ်တု (Flight Simulator) တည်ဆောက်ဖို့ စီမံချက်ကို ၂၀၀၇ ခုနှစ်မှ စတင် စမ်းသပ် ဆောင်ရွက် ခဲ့ကြပါတယ်။ အဲဒီ စီမံချက် အစီအစဉ် မအောင်မြင်ခဲ့ သဖြင့် စီမံချက်ကို အကောင် အထည်ဖေါ် ဆောင်ရွက်နေတဲ့ လေတပ်အရာရှိများအား ပြန်လည် ခေါ်ယူပြီး လေတပ်စခန်းဌာနချုပ် တစ်ခုစီကို ခွဲခြား တာဝန်ပေးအပ် ပြန်လည် စေလွှတ်ဖို့ ဖိအားပေးလျှက်ရှိကြောင်း သတင်းရရှိပါတယ်။

့မြန်မာ့လေတပ်မှ MI - 17 ရဟတ်ယာဉ် ပျံသန်းစဉ် ပစ်ခတ် တိုက်ခိုက်နေပုံအား တွေ့ရပုံ

၃။ နာဂစ် ကယ်ဆယ်ရေး ဟန်ပြ ဆောင်ရွက်ခဲ့ပြီး သက်တမ်းကုန်နေတဲ့ ရုရှားလုပ် MI – 17 ရဟတ်ယာဉ်များအား Over haul ပြုလုပ်ဖို့ ရုရှား ပညာရှင် (၁၅) ဦးဟာ မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ မိတ္ထီလာ မြေပြင်အတတ်သင် လေတပ်စခန်း ဌာနချုပ်ရှိ အမှတ် (၁၇) လေယာဉ်အုပ်တွင် လုပ်ငန်းများ ဆောင်ရွက် လျှက် ရှိနေကြကြောင်း၊ ရုရှားမှ ကျွမ်းကျင်မှု ပညာရှင်များဟာ အဖွဲ့များခွဲကာ အသုတ်လိုက် လေတပ်မှ အရာရှိ စစ်သည်များအား စာတွေ့ လက်တွေ့ လေ့ကျင့်ပေးမည် ဖြစ်ကြောင်း၊ ရုရှားမှ စက်အရန် ပစ္စည်းများအား တပါတည်း ပြောင်းလဲ သုံးစွဲနိုင်မှု (ရှိ/မရှိ) မြန်မာနိုင်ငံ ရာသီဥတု အခြေအနေနှင့် တောတောင် ထူထပ်တဲ့ မြေအနေအထားပေါ်တွင် သူတို့ ရဟတ်ယာဉ်များ ခံနိုင်ရည် (ရှိ/မရှိ) သုတေသနပြု လုပ်ကိုင် ဆောင်ရွက် နေကြောင်း သတင်း ရရှိပါတယ်။

၎။ ပုသိမ် လေတပ်စခန်း ဌာနချုပ်တွင် ဗိုလ်မှူးချုပ် ဇင်ယော် ဦးစီးပြီး A-5 ကြားဖြတ်တိုက်လေယာဉ်များနှင့် G -4 လေ့ကျင့်ရေး တိုက်လေယာဉ်များကို ထားရှိလာကြောင်း၊ နာဂစ်မုန်တိုင်း ကိစ္စတုံးက အမေရိကန် စစ်သင်္ဘောမှ လေယာဉ်များ ဧရာဝတီနဲ့ ရန်ကုန်ကို ပျံသန်းလာမှာကို စိုးရိမ်ပြီး အခြား လေတပ် စခန်း ဌာနချုပ်များမှ ရွေ့ယူထားရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

၅။ နတ်မောက်မြို့တွင် ကာကွယ်ရေး ၀န်ကြီးဌာန ဆက်သွယ်ရေး ညွန်ကြားရေးမှူးရုံးမှ Net Work ကျွမ်းကျင် သူများအား အထူးရွေးချယ် တာဝန်ပေးကာ အင်တာနက် သတင်း ပေါက်ကြား နေမှုများအား စောင့်ကြပ် ကြည့်ရူ ခိုင်းတဲ့ Cyber War Fare တပ်ဖွဲ့ ရှိနေကြောင်း ယခင်က မင်္ဂလာဒုံ ၀ိုင်ယာလက်တွင် ရှိနေတဲ့ အမှတ် (၁) ဆက်သွယ်ရေး လုံခြုံမှုတပ် (Inter set) ကြားဖြတ်ဖမ်းသည့်တပ်ဖွဲ့အား နတ်မောက်သို့ ပြောင်းခဲ့ကြောင်း၊ ဆက်သွယ်ရေး ကွန်ယက် သဖွယ် ဧရာဝတီမြစ် အနောက်ဖက်ကမ်း (ကပစ) စက်ရုံများနဲ့ ပိုက်ဆံထုတ်သော ၀ါဇီ စက်ရုံများကိုပါ အရပ်သား ဆက်သွယ်ရေးလိုင်း မသုံးတော့ဘဲ သီးသန့် Fiber Optic Cable စနစ်နဲ့ ထိန်းချုပ် ထားကြောင်း သတင်း ရရှိပါတယ်။

No comments: