.

.

.

January 20, 2011

နိုဝင်ဘာလ ၁၉ ရက်နေ့ နောက်ဆုံးရ လေတပ်မှ အထူးသတင်း

စာဖတ်ပရိသတ်များ ခင်ဗျား-

တပ်မတော် (လေ) အရာရှိ ဗိုလ်မျိုးသူရက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ နောက်ဆုံးရ တပ်မတော် (လေ) ရဲ့အထူး သတင်းများ အဖြစ် ထပ်မံ ပေးပို့ လာပြန် ပါတယ်။ စာဖတ်ပရိသတ်များ သိရှိလေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပြီး ကျွန်တော် ကိုဖိုးတရုတ်က ပေးပို့လာတဲ့တပ်မတော် (လေ) အရာရှိ ဗိုလ်မျိုးသူရအား အထူး ကျေးဇူးတင် ရှိပါကြောင်းနဲ့ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှ ဂုဏ်ပြုမှတ်တမ်း တင်ဆက်ပေးလိုက် ရပါတယ်။

၁။ မနေ့က ၁၈-၁၁-၂၀၀၉ ရက်နေ့ မိတ္ထီလာ လေကြောင်း အတတ်သင် လေတပ်စခန်း (ရှမ်းတဲ) မှာ “အမှတ်စဉ် (၇၁) လေယာဉ်မောင်း သင်တန်း ကျောင်းဆင်း တောင်ပံ အပ်နှင်းပွဲ” အခမ်းအနားကို ၀၇း၃၀ နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း ခိုင်လုံစွာ သတင်း ရရှိခဲ့ပါတယ်။ အခမ်းအနားမှာ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် လေတပ်စခန်းအသီးသီးမှ လေတပ်စခန်းမှူးများ၊ ဌာနချုပ်မှူးများ တက်ရောက်ခဲ့ကြပြီး မနေ့ ည ၁၉း၃၀ ချိန်မှာပင် ညစာ စားပွဲ အခမ်းအနားပြုလုပ်သွားတယ်လို့ သိရှိရပါတယ်။

၂။ မနေ့က ၁၈-၁၁-၂၀၀၉ ရက်နေ့မှာ လေသူရဲ တောင်ပံ အပ်နှင်းခြင်းခံရသူများဟာ စစ်တက္ကသိုလ် အမှတ်စဉ် DSA- 51 Intake ဆင်း အရာရှိ ၇၆ ဦး ဖြစ်ကြပြီး အများစုမှာ UAV အုပ်သို့ နေရာချထားခြင်းခံရကြောင်း သိရပါတယ်။ ယခင် တင်ပြပါ သတင်းများအရ UAV လေယာဉ်များ တိုက်မိခြင်း၊ ပျက်ကျခြင်း အပါအ၀င် UAV လေယာဉ် ကောင်းမွန်မှု နည်းပါးလာခြင်းကြောင့် မြန်မာပြည်လုပ် Yellow Bird မောင်းသူမဲ့ လေယာဉ်များကို ထပ်မံ ဖြည့်တင်း စေပြီး ပြင်ဆင် လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။ အဲဒီလို လေ့ကျင့်ရာမှာ “အမေရိကန် လေတပ်ရဲ့  ၂၀၁၀ ပြည့်နှစ် အီရတ်နှင့် အာဖဂန် စစ်မြေပြင်တွေမှာ UAV အစီး ၅၀ အား တပြိုင်တည်း ပျံသန်းတာဝန်ထမ်းဆောင်နိုင်ရေး ရည်မှန်းချက်ဖြင့် MQ-1 Predator UAV များအားမောင်းနှင်ပျံသန်းနိုင်အောင် ထိန်းချုပ် နိုင်မဲ့ လေသူရဲများအား မွေးထုတ်ပြီး စမ်းသပ်လေ့ကျင့်မှု အစီအစဉ်ကို ၂၀၀၉ စက်တင်ဘာလ အတွင်းစတင် လေ့ကျင့်မှုပြုခဲ့ခြင်း” ... ဆိုတဲ့ 2009 Sep 28 ထုတ် The Christian Science Monitor ပါ သတင်းအရ နမူနာယူ လုပ်ဆောင် လေ့ကျင့်သွားကြမှာ ဖြစ်ပါတယ်။

၃။ ယနေ့ ၁၉-၁၁-၂၀၀၉ ရက်နေ့မှာ မိတ္ထီလာ (လကသ) ရှိ UAV Research Squadron ကို စစ်ဆေးခြင်း၊ ဌာနချုပ်မှူးများ၊ ဦးစီးအရာရှိများ၊ တပ်မှူးများနှင့် UAV+CH-601+Flight Simulator+ တပ်မတော်(လေ) Network တည်ဆောက်ခြင်း စတဲ့ လေတပ်၏ သုတေသနဆိုင်ရာလုပ်ငန်းများ၊ Mi-17 Overhaul အဆောက်အဦး တည်ဆောက်ခြင်း၊ F-7+A-5 လေယာဉ်များ အဆင့်မြှင့်တင်ခြင်း၊ လေယာဉ်ထုတ်လုပ်ရေး အနာဂတ် ကိစ္စများ ဆွေးနွေးခြင်း စတဲ့ လုပ်ငန်းများကို နိုင်ငံခြားသား ပညာရှင်များနှင့်ပါ ညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိခဲ့ပါတယ်။

No comments: