.

.

.

January 20, 2011

လေမုန်တိုင်း မိတော့မဲ့ လေတပ်


စစ်အာဏာရှင်တွေဟာ စစ်သည်များ အဆင့်တိုးမှုကို ၁၀-၁-၂၀၁၀ ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ၄ လပတ် အစည်းအဝေးမှာ ပြင်ဆင်ပြီး လတ်တလော လေတပ်မှ စစ်သည်များစွာအား အဆင့်တိုးမြှင့် ပေးလိုက်ပါတယ်။ ဒါဟာစစ်သည်များ အရေး ဦးစား ပေးပါတယ်ဆိုတဲ့ ပညာပြ လှည့်စားမှုတစ်ခုသာ ဖြစ်ကြောင်း လေတပ်အသိုင်းအ၀ိုင်းမှ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာ ပါတယ်။ လေတပ်အင်အား ဖြည့်တင်းဖို့ အသစ်ထပ်မံ ရောက်ရှိလာမယ့် MiG - 29 နဲ့ Mi - 35 လေယာဉ် ရဟတ်ယာဉ်အုပ် အသစ်များဆီ Posting ပို့ရာမှာ အသံမထွက်ကြအောင် ကြိုကန်ထားတဲ့ သဘော ဖြစ်တယ်လို့ လေတပ် အရာရှိများမှ သုံးသပ်ကြပါတယ်။

[IMG]/images/stories/web/lots%20of%20jet.jpg[/IMG]

ဒါ့အပြင် နေပြည်တော်မှာ လေတပ်စခန်း ဌာနချုပ် အသစ်တစ်ခုနဲ့ ရခိုင်ပြည်နယ်ဘက်မှာ "အမ်း လေတပ်စခန်းဌာနချုပ် အသစ်တစ်ခု" ဖွင့်လှစ်ရန်တို့ အတွက် ဖွဲ့စည်းပုံ တိုးချဲ့ဖို့ ပြင်ဆင် စိုင်းပြင်းနေပါတယ်။ ၂၃-၁-၂၀၁၀ ရက်နေ့က ဒုဗိုလ်မှူးကြီး ရာထူးတိုးရာမှာ DSA 34,35,36,37 နဲ့ OTS-88,94 တို့မှ လေသူရဲများနဲ့ အင်ဂျင်နီယာအရာရှိ ဗိုလ်မှူး (၉) ဦး ပါဝင်ပြီး သူတို့ဟာ ၁-၂-၂၀၁၀ မှ ၁၀-၂-၂၀၁၀ အထိ နေပြည်တော်မှာ ၂ ပတ်သင်တန်း တက်ရောက်နေကြပြီ ဖြစ်ပါတယ်။

ကျန်တဲ့ အရာရှိများထဲမှ သာမန်ဘွဲ့ရ အရာရှိများ (ယခင် ခွက်ပျောက်စစ်ဗိုလ် ဆောင်းပါးပါ အရာရှိများ)၊ လေကြောင်းလမ်းပြ အရာရှိများကတော့ ပြစ်မှု မရှိပါပဲလျက်နဲ့ အင်ဂျင်နီယာ မဟုတ်ဟု ဆိုကာ ဗိုလ်ကြီးအဆင့်မှာပင် ရှိနေဆဲ ဖြစ်ပါတယ်။ လေသူရဲများထဲမှလည်း မည်သို့မျှ မသိရပဲ အဆင့်တိုး မပါသူ များစွာ ကျန်ရှိနေသေးရာ ထွက်စာ တင်ထားသော အရာရှိများရဲ့ ထွက်စာကိုပင် လေတပ်စခန်းမှူးများမှ အပေါ်ကို ဆက်မတင်ရဲပဲ ကာကွယ်ရေး ဦးစီးချုပ် (လေ) အငြိုငြင် မခံရရေးကိုသာ သတိထား ဆောင်ရွက်နေ ကြရပါတယ်။

လောင်းကစားမှု၊ ခွင့်မဲ့ပျက်ကွက်မှု၊ လိမ်လည်မှု စသည်တို့ ကျူးလွန်သော အရာရှိများကိုတော့ သက်ဆိုင်ရာတပ်မှူး၊ စခန်းမှူးတို့မှ မထိန်းနိုင်ရကောင်းလား ဟု မာန်မဲကာ အရေးမယူပဲ ဆုံးမပါဟုသာ ကာကွယ်ရေးဦးစီးချုပ် (လေ) က ဆိုပြန်ရာ အရာရှိကြီးများနှင့် စည်းကမ်းထိန်းသိမ်းလိုသော ကျန်အရာရှိများ အတွက် နားလည်ရခက်နေပါတော့ တယ်။ လေတပ်အတွင်းမှာ မုန်တိုင်း တိုက်ခိုက်တော့မယ့် အနေအထားနဲ့ လေပြေလေညင်း အရင်လာလေသလားရယ်လို့ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုက်ဒ်ကို သတင်း ပေးပို့ လာပါတယ်ခင်ဗျား။

No comments: